တရုတ်နိုင်ငံရဲ့နာမည်ကြီး ရှင်ကျန်း ခရီးသွားနေရာမှာ ကြိုးတံတားပြိုကျပြီး လူ ၅ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

 797

ရောင်နီ (NP News) - သြဂုတ် ၈
တရုတ်နိုင်ငံအနောက်ဘက်စွန်း ရှင်ကျန်းဒေသ၊ အီလီကာဇက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု၊ ကျို့ဆုခရိုင်၊ အပန်းဖြေခရီးသွား လည်ပတ်ရာနေရာ Xiata Scenic Area မှာ လူအများရှိနေတဲ့ ကြိုးတံတားတစ်စင်း ရုတ်တရက် ကြိုးပြတ် ပြိုကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး အခြား လူ ၂ဝ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီမတော်တဆမှုဟာ ဗုဒ္ဓဟူးနေ့(ဩဂုတ်လ ၆ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး တံတားကြိုး ရုတ်တရက် ပြတ်တောက်သွားချိန်က တံတားပေါ်မှာ လူ စုစုပေါင်း ၂၄ ဦးထိ ရှိနေခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းသတင်းဌာန Jiemian News ရဲ့ ဖော်ပြချက်အရ တံတားနာမည်ဟာ ကျန်ကျန် တံတားလို့ သိရပြီး အဲဒီတံတားဟာ ၂၀၂၄ ခုနှစ်ကလည်း ဆိုင်းထိန်းကေဘယ်ကြိုး ပြုတ်ကျလို့ တံတားကြမ်းခင်း တိမ်းစောင်းသွားခဲ့တဲ့ အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းကတော့ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ သိရပါ တယ်။
ယခုဖြစ်ရပ်အတွက် လုံခြုံရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် ရှုခင်းသာဧရိယာ ကို ယာယီပိတ်ထားကာ ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို နောက်ပိုင်း ထုတ်ပြန်ကြေညာပေးမယ်လို့ သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံရဲ႕နာမည္ႀကီး ရွင္က်န္း ခရီးသြားေနရာမွာ ႀကိဳးတံတားၿပိဳက်ၿပီး လူ ၅ ဦး ေသဆုံး၊ ၂၄ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ၾသဂုတ္ ၈
တ႐ုတ္ႏိုင္ငံအေနာက္ဘက္စြန္း ရွင္က်န္းေဒသ၊ အီလီကာဇက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ စီရင္စု၊ က်ိဳ႕ဆုခ႐ိုင္၊ အပန္းေျဖခရီးသြား လည္ပတ္ရာေနရာ Xiata Scenic Area မွာ လူအမ်ားရွိေနတဲ့ ႀကိဳးတံတားတစ္စင္း ႐ုတ္တရက္ ႀကိဳးျပတ္ ၿပိဳက်ခဲ့တာေၾကာင့္ လူ ၅ ဦး ေသဆုံးၿပီး အျခား လူ ၂ဝ ေက်ာ္ ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ဒီမေတာ္တဆမႈဟာ ဗုဒၶဟူးေန႔(ဩဂုတ္လ ၆ ရက္) ညေနပိုင္းက ျဖစ္ပြားခဲ့တာျဖစ္ၿပီး တံတားႀကိဳး ႐ုတ္တရက္ ျပတ္ေတာက္သြားခ်ိန္က တံတားေပၚမွာ လူ စုစုေပါင္း ၂၄ ဦးထိ ရွိေနခဲ့တာျဖစ္ပါတယ္။ ျပည္တြင္းသတင္းဌာန Jiemian News ရဲ႕ ေဖာ္ျပခ်က္အရ တံတားနာမည္ဟာ က်န္က်န္ တံတားလို႔ သိရၿပီး အဲဒီတံတားဟာ ၂၀၂၄ ခုႏွစ္ကလည္း ဆိုင္းထိန္းေကဘယ္ႀကိဳး ျပဳတ္က်လို႔ တံတားၾကမ္းခင္း တိမ္းေစာင္းသြားခဲ့တဲ့ အလားတူျဖစ္ရပ္မ်ိဳးျဖစ္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ အဲဒီတုန္းကေတာ့ ထိခိုက္ဒဏ္ရာရရွိသူ မရွိခဲ့ဘူးလို႔ သိရပါ တယ္။
ယခုျဖစ္ရပ္အတြက္ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတာေၾကာင့္ ရႈခင္းသာဧရိယာ ကို ယာယီပိတ္ထားကာ ျပန္လည္ဖြင့္လွစ္မယ့္ရက္ကို ေနာက္ပိုင္း ထုတ္ျပန္ေၾကညာေပးမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.