အင်ဂျင်နီယာများ အုပ်ချုပ်သည့်နိုင်ငံနှင့် ဒဿန ပညာရှင်များ အုပ်ချုပ်သည့်နိုင်ငံ

989

သန်းထိုက်စိုး (NP News)
အင်ဂျင်နီယာနှင့်နိုင်ငံရေးသမား မည်သို့ ကွာခြားပါသနည်း။ နိုင်ငံတစ်နိုင်ငံတွင် အင်ဂျင်နီယာ များအုပ်ချုပ်သည်။ အခြားနိုင်ငံတစ်နိုင်ငံတွင် ကဗျာဆရာများကအုပ်ချုပ်သည်။ အဆိုပါအုပ်ချုပ်မှုနှစ်ရပ် ၏ရလဒ် မည်သို့ကွာခြားနိုင်ပါသနည်း။ အိန္ဒိယသည် လဲပြိုမကျနိုင်သောတံတားကိုပင် မတည်ဆောက် နိုင်သော်လည်း တရုတ်နိုင်ငံမှာမူ ကီလိုမီတာထောင်ပေါင်း များစွာ အရှိန်မြင့်သော ရထားလမ်းများ၊ အာကာသ စခန်းများနှင့် ဂြိုဟ်တုများကိုပင်တည်ဆောက်နေသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဓာတုအင် ဂျင်နီယာဘွဲ့ရရှိထားသူဖြစ်သည်။ ဝန်ကြီးချုပ် လီခေ့ ချန်သည် ပေကျင်းတက္ကသိုလ်တွင် ဥပဒေပညာကို သင်ယူခဲ့သည်။ သမ္မတဟောင်းများဖြစ်သည့် ကျန်စီ မင်းသည် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဟူကျင်တောင်မှာ ဟိုက်ဒရောလစ် အင်ဂျင်နီယာဘွဲ့ရ တစ်ဦးဖြစ်သည်။ တရုတ်နိုင်ငံ၏ခေါင်းဆောင်များမှာ သိပ္ပံ၊ နည်းပညာနှင့်စနစ်များကို အမှန်တကယ်နား လည်သောသူများဖြစ်နေကြသည်။
အိန္ဒိယနှင့်နှိုင်းယှဉ်ကြည့်ပါက ဝန်ကြီးချုပ် မိုဒီတွင် အသိအမှတ်ပြုလောက်သည့် ဘွဲ့ဒီဂရီရရှိ ထားသည်ကိုမတွေ့ရပါ။ နိုင်ငံရေးသိပ္ပံပညာနှင့်မဟာ ဘွဲ့ရထားသူလားဆိုသည်ကို အငြင်းပွားမှုများရှိနေ သည်။ ရာဟူးလ်ဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ အတိုက်အ ခံခေါင်းဆောင်များထဲမှတစ်ဦးဖြစ်ပြီး ဒဿနိကဖြင့် ဘွဲ့ရထားသူဖြစ်သည်။ အိန္ဒိယ၏ ပထမဆုံးဝန်ကြီး ချုပ် ဂျာဝါဟလာနေရူးသည် အစပိုင်းတွင် သဘာဝ သိပ္ပံပညာရပ်ဖြစ်သော်လည်း ၎င်း၏အာရုံမှာ လစ်ဘရယ်အနုပညာနှင့်နိုင်ငံရေးဖြစ်သည်။ ထူးခြားသည် ဟု ဆိုနိုင်ပါသည်။ နိုင်ငံတစ်ခုက နည်းပညာရှင်များကိုရွေးချယ်ခဲ့ပြီး အခြားနိုင်ငံများက ဒဿနပညာရှင် များ နှင့် တက်ကြွလှုပ်ရှားသူများကိုရွေးချယ်ခဲ့ကြသည်။ ယနေ့တွင် တရုတ်နိုင်ငံသည် အိန္ဒိယထက် ဆယ်စုနှစ်များစွာ ကျော်တက်သွားခဲ့ပြီဖြစ်သည်။
ခေါင်းဆောင်များသည် နည်းပညာဆိုင်ရာ ဘွဲ့များရရှိပါက မည်သို့သောစွမ်းဆောင်ရည်များရှိပါ သနည်း။ (၂၁)ရာစုတွင် နိုင်ငံတစ်နိုင်ငံကိုလည်ပတ် ခြင်းသည် ကမ္ဘာ့အရှုပ်ထွေးဆုံးစက်ကိုလည်ပတ်ခြင်း နှင့်တူသည်ဟု တင်စားချင်ပါသည်။ အခြေခံအ ဆောက်အအုံ၊ စွမ်းအင်စနစ်များ၊ ဉာဏ်ရည်တု၊ ကာ ကွယ်ရေးနည်းပညာများနှင့် နက်ရှိုင်းသော နည်းပညာဆိုင်ရာအသိပညာ လိုအပ်သော ထောက်ပံ့ရေး ကွင်းဆက် ကွန်ရက်များနှင့် ကိုင်တွယ်ဖြေရှင်းနေပါသည်။ အင်ဂျင်နီယာတစ်ဦးသည် စနစ်များကိုတွေး ခေါ်ရန်၊ ပြဿနာများကို ယုတ္တိနည်းကျကျဖြေရှင်းရန် နှင့် ကန့်သတ်ချက်များကိုနားလည်ရန် လေ့ကျင့်ထားသည်။
