ဂါဇာကို စစ်ရေးအရ သိမ်းယူမှုတွေမလုပ်ဆောင်ဖို့ အစ္စရေးကို ဩစတြေးလျတိုက်တွန်း

 117

Pika (NP News) - သြဂုတ် ၉
ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ သိမ်းယူမှုတွေလုပ်ဆောင်မယ့် အစီအစဉ်တွေကို စွန့်လွှတ်ဖို့ အစ္စရေးကို ဩစတြေးလျအစိုးရက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်တွေဟာ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေနိုင်တယ်လို့လည်း ဩစတြေးလျ အစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ”ဂါဇာကမ်းမြောင်ဒေသမှဦ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေမယ့် ဒီလမ်းကြောင်းကို မလိုက်ဖို့ အစ္စရေးကို ကျွန်မတို့ တောင်းဆိုထားပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ဂါဇာပြည်သူတွေကို အတင်းအကျပ် ဖိအားပေး ရွှေ့ပြောင်း နေထိုင်ခိုင်းတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်းနဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုဝင်ရောက်ခွင့်ပြုဖို့နဲ့ ဓါးစာခံတွေ ချက်ချင်းပြန်လွှတ် ပေးဖို့အတွက် ဩစတြေးလျရဲ့တောင်းဆိုမှုတွေကို ပန်နီဝေါင်က ထပ်လောင်းပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
၎င်းက ”နှစ်နိုင်ငံဖြေရှင်းချက်ကသာ ထာဝရငြိမ်းချမ်းရေးရရှိဖို့ တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ ဂါဇာမြို့ကို စစ်ရေးနည်းလမ်းတွေနဲ့ သိမ်းယူမှုတွေလုပ်ဆောင်ဖို့ ခွင့်ပြုပေးခဲ့ပြီးနောက် ဩစတြေးလျအစိုးရရဲ့တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာကို စစ္ေရးအရ သိမ္းယူမႈေတြမလုပ္ေဆာင္ဖို႔ အစၥေရးကို ဩစေၾတးလ်တိုက္တြန္း
Pika (NP News) - ၾသဂုတ္ ၉
ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရ သိမ္းယူမႈေတြလုပ္ေဆာင္မယ့္ အစီအစဥ္ေတြကို စြန႔္လႊတ္ဖို႔ အစၥေရးကို ဩစေၾတးလ်အစိုးရက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအစီအစဥ္ေတြဟာ ဂါဇာကမ္းေျမာင္ေဒသမွာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ပ္အတည္းကို ပိုမိုဆိုး႐ြားလာေစႏိုင္တယ္လို႔လည္း ဩစေၾတးလ် အစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။
ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး ပန္နီေဝါင္က ”ဂါဇာကမ္းေျမာင္ေဒသမွဦ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာအက်ပ္အတည္းကို ပိုမိုဆိုး႐ြားလာေစမယ့္ ဒီလမ္းေၾကာင္းကို မလိုက္ဖို႔ အစၥေရးကို ကြၽန္မတို႔ ေတာင္းဆိုထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ဂါဇာျပည္သူေတြကို အတင္းအက်ပ္ ဖိအားေပး ေ႐ႊ႕ေျပာင္း ေနထိုင္ခိုင္းတာဟာ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္တာျဖစ္ေၾကာင္းနဲ႔ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရး၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ပိုမိုဝင္ေရာက္ခြင့္ျပဳဖို႔နဲ႔ ဓါးစာခံေတြ ခ်က္ခ်င္းျပန္လႊတ္ ေပးဖို႔အတြက္ ဩစေၾတးလ်ရဲ႕ေတာင္းဆိုမႈေတြကို ပန္နီေဝါင္က ထပ္ေလာင္းေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
၎က ”ႏွစ္ႏိုင္ငံေျဖရွင္းခ်က္ကသာ ထာဝရၿငိမ္းခ်မ္းေရးရရွိဖို႔ တစ္ခုတည္းေသာလမ္းေၾကာင္းျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ဦးေဆာင္တဲ့အစိုးရအဖြဲ႕ဟာ ဂါဇာၿမိဳ႕ကို စစ္ေရးနည္းလမ္းေတြနဲ႔ သိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ ခြင့္ျပဳေပးခဲ့ၿပီးေနာက္ ဩစေၾတးလ်အစိုးရရဲ႕တိုက္တြန္းမႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.