ဘရာဇီးနိုင်ငံအပေါ် ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခြင်းနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝေဖန်ပြစ်တင်

 73

ဂျန်ဇက် (NP News) - သြဂုတ် ၈
တရုတ်အစိုးရသည် ဘရာဇီးနိုင်ငံအပေါ်ကုန်သွယ်ခွန်ကောက်ခံမည့် အမေရိကန်အစိုးရ၏ အစီအစဉ်များကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သတ်မှတ်ထားသည့် ကုန်သွယ်ခွန် ကောက်ခံရေးအစီအစဉ်က ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုအပြင် ဘရာဇီးနှင့် BRICS အဖွဲ့ကြား ပူးပေါင်းဆောင်ရွက် ခြင်းများကို ဖိနှိပ်အနိုင်ကျင့်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတရုတ်အစိုးရအနေဖြင့် ဘရာဇီးနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်ဖက်ခြင်းများကို ဆန့်ကျင်ကြောင်း၊ ဘရာဇီးအစိုးရက ၎င်းတို့ နိုင်ငံအချုပ်အခြာ နှင့် နိုင်ငံကံကြမ္မာကို အခိုင်မာကာကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ခွန်ကောက်ခံပြီး အနိုင်ကျင့်မှုများအပေါ် ခုခံတုံ့ပြန်ရန်ကြိုပမ်းနေသည့် ဘရာဇီးနိုင်ငံကို အားပေးထောက်ခံမည်ဖြစ်ကြောင်း၊ BRICS အဖွဲ့ မူဘောင်အတိုင်း ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုကောင်းမွန်လာစေရန် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ ကြေညာစာတမ်း ကို ချိုးကောက်ကာ အခြားနိုင်ငံများအပေါ် ဖိနှိပ်အနိုင်ကျင့်ရန် ကုန်သွယ်ခွန်ကို သတ်မှတ်ပြီး လက်နက်အဖြစ် အသုံးချနေကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
အမေရိကန်၏ ကုန်သွယ်ခွန်ကောက်ခံမှုများက ကမ္ဘာကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို ထိခိုက်စေသလိုလူကြိုက်နည်းပြီး ရေရှည်ရှိနိုင်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဘရာဇီးနိုင်ငံမှတင်သွင်းသော ကုန်ပစ္စည်းအားလုံးကို အခွန် ၅ဝ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ရာ အမေရိကန်နှင့်ဘရာဇီးနိုင်ငံကြာ အငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့သည်။ ဘရာဇီးနိုင်ငံသည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံမှ ကုန်သွယ်ခွန်အများဆုံးကောက်ခံမည့် နိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတသည် ဘရာဇီးနိုင်ငံကိုသာမက BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမည်အစီအစဉ်ကို ပယ်ချခြင်းမျိုးမရှိကြောင်း သိရသည်။ အမေရိကန်သမ္မတသည် BRICS အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံကို ကုန်သွယ်ခွန် ၂၅ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ခဲ့ ကြောင်း သိရသည်။ အမေရိကန်သမ္မတသည် လက်ရှိအချိန်တွင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံမှ ရေနံ နှင့် ဓါတ်ငွေ့များကိုအဓိကဝယ်ယူနေသည့်နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို ပြစ်တင်ဝေဖန်ထား ကြောင်း သိရသည်။