တရုတ်၏ Belt and Road Initiative ကို လေ့လာကြည့်နိုင်ပါသည်။ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်နှင့် အင်ဂျင်နီယာပညာကိုနားလည်သော ခေါင်းဆောင်များမရှိလျှင် ဖြစ်နိုင်ပါသလားဆိုသည့် မေးခွန်းမျိုး ထုတ်ကြည့်သင့်ပါသည်။ သမ္မတ ရှီကျင့်ဖျင် တက်လာပြီး အာရှနှင့် အာဖရိက တစ်ဝန်းလုံးမှာ ဆိပ်ကမ်းများနှင့် မီးရထားလမ်းများဆောက်ကြမည် ဟုပြောခဲ့သည်။ ၎င်း၏နောက်ခံသည် အလွန်ကြီး မားသောပရောဂျက်များ၏ နည်းပညာနှင့် စီးပွားရေးဖြစ်နိုင်ခြေကို ဆုပ်ကိုင်စေနိုင်ပါသည်။ ထို့ကြောင့် အိန္ဒိယ ကုမ္ပဏီများသည် ကော်မတီများတွင် အခြေအတင် ဆွေးနွေးပြီး အချိန်ကုန်နေကြသည်။
အိန္ဒိယကို တစ်ချက်ပြန်ကြည့်ပါက အနုပညာဘွဲ့များရရှိထားသော ခေါင်းဆောင်များသည် ဝေါ ဟာရ အသုံးအနှုန်းတွင်ထူးချွန်သော်လည်း လက်တွေ့ပြဿနာများကိုဖြေရှင်းသည့်အခါတွင် ၎င်းတို့ သည် သဲလွန်စပင် ရှာမတွေ့ဖြစ်နေကြသည်။ အိန္ဒိယ၏မဟာဓာတ်အားလိုင်းများမှာ ရှုပ်ပွနေပါသည်။ ရထားလမ်းများမှာ အန္တရာယ်များသည်။ ၎င်း၏ ဒီဂျစ်တယ် အခြေခံအဆောက်အအုံသည်ပင် လိမ်လည်မှု များနှင့် ထိရောက်မှုမရှိခြင်းတို့ဖြင့် ရင်ဆိုင်နေရသည်။ နိုင်ငံရေးသိပ္ပံဘွဲ့ရပြီး မိန့်ခွန်းများနှင့် ကြွေးကြော် သံများ ကောင်းနေခြင်းထက် ထိရောက်ကောင်းမွန်သည့် အုပ်ချုပ်မှုသာလိုအပ်ကြောင်း သက်သေပြနေပါ သည်။ သို့သော် နောက်ဆုံးတွင် အိန္ဒိယသည် သပွတ်အူကဲ့သို့ ရှုပ်ထွေးနေသည့် ဒီမိုကရေစီနိုင်ငံဖြစ်နေ သည်ဟု နားလည်ရသည်။ ကြွေကြော်သံသက်သက်ဖြင့် ရွေးကောက်ပွဲအနိုင်ရခြင်းသည် နိုင်ငံသားများ နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူမပြုသည် ကိုတွေ့လာရသည်။ သို့သော် နိုင်ငံရေး အထက်တန်းလွှာများသာ ရွေးကောက်ပွဲအနိုင်ရရေးကိုသာ အဓိက အာရုံစိုက်နေကြသည်။
ရှင်းလင်းသည့်ဥပမာတစ်ခုအဖြစ် အမြန်ရထားလမ်းကို ကြည့်နိုင်ပါသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်နှစ်ခုအတွင်း မြန်နှုန်းမြင့်ရထားလမ်း ကီ လိုမီတာ (၄၀ယဝဝဝ)ကျော်တည်ဆောက်ခဲ့သည်။ ရထားများသည် တစ်နာရီလျှင် ကီလိုမီတာ (၃၅၀) ဖြင့်သွားလာနိုင်သည်။ မြို့များစွာကြားတွင် ပြည်တွင်း လေကြောင်းခရီးစဉ်များမှာ သိပ်ပြီးထိရောက်မှုမရှိ တော့ပါ။ ဆိုလိုသည်မှာ လေပိုင်နက်အသုံးပြုမှုနည်း ပါးပြီး ဆူညံသံနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်း သွားခြင်းကိုဆိုလိုပါသည်။ ရထားဘူတာများ သည် အလွန်ကြီးမားပြီး ခေတ်မီသောကြောင့် ၎င်းတို့သည် လေဆိပ်များဖြစ်သည်ဟုထင်မြင်မိပါက လည်း နားလည်ပေးနိုင်ပါသည်။
