လစ်လပ်သွားတဲ့ ကာကွယ်ရေးဝန်ကြီးနေရာမှာ ဂါနာဘဏ္ဍာရေးဝန်ကြီးကို ယာယီအစားထိုး

114

Pika (NP News) - သြဂုတ် ၉
ဂါနာသမ္မတ John Dramani Mahama ဟာ ဘဏ္ဍာရေးဝန်ကြီး Cassiel Ato Forson ကို ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှု အတွင်း သေဆုံးခဲ့သူတွေထဲမှာ ဂါနာကာကွယ်ရေးဝန်ကြီးလည်း ပါဝင်ခဲ့ပြီးနောက် John Dramani Mahama ရဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂါနာကာကွယ်ရေးဝန်ကြီး Edward Omane Boamah၊ သဘာဝပတ်ဝန်းကျင်၊သိပ္ပံနဲ့နည်းပညာဆိုင်ရာဝန်ကြီး Ibrahim Murtala Muhammed နဲ့ လေတပ်အဖွဲ့ဝင်(၃)ဦးတို့လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ Obuasi မြို့က ရွှေတွင်းကို သွားရောက်နေစဉ်အချိန်အတွင်း ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ဂါနာအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် လည်း ပျက်ကျမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဂါနာသမ္မတ John Mahamaက ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နောက် မကြာခင်မှာပဲ Edward Omane Boamahဟာ ဂါနာကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
လစ္လပ္သြားတဲ့ ကာကြယ္ေရးဝန္ႀကီးေနရာမွာ ဂါနာဘ႑ာေရးဝန္ႀကီးကို ယာယီအစားထိုး
Pika (NP News) - ၾသဂုတ္ ၉
ဂါနာသမၼတ John Dramani Mahama ဟာ ဘ႑ာေရးဝန္ႀကီး Cassiel Ato Forson ကို ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကျဖစ္ပြားခဲ့တဲ့ ရဟတ္ယာဥ္ပ်က္က်မႈ အတြင္း ေသဆုံးခဲ့သူေတြထဲမွာ ဂါနာကာကြယ္ေရးဝန္ႀကီးလည္း ပါဝင္ခဲ့ၿပီးေနာက္ John Dramani Mahama ရဲ႕ ေတာင္းဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဂါနာကာကြယ္ေရးဝန္ႀကီး Edward Omane Boamah၊ သဘာဝပတ္ဝန္းက်င္၊သိပၸံနဲ႔နည္းပညာဆိုင္ရာဝန္ႀကီး Ibrahim Murtala Muhammed နဲ႔ ေလတပ္အဖြဲ႕ဝင္(၃)ဦးတို႔လိုက္ပါလာတဲ့ ရဟတ္ယာဥ္ဟာ Obuasi ၿမိဳ႕က ေ႐ႊတြင္းကို သြားေရာက္ေနစဥ္အခ်ိန္အတြင္း ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ရဟတ္ယာဥ္ပ်က္က်မႈအတြင္း အသက္ရွင္က်န္ရစ္သူမရွိေၾကာင္း ဂါနာအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ေပမယ့္ လည္း ပ်က္က်မႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ထုတ္ျပန္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ ဂါနာသမၼတ John Mahamaက က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီး ေနာက္ မၾကာခင္မွာပဲ Edward Omane Boamahဟာ ဂါနာကာကြယ္ေရးဝန္ႀကီးျဖစ္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။