တရုတ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၀)ဦး သေဆုံး

86

Pika (NP News) - သြဂုတ် ၁ဝ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆူပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၀)ဦးသေဆုံးပြီး အခြားလူ(၃၃)ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာ CCTV က ရေးသား ဖော်ပြခဲ့ပါတယ်။ CCTV က ”ဩဂုတ်လ(၇)ရက်ကနေစတင်ပြီး အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုတွေ ကြောင့် ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံးလူ(၁၀)ဦး သေဆုံးခဲ့ပါတယ်။ ပြီးတော့ ရေကြီးမှုတွေကြောင့် အခြားလူ (၃၃)ဦးလည်း ပျောက်ဆုံးနေပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် ပျောက်ဆုံးနေတဲ့လူတွေကို ရှာဖွေကယ်ဆယ်ဖို့အတွက် အစွမ်းကုန်လုပ်ဆောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ CCTV က ”ပြင်းထန်တဲ့ရာသီဥတုတွေ မကြာခဏဖြစ်ပွား နေတာကြောင့် ကယ်ဆယ်ရေးနဲ့ရွှေ့ပြောင်းရေးလုပ်ငန်းတွေကို အစွမ်းကုန်လုပ်ဆောင်ကြဖို့ ရှီကျင့်ဖျင်က အမိန့်ပေးထားပါတယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
တရုတ်မီးသတ်အာဏာပိုင်အဖွဲ့က မျှဝေထားတဲ့ဗီဒီယိုဖိုင်တွေမှာ ရေကြီးနေတဲ့ရွာတစ်ရွာမှာ ကယ်ဆယ်ရေး သမားတွေက လူတွေကို ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံ တစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ်တွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး အချို့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်း ကာ အချို့ဒေသတွေမှာ ပြင်းထန်တဲ့အပူချိန်တွေကို ကြုံတွေ့ရလျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၀)ဦး ေသဆုံး
Pika (NP News) - ၾသဂုတ္ ၁ဝ
တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ဂန္ဆူျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၀)ဦးေသဆုံးၿပီး အျခားလူ(၃၃)ဦးေပ်ာက္ဆုံးေနတယ္လို႔ ႏိုင္ငံပိုင္မီဒီယာ CCTV က ေရးသား ေဖာ္ျပခဲ့ပါတယ္။ CCTV က ”ဩဂုတ္လ(၇)ရက္ကေနစတင္ၿပီး အဆက္မျပတ္မိုးသည္းထန္စြာ႐ြာသြန္းမႈေတြ ေၾကာင့္ ေရႀကီးမႈေတြျဖစ္ေပၚခဲ့ၿပီး အနည္းဆုံးလူ(၁၀)ဦး ေသဆုံးခဲ့ပါတယ္။ ၿပီးေတာ့ ေရႀကီးမႈေတြေၾကာင့္ အျခားလူ (၃၃)ဦးလည္း ေပ်ာက္ဆုံးေနပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ေပ်ာက္ဆုံးေနတဲ့လူေတြကို ရွာေဖြကယ္ဆယ္ဖို႔အတြက္ အစြမ္းကုန္လုပ္ေဆာင္ၾကဖို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ CCTV က ”ျပင္းထန္တဲ့ရာသီဥတုေတြ မၾကာခဏျဖစ္ပြား ေနတာေၾကာင့္ ကယ္ဆယ္ေရးနဲ႔ေ႐ႊ႕ေျပာင္းေရးလုပ္ငန္းေတြကို အစြမ္းကုန္လုပ္ေဆာင္ၾကဖို႔ ရွီက်င့္ဖ်င္က အမိန႔္ေပးထားပါတယ္”လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
တ႐ုတ္မီးသတ္အာဏာပိုင္အဖြဲ႕က မွ်ေဝထားတဲ့ဗီဒီယိုဖိုင္ေတြမွာ ေရႀကီးေနတဲ့႐ြာတစ္႐ြာမွာ ကယ္ဆယ္ေရး သမားေတြက လူေတြကို ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ တ႐ုတ္ႏိုင္ငံ တစ္ဝွမ္းမွာ သဘာဝေဘးအႏၲရာယ္ေတြ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး အခ်ိဳ႕ေဒသေတြမွာ မိုးသည္းထန္စြာ႐ြာသြန္း ကာ အခ်ိဳ႕ေဒသေတြမွာ ျပင္းထန္တဲ့အပူခ်ိန္ေတြကို ႀကဳံေတြ႕ရလ်က္ရွိတယ္လို႔လည္း သိရပါတယ္။