အိန္ဒိယသည် နှစ်ပေါင်းများစွာကြာသည့်တိုင် မွမ်ဘိုင်းနှင့် အာမက်ဒါဘတ်ကြား မြန်နှုန်းမြင့် ရထားလိုင်းတစ်ခု အပြီးသတ်ဆောက်ရန်ပင် ရုန်းကန် နေရဆဲဖြစ်သည်။ အချိန်ကြန့်ကြာခြင်း၊ ကုန်ကျ စရိတ်များ ဖောင်းပွလာခြင်းနှင့် မြေရာသိမ်းဆည်းမှုများဖြင့် ဗျူရိုကရေစီယန္တရားတွင်နစ်မွန်းနေပါသည်။ မည်သည့် အတွက်ကြောင့် ထိုသို့ဖြစ်နေရသနည်း။ ဆုံးဖြတ်ချက်ချသူများသည် နည်းပညာကို နားမလည် သောကြောင့်ဖြစ်သည်။ စီမံကိန်း၊ တိကျမှုနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများလိုအပ်သည့်စနစ်များ အစား အခြေခံ အဆောက်အအုံများကို နိုင်ငံရေးဆုများအဖြစ်မြင်နေကြသည်။ ဝန်ကြီးချုပ်မိုဒီ မတိုင်ခင် က ဝန်ကြီးချုပ် မက်မိုဟန်ဆင်းမှာ စီးပွားရေးဘွဲ့တစ်ခုရခဲ့ပါသည်။ မကြာသေးမီကာလများအတွင်း အိန္ဒိ ယမှ မြင်တွေ့ရ သည့်စီးပွားရေးတိုးတက်မှုအားလုံးကို သူ့ကြောင့်ဟု မိုဒီက ယူဆကောင်းယူဆနိုင်ပါ သည်။ မိုဒီက ၎င်း၏ ရာထူးသက်တမ်းအတွင်း တိုးတက်မှုဟုဆိုနိုင်သည်။
နောက်တစ်ခုမှာ မကြာသေးမီအချိန်များအတွင်း တရုတ်နိုင်ငံမှထွက်လာသော နည်းပညာဘီ လူးကြီးများကိုကြည့်ပါ။ တရုတ်နိုင်ငံတွင် ဟွာဝေး၊ အလီဘာဘာ၊ DeepSeek ၊ Xiaomi ၊ TikTok တို့ ရှိနေပါသည်။ အိန္ဒိယတွင် မည်သည့်အရာရှိနေပါသနည်း။ တရုတ်နိုင်ငံတွင် ခေါင်းဆောင်များသည် Shenzhen ကဲ့သို့သောတံငါရွာများကို အနှစ် (၄၀) အတွင်း ကမ္ဘာ့နည်းပညာဆိုင်ရာအချက်အချာအဖြစ် ပြောင်းလဲခဲ့သည်။ ပုဂ္ဂလိကကဏ္ဍများမှာပင် လမ်း များ၊ ဆိပ်ကမ်းများ၊ ဓာတ်အားပေးစက်ရုံများ၊ အင် တာနက်ကျောရိုးများ ဆောက်ခဲ့ကြသည်။ သန်းပေါင်း များစွာသော ကျေးလက်ရွာသားများသည် မြို့သစ် များတွင် အလုပ်အကိုင်များတိုးပွားလာကာ စီးပွားရေးလုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ လုပ် ကိုင်ရင်း ပြောင်းရွှေ့လုပ်ကိုင်ကြသည်။ အိန္ဒိယကို ကြည့်လျှင် မွမ်ဘိုင်းနှင့်ဒေလီကဲ့သို့သောမြို့ကြီး များမှာ ယာဉ်ကြောပိတ်ဆို့မှု၊ ညစ်ညမ်းမှုနှင့် ဆင်းရဲသား ရပ်ကွက်များဖြင့်ပြည့်နေသည်။ ပညာရပ်ဆိုင် ရာ နိုင်ငံရေးသမားများသည် ဆယ်စုနှစ်များစွာကြာသည့်တိုင် မြို့ပြစီမံကိန်းများဖြစ်လာအောင် မစွမ်း ဆောင်နိုင်ခဲ့ပါ။
တရုတ်ခေါင်းဆောင်များသည် အင်ဂျင်နီယာ နောက်ခံမှဆင်းသက်လာရုံသာ မဟုတ်ပါ။ နှစ်စဉ် သန်းနှင့်ချီသောအင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင် များကို မွေးထုတ်ပေးလျက်ရှိသည်။ အခြားတစ်ဖက် တွင်မူ အိန္ဒိယနိုင်ငံရေးသမားများသည် ရှေးဒဏ္ဍာ ရီများကို ဂုဏ်တင်တတ်ကြသည်။ ရှေးခေတ်အိန္ဒိယ မှာ မျိုးရိုးဗီဇအင်ဂျင်နီယာရှိသည်ဟု ဝန်ကြီးချုပ် မိုဒီ ကပြောခဲ့ဖူးသည်။ အတိတ်ကို စွဲလမ်းနေသူများ သည် တိုင်းပြည်အနာဂတ်ကို မည်သို့လမ်းòန်နိုင်ပါမည် နည်း။ ယင်းမှာ ယဉ်ကျေးမှုနှင့်မဆိုင်ပါ။ အရည်အချင်းနှင့်သာဆိုင်ပါသည်။ အင်ဂျင်နီယာများကိုရွေးချယ်သောအခါတွင် တံတားများကို ရရှိမည် ဖြစ်သည်။ အခြေခံအဆောက်အအုံများရရှိမည်ဖြစ်သည်။ နည်း ပညာ၊ ဆော့ဖ်ဝဲလ်၊ ဟာ့ဒ်ဝဲနှင့် AI တို့ဖြင့် ဆန်းသစ် တီထွင်မှုရရှိမည်ဖြစ်သည်။ ကဗျာဆရာများနှင့် ဒဿန ပညာရှင်များကိုရွေးချယ်သည့်အခါ တံတားပြိုကျရသည့်အကြောင်းကိုပင် သိကြမည်မဟုတ်ပါ။