Zawgyi Version:
ဘရာဇီးႏိုင္ငံအေပၚ ကုန္သြယ္ခြန္တိုးျမင့္ေကာက္ခံျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္အစိုးရကို တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီး ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၈
တ႐ုတ္အစိုးရသည္ ဘရာဇီးႏိုင္ငံအေပၚကုန္သြယ္ခြန္ေကာက္ခံမည့္ အေမရိကန္အစိုးရ၏ အစီအစဥ္မ်ားကို ေဝဖန္ျပစ္တင္လိုက္ေၾကာင္း သိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ သတ္မွတ္ထားသည့္ ကုန္သြယ္ခြန္ ေကာက္ခံေရးအစီအစဥ္က ဘရာဇီးသမၼတ ဘိုလ္ဆိုနာ႐ိုအျပင္ ဘရာဇီးႏွင့္ BRICS အဖြဲ႕ၾကား ပူးေပါင္းေဆာင္႐ြက္ ျခင္းမ်ားကို ဖိႏွိပ္အႏိုင္က်င့္ရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ေျပာသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိကတ႐ုတ္အစိုးရအေနျဖင့္ ဘရာဇီးႏိုင္ငံ၏ ျပည္တြင္းေရးကိစၥမ်ားကို ၾကားဝင္စြက္ဖက္ျခင္းမ်ားကို ဆန႔္က်င္ေၾကာင္း၊ ဘရာဇီးအစိုးရက ၎တို႔ ႏိုင္ငံအခ်ဳပ္အျခာ ႏွင့္ ႏိုင္ငံကံၾကမၼာကို အခိုင္မာကာကြယ္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း ေျပာသည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ ကုန္သြယ္ခြန္ေကာက္ခံၿပီး အႏိုင္က်င့္မႈမ်ားအေပၚ ခုခံတုံ႔ျပန္ရန္ႀကိဳပမ္းေနသည့္ ဘရာဇီးႏိုင္ငံကို အားေပးေထာက္ခံမည္ျဖစ္ေၾကာင္း၊ BRICS အဖြဲ႕ မူေဘာင္အတိုင္း ကမာၻ႔ေတာင္ဘက္ျခမ္း ႏိုင္ငံမ်ားၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားပိုမိုေကာင္းမြန္လာေစရန္ ကူညီေပးမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက အေမရိကန္ႏိုင္ငံသည္ ကုလသမဂၢ ေၾကညာစာတမ္း ကို ခ်ိဳးေကာက္ကာ အျခားႏိုင္ငံမ်ားအေပၚ ဖိႏွိပ္အႏိုင္က်င့္ရန္ ကုန္သြယ္ခြန္ကို သတ္မွတ္ၿပီး လက္နက္အျဖစ္ အသုံးခ်ေနေၾကာင္း ေဝဖန္ျပစ္တင္ခဲ့သည္။
အေမရိကန္၏ ကုန္သြယ္ခြန္ေကာက္ခံမႈမ်ားက ကမာၻကုန္သြယ္ေရးအဖြဲ႕၏ စည္းမ်ဥ္းစည္းကမ္းမ်ားကို ထိခိုက္ေစသလိုလူႀကိဳက္နည္းၿပီး ေရရွည္ရွိႏိုင္မည္မဟုတ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ဘရာဇီးႏိုင္ငံမွတင္သြင္းေသာ ကုန္ပစၥည္းအားလုံးကို အခြန္ ၅ဝ ရာခိုင္ႏႈန္း ေကာက္ခံမည္ဟု ဇူလိုင္လအတြင္း ထုတ္ျပန္ခဲ့ရာ အေမရိကန္ႏွင့္ဘရာဇီးႏိုင္ငံၾကာ အျငင္းပြားမႈမ်ား ပိုမိုျဖစ္လာခဲ့သည္။ ဘရာဇီးႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံမွ ကုန္သြယ္ခြန္အမ်ားဆုံးေကာက္ခံမည့္ ႏိုင္ငံမ်ားစာရင္းတြင္ ထိပ္ဆုံး၌ရွိေနေၾကာင္း သိရသည္။
အေမရိကန္သမၼတသည္ ဘရာဇီးႏိုင္ငံကိုသာမက BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္ေသာ တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ခြန္တိုးျမင့္ေကာက္ခံမည္အစီအစဥ္ကို ပယ္ခ်ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။ အေမရိကန္သမၼတသည္ BRICS အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာ အိႏၵိယႏိုင္ငံကို ကုန္သြယ္ခြန္ ၂၅ရာခိုင္ႏႈန္းေကာက္ခံရန္ သတ္မွတ္ခဲ့ ေၾကာင္း သိရသည္။ အေမရိကန္သမၼတသည္ လက္ရွိအခ်ိန္တြင္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားႏိုင္ငံမွ ေရနံ ႏွင့္ ဓါတ္ေငြ႕မ်ားကိုအဓိကဝယ္ယူေနသည့္ႏိုင္ငံမ်ားျဖစ္သည့္ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔ကို ျပစ္တင္ေဝဖန္ထား ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.