ဖားကန့်မြို့နယ်တွင် KIA ၊PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသူ(၂)ဦးသေဆုံး

 175

Pearl (NP News) – သြဂုတ် ၉
ဖားကန့်မြို့နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသူ(၂)ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ် (၄)ရက် နှင့် သြဂုတ်လ (၅)ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အေးမြသာယာရပ်ကွက်၊ ယူမာကျေးရွာ၊ မှော်စီစာကျေးရွာနှင့် ဆိပ်မူကျေးရွာတို့ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာများအတွင်းသို့ KIA နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဖားကန့်အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသူများ ဖြစ်ကြသည့် ယူမာကျေးရွာတွင်နေထိုင်သော မရွှေသဇင်ဝင်း(၁၅)နှစ်၊ တစ်ရွာတည်းနေ မနီနီဝင်း(၁၈)နှစ်နှင့် ဆိပ်မူကျေးရွာနေ မခေတ်သစ်ဦး(၁၈)နှစ်၊ ငှက်ပျောတောအခြေခံပညာအလယ်တန်းကျောင်းခွဲမှ အေးမြသာယာ ရပ်ကွက်နေ Grade-4 ကျောင်းသူ မဟန်သူဇာထွန်း(၉)နှစ်၊ ကုဋေအခြေခံပညာမူလတန်းလွန်ကျောင်းမှ Grade-9 ကျောင်းသူ မဇွန်ရတီထက်(၁၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မရွှေသဇင်ဝင်းနှင့် မနီနီဝင်းတို့ နှစ်ဦးမှာ ရရှိထားသော ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မဟန်သူဇာထွန်းနှင့် မခေတ်သစ်ဦးတို့မှာ ဆိပ်မူကျေးရွာရှိ မှော်ရှန်ဆေးရုံ၌ လည်းကောင်း၊ မဇွန်ရတီထက်မှာ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံ၌ လည်းကောင်း အသီးသီးဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ဖားကန႔္ၿမိဳ႕နယ္တြင္ KIA ၊PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်ာင္းသူ(၂)ဦးေသဆုံး
Pearl (NP News) – ၾသဂုတ္ ၉
ဖားကန႔္ၿမိဳ႕နယ္တြင္ KIA ၊ PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်ာင္းသူ(၂)ဦး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ၾသဂုတ္ (၄)ရက္ ႏွင့္ ၾသဂုတ္လ (၅)ရက္တြင္ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ ေအးျမသာယာရပ္ကြက္၊ ယူမာေက်း႐ြာ၊ ေမွာ္စီစာေက်း႐ြာႏွင့္ ဆိပ္မူေက်း႐ြာတို႔ ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ရပ္ကြက္/ေက်း႐ြာမ်ားအတြင္းသို႔ KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့မႈေၾကာင့္ ဖားကန႔္အေျခခံပညာအထက္တန္းေက်ာင္းမွ Grade-10 ေက်ာင္းသူမ်ား ျဖစ္ၾကသည့္ ယူမာေက်း႐ြာတြင္ေနထိုင္ေသာ မေ႐ႊသဇင္ဝင္း(၁၅)ႏွစ္၊ တစ္႐ြာတည္းေန မနီနီဝင္း(၁၈)ႏွစ္ႏွင့္ ဆိပ္မူေက်း႐ြာေန မေခတ္သစ္ဦး(၁၈)ႏွစ္၊ ငွက္ေပ်ာေတာအေျခခံပညာအလယ္တန္းေက်ာင္းခြဲမွ ေအးျမသာယာ ရပ္ကြက္ေန Grade-4 ေက်ာင္းသူ မဟန္သူဇာထြန္း(၉)ႏွစ္၊ ကုေဋအေျခခံပညာမူလတန္းလြန္ေက်ာင္းမွ Grade-9 ေက်ာင္းသူ မဇြန္ရတီထက္(၁၄)ႏွစ္တို႔တြင္ ဗုံးသီးေပါက္ကြဲစ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး မေ႐ႊသဇင္ဝင္းႏွင့္ မနီနီဝင္းတို႔ ႏွစ္ဦးမွာ ရရွိထားေသာ ထိခိုက္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မဟန္သူဇာထြန္းႏွင့္ မေခတ္သစ္ဦးတို႔မွာ ဆိပ္မူေက်း႐ြာရွိ ေမွာ္ရွန္ေဆး႐ုံ၌ လည္းေကာင္း၊ မဇြန္ရတီထက္မွာ ဖားကန႔္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၌ လည္းေကာင္း အသီးသီးေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္လည္း လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ျပည္သူလူထုႏွင့္ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.