စစ်ရေးနည်းပညာကိုလည်း တစ်ချက်ကြည့်စေချင်ပါသည်။ တရုတ်နိုင်ငံသည် ကိုယ်ပျောက် တိုက်လေယာဉ်များ၊ အသံထက်မြန်သော ဒုံးကျည် များနှင့် လေယာဉ်တင်သင်္ဘောများကို အစမှအဆုံး တည်ဆောက်ခဲ့သည်။ အိန္ဒိယသည် ၎င်းတို့ကို တိုက်လေယာဉ်များနှင့်တင့်ကားများ ရောင်းချရန် ပြည်ပ နိုင်ငံများထံ တောင်းဆိုနေဆဲဖြစ်သည်။ ပြည်တွင်း၌ ရုပ်ဝတ္ထုများဖွံ့ဖြိုးတိုးတက်ရန်ကြိုးပမ်းသော အခါ ပရော ဂျက်နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေကြရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ခေါင်းဆောင်မှုပိုင်းတွင် နည်းပညာ ပိုင်းဆိုင်ရာထူးချွန်မှုကို ဦးစားမပေးခြင်းကြောင့်ဖြစ်သည်။ မိုဒီသည် အိန္ဒိယ၏ စစ်ဘက် ဆိုင်ရာ နည်းပညာပရိုဂရမ်များတွင် စနစ်ကျသောပြဿနာများကို ဖြေရှင်းခြင်းထက် တိုက်လေယာဉ် များတွင် ဓာတ်ပုံ ရိုက်ရန် အချိန်ပိုပေးသည်။ အိန္ဒိယသည် တရုတ်နည်းပညာရရှိထားသည့် ပါကစ္စတန် နှင့်ရင်ဆိုင်ရချိန်၌ ဂျက်လေယာဉ်အများအပြား စံချိန်တင်ဆုံးရှုံးခဲ့ရသည့် အခြေအနေတစ်ရပ်ကို မကြာ သေးမီက ကြုံတွေ့ခဲ့ရ သည်။
ခေါင်းဆောင်များအနေဖြင့် နည်းပညာဘွဲ့ များ မလိုအပ်ပါ ။ အကြံပေးများရှိသည်ဟု အချို့က စောဒကတက်ကောင်းတက်ပါလိမ့်မည်။ သို့သော် အကြံပြုချက်များကို နားမလည်ပါက မှန်ကန်သည့် ဆုံးဖြတ်ချက်များ မည်သို့ချမှတ်နိုင်ပါမည်နည်း။ ကိုယ်တိုင် ကားမောင်းတတ်သူနှင့် မမောင်းတတ်သူ ကွာခြားသလိုပင် ဖြစ်ပါသည်။ (၁၉၉၀) ပြည့်နှစ်တွင် အိန္ဒိယနှင့်တရုတ်တို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့် GDP အဆင့်တွင် တူညီခဲ့ကြသည်။ ယနေ့တွင် တရုတ်နိုင်ငံ၏စီးပွားရေးသည် ငါးဆကြီးမားသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်ပစ္စည်းများ၏ သုံးပုံတစ်ပုံ ကျော်ကိုထုတ်လုပ်နေသော်လည်း အိန္ဒိယမှာ မီးလင်း ရန်ပင်ရုန်းကန်နေရဆဲဖြစ်သည်။ တရုတ်က နည်း ပညာတွင်လည်းထူးချွန်သည်။ Alibaba ၊ Tencent ၊ Huawei ကိုပဲကြည့်လိုက်ပါ။ အိန္ဒိယနှင့် လားလား မျှမဆိုင်ပါ။ တရုတ်က မိုးမျှော်တိုက်များ နှင့် အာကာသ စခန်းများတည်ဆောက်နေသည်။ အိန္ဒိယက နိုင်ငံရေး သမားများ၏ရုပ်တုများ တည် ဆောက်သည်။
ယင်းမှာ နိုင်ငံနှစ်ခု၏ ဇာတ်လမ်းမဟုတ်၊ အတွေးအမြင်နှစ်ခု၏ဇာတ်လမ်းဖြစ်သည်။ တစ်နိုင်ငံ က သိပ္ပံ၊ အင်ဂျင်နီယာနှင့် ကျိုးကြောင်းဆီလျော်မှုကို လက်ခံသည်။ နောက်တစ်နိုင်ငံက ပုံပြင်ဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန်နှင့် စိတ်ကူးယဉ်ဆန်သည့်အတွေးအမြင်များထဲတွင် နစ်မွန်းနေဆဲဖြစ်သည်။ အိန္ဒိယက သူရွေးချယ်သည့်ခေါင်းဆောင်အမျိုးအစားကိုမ ပြောင်းမချင်း ဒဿနပညာရှင်များထက် အင်ဂျင်နီယာ များကိုတန်ဖိုးထားသည့်တရုတ်ကို အမီလိုက်ရန် မမျှော်လင့်နိုင်သေးဟုဆိုရမည်ဖြစ်သည်။ လက်ရှိ ကမ္ဘာ သည် စကားလုံးလှလှသုံးပြီး နိုင်ငံတည်ဆောက် ရေးမိန့်ခွန်းများပြောနေရမည့်အချိန်မဟုတ်ဘဲ သိပ္ပံ ပညာ၊ သံမဏိနှင့်စနစ်များဖြင့် လက်တွေ့ကျကျ တည်ဆောက်ရမည့်အချိန် ဖြစ်သည်။

