လာမည့်သီတင်းပတ်အတွင်း ရုရှားသမ္မတပူတင်နှင့် လူချင်းတွေ့ဆုံရန် ဒေါ်နယ်ထရမ့် စီစဉ်နေ

 102

Pika (NP News) - သြဂုတ် ၈

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ရုရှားသမ္မတပူတင်နှင့်လူချင်းတွေ့ဆုံ ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတဇီလန်စကီး၊ ရုရှားသမ္မတပူတင်တို့နှင့်တွေ့ဆုံရန် စီစဉ်နေကြောင်း New York Times က ထပ်မံရေးသားဖော်ပြခဲ့သည်။
ပူတင်၊ ဇီလန်စကီးတို့နှင့်တွေ့ဆုံရန် ဒေါ်နယ်ထရမ့်က လမ်းဖွင့်ထားကြောင်း အမေရိကန်အစိုးရက ထုတ်ပြန် ပြောကြားခဲ့ပြီးနောက် အဆိုပါသတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံလိုတဲ့ဆန္ဒတွေကို ရုရှားအစိုးရက ထုတ်ပြန်ပြသခဲ့ပါတယ်။ ပူတင်၊ ဇီလန်စကီး တို့နဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က လမ်းဖွင့်ထားပါတယ်” ဟု ပြောခဲ့သည်။
ရုရှားနိုင်ငံတွင် ပူတင် နှင့် အမေရိကန်သံတမန်စတိဗ်ဝစ်အော့ဖ်တို့ရဲ့တွေ့ဆုံမှုအပြီးတွင် ၎င်းသည် ဥရောပခေါင်းဆောင်များ နှင့် စကားပြောဆိုခဲ့ကြောင်း ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောခဲ့သည်။ ဒေါ်နယ်ထရမ့် က “ရုရှား-ယူကရိန်းစစ်ပွဲကြီးဟာ ပြီးဆုံးဖို့နီးကပ်လာပြီလို့ လူတိုင်းကသဘောတူကြပါတယ်။ လာမယ့်သီတင်းပတ် တွေအတွင်း ဒီစစ်ပွဲကြီးကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့လက်တွဲလုပ်ဆောင်သွားမှာပါ” ဟု ပြောခဲ့သည်။

Zawgyi Version:
လာမည့္သီတင္းပတ္အတြင္း ႐ုရွားသမၼတပူတင္ႏွင့္ လူခ်င္းေတြ႕ဆုံရန္ ေဒၚနယ္ထရမ့္ စီစဥ္ေန
Pika (NP News) - ၾသဂုတ္ ၈
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ လာမည့္သီတင္းပတ္အေစာပိုင္းတြင္ ႐ုရွားသမၼတပူတင္ႏွင့္လူခ်င္းေတြ႕ဆုံ ရန္ စီစဥ္ေနေၾကာင္း သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး New York Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။ ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ယူကရိန္းသမၼတဇီလန္စကီး၊ ႐ုရွားသမၼတပူတင္တို႔ႏွင့္ေတြ႕ဆုံရန္ စီစဥ္ေနေၾကာင္း New York Times က ထပ္မံေရးသားေဖာ္ျပခဲ့သည္။
ပူတင္၊ ဇီလန္စကီးတို႔ႏွင့္ေတြ႕ဆုံရန္ ေဒၚနယ္ထရမ့္က လမ္းဖြင့္ထားေၾကာင္း အေမရိကန္အစိုးရက ထုတ္ျပန္ ေျပာၾကားခဲ့ၿပီးေနာက္ အဆိုပါသတင္းမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ အေမရိကန္အစိုးရေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက “ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံလိုတဲ့ဆႏၵေတြကို ႐ုရွားအစိုးရက ထုတ္ျပန္ျပသခဲ့ပါတယ္။ ပူတင္၊ ဇီလန္စကီး တို႔နဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္က လမ္းဖြင့္ထားပါတယ္” ဟု ေျပာခဲ့သည္။
႐ုရွားႏိုင္ငံတြင္ ပူတင္ ႏွင့္ အေမရိကန္သံတမန္စတိဗ္ဝစ္ေအာ့ဖ္တို႔ရဲ႕ေတြ႕ဆုံမႈအၿပီးတြင္ ၎သည္ ဥေရာပေခါင္းေဆာင္မ်ား ႏွင့္ စကားေျပာဆိုခဲ့ေၾကာင္း ေဒၚနယ္ထရမ့္က မွတ္ခ်က္ျပဳေျပာခဲ့သည္။ ေဒၚနယ္ထရမ့္ က “႐ုရွား-ယူကရိန္းစစ္ပြဲႀကီးဟာ ၿပီးဆုံးဖို႔နီးကပ္လာၿပီလို႔ လူတိုင္းကသေဘာတူၾကပါတယ္။ လာမယ့္သီတင္းပတ္ ေတြအတြင္း ဒီစစ္ပြဲႀကီးကို အဆုံးသတ္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔လက္တြဲလုပ္ေဆာင္သြားမွာပါ” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.