ယူကရိန်းပဋိပက္ခဟာ ကမ္ဘာစစ်ကြီးနဲ့ အဆုံးသွားနိုင်တဲ့အချိန်တွေ ရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ဝေဖန်

188

Pika(NP News)
ယခင်အမေရိကန်အစိုးရလက်ထက်မှာ ယူကရိန်းပဋိပက္ခဟာ တတိယကမ္ဘာစစ်အထိ အရှိန်မြင့်သွားခဲ့နိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်နဲ့ရုရှားကြားဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာတင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က မကြာခဏ ဝေဖန်ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အမေရိကန်သမ္မတအဖြစ် ပြန်လည်တာဝန်ယူချိန်ကနေစတင်ပြီး ဒေါ်နယ်ထရမ့်ဟာ ရုရှားနဲ့ သံတမန်ဆက်ဆံရေးတွေကို ပြန်လည်ထူထောင်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ၎င်းအစိုးရရဲ့ လုပ်ရပ်တွေကြောင့်သာမဟုတ်ရင် ရုရှား-ယူကရိန်းပဋိပက္ခဟာ ကမ္ဘာစစ်ကြီးနဲ့အဆုံးသတ်သွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က အခိုင်အမာပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ဒီအချိန်မှာ မေးစရာက ယူကရိန်းပဋိပက္ခဟာ ဘယ်အချိန်မှာ ပြေလည်သွားမလဲဆိုတာနဲ့ မကြာခင်အချိန်အတွင်း ပြေလည်မှုတွေရရှိနိုင်ဖို့ပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်အစိုးရရဲ့ ယူကရိန်းအပေါ် စစ်ရေးအကူအညီထောက်ပံ့ပေးမှုတွေကို ဒေါ်နယ်ထရမ့်က မကြာခဏပြစ်တင်ဝေဖန်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းပဋိပကၡဟာ ကမာၻစစ္ႀကီးနဲ႔ အဆုံးသြားႏိုင္တဲ့အခ်ိန္ေတြ ရွိခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေဝဖန္
Pika(NP News)
ယခင္အေမရိကန္အစိုးရလက္ထက္မွာ ယူကရိန္းပဋိပကၡဟာ တတိယကမာၻစစ္အထိ အရွိန္ျမင့္သြားခဲ့ႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္မွာ အေမရိကန္နဲ႔႐ုရွားၾကားဆက္ဆံေရးဟာ အနိမ့္ဆုံးအဆင့္ကို ေရာက္ရွိသြားခဲ့ၿပီး ကမာၻလုံးဆိုင္ရာတင္းမာမႈေတြ ပိုမိုျဖစ္လာခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က မၾကာခဏ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အေမရိကန္သမၼတအျဖစ္ ျပန္လည္တာဝန္ယူခ်ိန္ကေနစတင္ၿပီး ေဒၚနယ္ထရမ့္ဟာ ႐ုရွားနဲ႔ သံတမန္ဆက္ဆံေရးေတြကို ျပန္လည္ထူေထာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ၎အစိုးရရဲ႕ လုပ္ရပ္ေတြေၾကာင့္သာမဟုတ္ရင္ ႐ုရွား-ယူကရိန္းပဋိပကၡဟာ ကမာၻစစ္ႀကီးနဲ႔အဆုံးသတ္သြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က အခိုင္အမာေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ဒီအခ်ိန္မွာ ေမးစရာက ယူကရိန္းပဋိပကၡဟာ ဘယ္အခ်ိန္မွာ ေျပလည္သြားမလဲဆိုတာနဲ႔ မၾကာခင္အခ်ိန္အတြင္း ေျပလည္မႈေတြရရွိႏိုင္ဖို႔ပဲျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္အစိုးရရဲ႕ ယူကရိန္းအေပၚ စစ္ေရးအကူအညီေထာက္ပံ့ေပးမႈေတြကို ေဒၚနယ္ထရမ့္က မၾကာခဏျပစ္တင္ေဝဖန္ေလ့ရွိတယ္လို႔လည္း သိရပါတယ္။