Zawgyi Version:
အင္ဂ်င္နီယာမ်ား အုပ္ခ်ဳပ္သည့္ႏိုင္ငံႏွင့္ ဒႆန ပညာရွင္မ်ား အုပ္ခ်ဳပ္သည့္ႏိုင္ငံ
သန္းထိုက္စိုး (NP News)
အင္ဂ်င္နီယာႏွင့္ႏိုင္ငံေရးသမား မည္သို႔ ကြာျခားပါသနည္း။ ႏိုင္ငံတစ္ႏိုင္ငံတြင္ အင္ဂ်င္နီယာ မ်ားအုပ္ခ်ဳပ္သည္။ အျခားႏိုင္ငံတစ္ႏိုင္ငံတြင္ ကဗ်ာဆရာမ်ားကအုပ္ခ်ဳပ္သည္။ အဆိုပါအုပ္ခ်ဳပ္မႈႏွစ္ရပ္ ၏ရလဒ္ မည္သို႔ကြာျခားႏိုင္ပါသနည္း။ အိႏၵိယသည္ လဲၿပိဳမက်ႏိုင္ေသာတံတားကိုပင္ မတည္ေဆာက္ ႏိုင္ေသာ္လည္း တ႐ုတ္ႏိုင္ငံမွာမူ ကီလိုမီတာေထာင္ေပါင္း မ်ားစြာ အရွိန္ျမင့္ေသာ ရထားလမ္းမ်ား၊ အာကာသ စခန္းမ်ားႏွင့္ ၿဂိဳဟ္တုမ်ားကိုပင္တည္ေဆာက္ေနသည္။
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္သည္ ဓာတုအင္ ဂ်င္နီယာဘြဲ႕ရရွိထားသူျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ လီေခ့ ခ်န္သည္ ေပက်င္းတကၠသိုလ္တြင္ ဥပေဒပညာကို သင္ယူခဲ့သည္။ သမၼတေဟာင္းမ်ားျဖစ္သည့္ က်န္စီ မင္းသည္ လွ်ပ္စစ္အင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး ဟူက်င္ေတာင္မွာ ဟိုက္ဒေရာလစ္ အင္ဂ်င္နီယာဘြဲ႕ရ တစ္ဦးျဖစ္သည္။ တ႐ုတ္ႏိုင္ငံ၏ေခါင္းေဆာင္မ်ားမွာ သိပၸံ၊ နည္းပညာႏွင့္စနစ္မ်ားကို အမွန္တကယ္နား လည္ေသာသူမ်ားျဖစ္ေနၾကသည္။
အိႏၵိယႏွင့္ႏႈိင္းယွဥ္ၾကည့္ပါက ဝန္ႀကီးခ်ဳပ္ မိုဒီတြင္ အသိအမွတ္ျပဳေလာက္သည့္ ဘြဲ႕ဒီဂရီရရွိ ထားသည္ကိုမေတြ႕ရပါ။ ႏိုင္ငံေရးသိပၸံပညာႏွင့္မဟာ ဘြဲ႕ရထားသူလားဆိုသည္ကို အျငင္းပြားမႈမ်ားရွိေန သည္။ ရာဟူးလ္ဂႏၵီသည္ အိႏၵိယႏိုင္ငံ၏ အတိုက္အ ခံေခါင္းေဆာင္မ်ားထဲမွတစ္ဦးျဖစ္ၿပီး ဒႆနိကျဖင့္ ဘြဲ႕ရထားသူျဖစ္သည္။ အိႏၵိယ၏ ပထမဆုံးဝန္ႀကီး ခ်ဳပ္ ဂ်ာဝါဟလာေန႐ူးသည္ အစပိုင္းတြင္ သဘာဝ သိပၸံပညာရပ္ျဖစ္ေသာ္လည္း ၎၏အာ႐ုံမွာ လစ္ဘရယ္အႏုပညာႏွင့္ႏိုင္ငံေရးျဖစ္သည္။ ထူးျခားသည္ ဟု ဆိုႏိုင္ပါသည္။ ႏိုင္ငံတစ္ခုက နည္းပညာရွင္မ်ားကိုေ႐ြးခ်ယ္ခဲ့ၿပီး အျခားႏိုင္ငံမ်ားက ဒႆနပညာရွင္ မ်ား ႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားကိုေ႐ြးခ်ယ္ခဲ့ၾကသည္။ ယေန႔တြင္ တ႐ုတ္ႏိုင္ငံသည္ အိႏၵိယထက္ ဆယ္စုႏွစ္မ်ားစြာ ေက်ာ္တက္သြားခဲ့ၿပီျဖစ္သည္။
ေခါင္းေဆာင္မ်ားသည္ နည္းပညာဆိုင္ရာ ဘြဲ႕မ်ားရရွိပါက မည္သို႔ေသာစြမ္းေဆာင္ရည္မ်ားရွိပါ သနည္း။ (၂၁)ရာစုတြင္ ႏိုင္ငံတစ္ႏိုင္ငံကိုလည္ပတ္ ျခင္းသည္ ကမာၻ႔အရႈပ္ေထြးဆုံးစက္ကိုလည္ပတ္ျခင္း ႏွင့္တူသည္ဟု တင္စားခ်င္ပါသည္။ အေျခခံအ ေဆာက္အအုံ၊ စြမ္းအင္စနစ္မ်ား၊ ဉာဏ္ရည္တု၊ ကာ ကြယ္ေရးနည္းပညာမ်ားႏွင့္ နက္ရႈိင္းေသာ နည္းပညာဆိုင္ရာအသိပညာ လိုအပ္ေသာ ေထာက္ပံ့ေရး ကြင္းဆက္ ကြန္ရက္မ်ားႏွင့္ ကိုင္တြယ္ေျဖရွင္းေနပါသည္။ အင္ဂ်င္နီယာတစ္ဦးသည္ စနစ္မ်ားကိုေတြး ေခၚရန္၊ ျပႆနာမ်ားကို ယုတၱိနည္းက်က်ေျဖရွင္းရန္ ႏွင့္ ကန႔္သတ္ခ်က္မ်ားကိုနားလည္ရန္ ေလ့က်င့္ထားသည္။
တ႐ုတ္၏ Belt and Road Initiative ကို ေလ့လာၾကည့္ႏိုင္ပါသည္။ ေထာက္ပံ့ပို႔ေဆာင္ေရး ကြင္းဆက္ႏွင့္ အင္ဂ်င္နီယာပညာကိုနားလည္ေသာ ေခါင္းေဆာင္မ်ားမရွိလွ်င္ ျဖစ္ႏိုင္ပါသလားဆိုသည့္ ေမးခြန္းမ်ိဳး ထုတ္ၾကည့္သင့္ပါသည္။ သမၼတ ရွီက်င့္ဖ်င္ တက္လာၿပီး အာရွႏွင့္ အာဖရိက တစ္ဝန္းလုံးမွာ ဆိပ္ကမ္းမ်ားႏွင့္ မီးရထားလမ္းမ်ားေဆာက္ၾကမည္ ဟုေျပာခဲ့သည္။ ၎၏ေနာက္ခံသည္ အလြန္ႀကီး မားေသာပေရာဂ်က္မ်ား၏ နည္းပညာႏွင့္ စီးပြားေရးျဖစ္ႏိုင္ေျခကို ဆုပ္ကိုင္ေစႏိုင္ပါသည္။ ထို႔ေၾကာင့္ အိႏၵိယ ကုမၸဏီမ်ားသည္ ေကာ္မတီမ်ားတြင္ အေျခအတင္ ေဆြးေႏြးၿပီး အခ်ိန္ကုန္ေနၾကသည္။
အိႏၵိယကို တစ္ခ်က္ျပန္ၾကည့္ပါက အႏုပညာဘြဲ႕မ်ားရရွိထားေသာ ေခါင္းေဆာင္မ်ားသည္ ေဝါ ဟာရ အသုံးအႏႈန္းတြင္ထူးခြၽန္ေသာ္လည္း လက္ေတြ႕ျပႆနာမ်ားကိုေျဖရွင္းသည့္အခါတြင္ ၎တို႔ သည္ သဲလြန္စပင္ ရွာမေတြ႕ျဖစ္ေနၾကသည္။ အိႏၵိယ၏မဟာဓာတ္အားလိုင္းမ်ားမွာ ရႈပ္ပြေနပါသည္။ ရထားလမ္းမ်ားမွာ အႏၲရာယ္မ်ားသည္။ ၎၏ ဒီဂ်စ္တယ္ အေျခခံအေဆာက္အအုံသည္ပင္ လိမ္လည္မႈ မ်ားႏွင့္ ထိေရာက္မႈမရွိျခင္းတို႔ျဖင့္ ရင္ဆိုင္ေနရသည္။ ႏိုင္ငံေရးသိပၸံဘြဲ႕ရၿပီး မိန႔္ခြန္းမ်ားႏွင့္ ေႂကြးေၾကာ္ သံမ်ား ေကာင္းေနျခင္းထက္ ထိေရာက္ေကာင္းမြန္သည့္ အုပ္ခ်ဳပ္မႈသာလိုအပ္ေၾကာင္း သက္ေသျပေနပါ သည္။ သို႔ေသာ္ ေနာက္ဆုံးတြင္ အိႏၵိယသည္ သပြတ္အူကဲ့သို႔ ရႈပ္ေထြးေနသည့္ ဒီမိုကေရစီႏိုင္ငံျဖစ္ေန သည္ဟု နားလည္ရသည္။ ေႂကြေၾကာ္သံသက္သက္ျဖင့္ ေ႐ြးေကာက္ပြဲအႏိုင္ရျခင္းသည္ ႏိုင္ငံသားမ်ား ႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူမျပဳသည္ ကိုေတြ႕လာရသည္။ သို႔ေသာ္ ႏိုင္ငံေရး အထက္တန္းလႊာမ်ားသာ ေ႐ြးေကာက္ပြဲအႏိုင္ရေရးကိုသာ အဓိက အာ႐ုံစိုက္ေနၾကသည္။
ရွင္းလင္းသည့္ဥပမာတစ္ခုအျဖစ္ အျမန္ရထားလမ္းကို ၾကည့္ႏိုင္ပါသည္။ တ႐ုတ္ႏိုင္ငံသည္ ဆယ္စုႏွစ္ႏွစ္ခုအတြင္း ျမန္ႏႈန္းျမင့္ရထားလမ္း ကီ လိုမီတာ (၄၀ယဝဝဝ)ေက်ာ္တည္ေဆာက္ခဲ့သည္။ ရထားမ်ားသည္ တစ္နာရီလွ်င္ ကီလိုမီတာ (၃၅၀) ျဖင့္သြားလာႏိုင္သည္။ ၿမိဳ႕မ်ားစြာၾကားတြင္ ျပည္တြင္း ေလေၾကာင္းခရီးစဥ္မ်ားမွာ သိပ္ၿပီးထိေရာက္မႈမရွိ ေတာ့ပါ။ ဆိုလိုသည္မွာ ေလပိုင္နက္အသုံးျပဳမႈနည္း ပါးၿပီး ဆူညံသံႏွင့္ ပတ္ဝန္းက်င္ညစ္ညမ္းမႈေလ်ာ့နည္း သြားျခင္းကိုဆိုလိုပါသည္။ ရထားဘူတာမ်ား သည္ အလြန္ႀကီးမားၿပီး ေခတ္မီေသာေၾကာင့္ ၎တို႔သည္ ေလဆိပ္မ်ားျဖစ္သည္ဟုထင္ျမင္မိပါက လည္း နားလည္ေပးႏိုင္ပါသည္။
အိႏၵိယသည္ ႏွစ္ေပါင္းမ်ားစြာၾကာသည့္တိုင္ မြမ္ဘိုင္းႏွင့္ အာမက္ဒါဘတ္ၾကား ျမန္ႏႈန္းျမင့္ ရထားလိုင္းတစ္ခု အၿပီးသတ္ေဆာက္ရန္ပင္ ႐ုန္းကန္ ေနရဆဲျဖစ္သည္။ အခ်ိန္ၾကန႔္ၾကာျခင္း၊ ကုန္က် စရိတ္မ်ား ေဖာင္းပြလာျခင္းႏွင့္ ေျမရာသိမ္းဆည္းမႈမ်ားျဖင့္ ဗ်ဴ႐ိုကေရစီယႏၲရားတြင္နစ္မြန္းေနပါသည္။ မည္သည့္ အတြက္ေၾကာင့္ ထိုသို႔ျဖစ္ေနရသနည္း။ ဆုံးျဖတ္ခ်က္ခ်သူမ်ားသည္ နည္းပညာကို နားမလည္ ေသာေၾကာင့္ျဖစ္သည္။ စီမံကိန္း၊ တိက်မႈႏွင့္ နည္းပညာဆိုင္ရာ ကြၽမ္းက်င္မႈမ်ားလိုအပ္သည့္စနစ္မ်ား အစား အေျခခံ အေဆာက္အအုံမ်ားကို ႏိုင္ငံေရးဆုမ်ားအျဖစ္ျမင္ေနၾကသည္။ ဝန္ႀကီးခ်ဳပ္မိုဒီ မတိုင္ခင္ က ဝန္ႀကီးခ်ဳပ္ မက္မိုဟန္ဆင္းမွာ စီးပြားေရးဘြဲ႕တစ္ခုရခဲ့ပါသည္။ မၾကာေသးမီကာလမ်ားအတြင္း အိႏၵိ ယမွ ျမင္ေတြ႕ရ သည့္စီးပြားေရးတိုးတက္မႈအားလုံးကို သူ႔ေၾကာင့္ဟု မိုဒီက ယူဆေကာင္းယူဆႏိုင္ပါ သည္။ မိုဒီက ၎၏ ရာထူးသက္တမ္းအတြင္း တိုးတက္မႈဟုဆိုႏိုင္သည္။
ေနာက္တစ္ခုမွာ မၾကာေသးမီအခ်ိန္မ်ားအတြင္း တ႐ုတ္ႏိုင္ငံမွထြက္လာေသာ နည္းပညာဘီ လူးႀကီးမ်ားကိုၾကည့္ပါ။ တ႐ုတ္ႏိုင္ငံတြင္ ဟြာေဝး၊ အလီဘာဘာ၊ DeepSeek ၊ Xiaomi ၊ TikTok တို႔ ရွိေနပါသည္။ အိႏၵိယတြင္ မည္သည့္အရာရွိေနပါသနည္း။ တ႐ုတ္ႏိုင္ငံတြင္ ေခါင္းေဆာင္မ်ားသည္ Shenzhen ကဲ့သို႔ေသာတံငါ႐ြာမ်ားကို အႏွစ္ (၄၀) အတြင္း ကမာၻ႔နည္းပညာဆိုင္ရာအခ်က္အခ်ာအျဖစ္ ေျပာင္းလဲခဲ့သည္။ ပုဂၢလိကက႑မ်ားမွာပင္ လမ္း မ်ား၊ ဆိပ္ကမ္းမ်ား၊ ဓာတ္အားေပးစက္႐ုံမ်ား၊ အင္ တာနက္ေက်ာ႐ိုးမ်ား ေဆာက္ခဲ့ၾကသည္။ သန္းေပါင္း မ်ားစြာေသာ ေက်းလက္႐ြာသားမ်ားသည္ ၿမိဳ႕သစ္ မ်ားတြင္ အလုပ္အကိုင္မ်ားတိုးပြားလာကာ စီးပြားေရးလုပ္ငန္းမ်ား၊ ကူးသန္းေရာင္းဝယ္ေရးလုပ္ငန္းမ်ား လုပ္ ကိုင္ရင္း ေျပာင္းေ႐ႊ႕လုပ္ကိုင္ၾကသည္။ အိႏၵိယကို ၾကည့္လွ်င္ မြမ္ဘိုင္းႏွင့္ေဒလီကဲ့သို႔ေသာၿမိဳ႕ႀကီး မ်ားမွာ ယာဥ္ေၾကာပိတ္ဆို႔မႈ၊ ညစ္ညမ္းမႈႏွင့္ ဆင္းရဲသား ရပ္ကြက္မ်ားျဖင့္ျပည့္ေနသည္။ ပညာရပ္ဆိုင္ ရာ ႏိုင္ငံေရးသမားမ်ားသည္ ဆယ္စုႏွစ္မ်ားစြာၾကာသည့္တိုင္ ၿမိဳ႕ျပစီမံကိန္းမ်ားျဖစ္လာေအာင္ မစြမ္း ေဆာင္ႏိုင္ခဲ့ပါ။
တ႐ုတ္ေခါင္းေဆာင္မ်ားသည္ အင္ဂ်င္နီယာ ေနာက္ခံမွဆင္းသက္လာ႐ုံသာ မဟုတ္ပါ။ ႏွစ္စဥ္ သန္းႏွင့္ခ်ီေသာအင္ဂ်င္နီယာမ်ားႏွင့္ သိပၸံပညာရွင္ မ်ားကို ေမြးထုတ္ေပးလ်က္ရွိသည္။ အျခားတစ္ဖက္ တြင္မူ အိႏၵိယႏိုင္ငံေရးသမားမ်ားသည္ ေရွးဒ႑ာ ရီမ်ားကို ဂုဏ္တင္တတ္ၾကသည္။ ေရွးေခတ္အိႏၵိယ မွာ မ်ိဳး႐ိုးဗီဇအင္ဂ်င္နီယာရွိသည္ဟု ဝန္ႀကီးခ်ဳပ္ မိုဒီ ကေျပာခဲ့ဖူးသည္။ အတိတ္ကို စြဲလမ္းေနသူမ်ား သည္ တိုင္းျပည္အနာဂတ္ကို မည္သို႔လမ္းòန္ႏိုင္ပါမည္ နည္း။ ယင္းမွာ ယဥ္ေက်းမႈႏွင့္မဆိုင္ပါ။ အရည္အခ်င္းႏွင့္သာဆိုင္ပါသည္။ အင္ဂ်င္နီယာမ်ားကိုေ႐ြးခ်ယ္ေသာအခါတြင္ တံတားမ်ားကို ရရွိမည္ ျဖစ္သည္။ အေျခခံအေဆာက္အအုံမ်ားရရွိမည္ျဖစ္သည္။ နည္း ပညာ၊ ေဆာ့ဖ္ဝဲလ္၊ ဟာ့ဒ္ဝဲႏွင့္ AI တို႔ျဖင့္ ဆန္းသစ္ တီထြင္မႈရရွိမည္ျဖစ္သည္။ ကဗ်ာဆရာမ်ားႏွင့္ ဒႆန ပညာရွင္မ်ားကိုေ႐ြးခ်ယ္သည့္အခါ တံတားၿပိဳက်ရသည့္အေၾကာင္းကိုပင္ သိၾကမည္မဟုတ္ပါ။
စစ္ေရးနည္းပညာကိုလည္း တစ္ခ်က္ၾကည့္ေစခ်င္ပါသည္။ တ႐ုတ္ႏိုင္ငံသည္ ကိုယ္ေပ်ာက္ တိုက္ေလယာဥ္မ်ား၊ အသံထက္ျမန္ေသာ ဒုံးက်ည္ မ်ားႏွင့္ ေလယာဥ္တင္သေဘၤာမ်ားကို အစမွအဆုံး တည္ေဆာက္ခဲ့သည္။ အိႏၵိယသည္ ၎တို႔ကို တိုက္ေလယာဥ္မ်ားႏွင့္တင့္ကားမ်ား ေရာင္းခ်ရန္ ျပည္ပ ႏိုင္ငံမ်ားထံ ေတာင္းဆိုေနဆဲျဖစ္သည္။ ျပည္တြင္း၌ ႐ုပ္ဝတၳဳမ်ားဖြံ႕ၿဖိဳးတိုးတက္ရန္ႀကိဳးပမ္းေသာ အခါ ပေရာ ဂ်က္ေႏွာင့္ေႏွးမႈမ်ားႏွင့္ ရင္ဆိုင္ေနၾကရသည္။ ယင္းသို႔ျဖစ္ရျခင္းမွာ ေခါင္းေဆာင္မႈပိုင္းတြင္ နည္းပညာ ပိုင္းဆိုင္ရာထူးခြၽန္မႈကို ဦးစားမေပးျခင္းေၾကာင့္ျဖစ္သည္။ မိုဒီသည္ အိႏၵိယ၏ စစ္ဘက္ ဆိုင္ရာ နည္းပညာပ႐ိုဂရမ္မ်ားတြင္ စနစ္က်ေသာျပႆနာမ်ားကို ေျဖရွင္းျခင္းထက္ တိုက္ေလယာဥ္ မ်ားတြင္ ဓာတ္ပုံ ႐ိုက္ရန္ အခ်ိန္ပိုေပးသည္။ အိႏၵိယသည္ တ႐ုတ္နည္းပညာရရွိထားသည့္ ပါကစၥတန္ ႏွင့္ရင္ဆိုင္ရခ်ိန္၌ ဂ်က္ေလယာဥ္အမ်ားအျပား စံခ်ိန္တင္ဆုံးရႈံးခဲ့ရသည့္ အေျခအေနတစ္ရပ္ကို မၾကာ ေသးမီက ႀကဳံေတြ႕ခဲ့ရ သည္။
ေခါင္းေဆာင္မ်ားအေနျဖင့္ နည္းပညာဘြဲ႕ မ်ား မလိုအပ္ပါ ။ အႀကံေပးမ်ားရွိသည္ဟု အခ်ိဳ႕က ေစာဒကတက္ေကာင္းတက္ပါလိမ့္မည္။ သို႔ေသာ္ အႀကံျပဳခ်က္မ်ားကို နားမလည္ပါက မွန္ကန္သည့္ ဆုံးျဖတ္ခ်က္မ်ား မည္သို႔ခ်မွတ္ႏိုင္ပါမည္နည္း။ ကိုယ္တိုင္ ကားေမာင္းတတ္သူႏွင့္ မေမာင္းတတ္သူ ကြာျခားသလိုပင္ ျဖစ္ပါသည္။ (၁၉၉၀) ျပည့္ႏွစ္တြင္ အိႏၵိယႏွင့္တ႐ုတ္တို႔သည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ မႈႏွင့္ GDP အဆင့္တြင္ တူညီခဲ့ၾကသည္။ ယေန႔တြင္ တ႐ုတ္ႏိုင္ငံ၏စီးပြားေရးသည္ ငါးဆႀကီးမားသည္။ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔ကုန္ပစၥည္းမ်ား၏ သုံးပုံတစ္ပုံ ေက်ာ္ကိုထုတ္လုပ္ေနေသာ္လည္း အိႏၵိယမွာ မီးလင္း ရန္ပင္႐ုန္းကန္ေနရဆဲျဖစ္သည္။ တ႐ုတ္က နည္း ပညာတြင္လည္းထူးခြၽန္သည္။ Alibaba ၊ Tencent ၊ Huawei ကိုပဲၾကည့္လိုက္ပါ။ အိႏၵိယႏွင့္ လားလား မွ်မဆိုင္ပါ။ တ႐ုတ္က မိုးေမွ်ာ္တိုက္မ်ား ႏွင့္ အာကာသ စခန္းမ်ားတည္ေဆာက္ေနသည္။ အိႏၵိယက ႏိုင္ငံေရး သမားမ်ား၏႐ုပ္တုမ်ား တည္ ေဆာက္သည္။
ယင္းမွာ ႏိုင္ငံႏွစ္ခု၏ ဇာတ္လမ္းမဟုတ္၊ အေတြးအျမင္ႏွစ္ခု၏ဇာတ္လမ္းျဖစ္သည္။ တစ္ႏိုင္ငံ က သိပၸံ၊ အင္ဂ်င္နီယာႏွင့္ က်ိဳးေၾကာင္းဆီေလ်ာ္မႈကို လက္ခံသည္။ ေနာက္တစ္ႏိုင္ငံက ပုံျပင္ဆန္ဆန္၊ ဒ႑ာရီဆန္ဆန္ႏွင့္ စိတ္ကူးယဥ္ဆန္သည့္အေတြးအျမင္မ်ားထဲတြင္ နစ္မြန္းေနဆဲျဖစ္သည္။ အိႏၵိယက သူေ႐ြးခ်ယ္သည့္ေခါင္းေဆာင္အမ်ိဳးအစားကိုမ ေျပာင္းမခ်င္း ဒႆနပညာရွင္မ်ားထက္ အင္ဂ်င္နီယာ မ်ားကိုတန္ဖိုးထားသည့္တ႐ုတ္ကို အမီလိုက္ရန္ မေမွ်ာ္လင့္ႏိုင္ေသးဟုဆိုရမည္ျဖစ္သည္။ လက္ရွိ ကမာၻ သည္ စကားလုံးလွလွသုံးၿပီး ႏိုင္ငံတည္ေဆာက္ ေရးမိန႔္ခြန္းမ်ားေျပာေနရမည့္အခ်ိန္မဟုတ္ဘဲ သိပၸံ ပညာ၊ သံမဏိႏွင့္စနစ္မ်ားျဖင့္ လက္ေတြ႕က်က် တည္ေဆာက္ရမည့္အခ်ိန္ ျဖစ္သည္။