အပစ်အခတ်ရပ်စဲရေးက ရုရှားအပေါ်ဖိအားပေးမှုတွေအပေါ်မှာ မူတည်တယ်လို့ ယူကရိန်းပြော

 126

Pika (NP News) - သြဂုတ် ၁ဝ

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့က ရုရှားအပေါ် ဖိအားပေးမှုတွေအပေါ်မှာ မူတည်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ၎င်းရဲ့အဖွဲ့ဟာ အမေရိကန်အစိုးရနဲ့ အဆက်မပြတ်အဆက်အသွယ်ရှိတယ်လို့လည်း ဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးတော့ ၎င်းဟာ နိုင်ငံအများအပြားရဲ့ခေါင်းဆောင်တွေနဲ့စကားပြောဆိုမှုတစ်ဒါဇင်ကျော် လုပ်ဆောင်ခဲ့တယ်လို့လည်း ဇီလန်စကီး က ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့အမျိုးသားလုံခြုံရေးအကြံပေးတွေဟာ မကြာခင်အချိန်အတွင်း တွေ့ဆုံဆွေးနွေး မှုတွေလုပ်ဆောင်သွားမယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့ သဘောတူညီချက်တွေရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မကြာခဏလုပ်ဆောင်ခဲ့ပေမယ့် လည်း စစ်သုံ့ပန်း အပြန်အလှန်လဲလှယ်ရေးနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ ပြန်လည်ပေးအပ်ဖို့ သဘောတူညီချက်တွေကိုသာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးက ႐ုရွားအေပၚဖိအားေပးမႈေတြအေပၚမွာ မူတည္တယ္လို႔ ယူကရိန္းေျပာ
Pika (NP News) - ၾသဂုတ္ ၁ဝ
အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖို႔က ႐ုရွားအေပၚ ဖိအားေပးမႈေတြအေပၚမွာ မူတည္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ၎ရဲ႕အဖြဲ႕ဟာ အေမရိကန္အစိုးရနဲ႔ အဆက္မျပတ္အဆက္အသြယ္ရွိတယ္လို႔လည္း ဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ၎ဟာ ႏိုင္ငံအမ်ားအျပားရဲ႕ေခါင္းေဆာင္ေတြနဲ႔စကားေျပာဆိုမႈတစ္ဒါဇင္ေက်ာ္ လုပ္ေဆာင္ခဲ့တယ္လို႔လည္း ဇီလန္စကီး က ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းနဲ႔ မိတ္ဖက္ႏိုင္ငံေတြရဲ႕အမ်ိဳးသားလုံၿခဳံေရးအႀကံေပးေတြဟာ မၾကာခင္အခ်ိန္အတြင္း ေတြ႕ဆုံေဆြးေႏြး မႈေတြလုပ္ေဆာင္သြားမယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့ သေဘာတူညီခ်က္ေတြရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို မၾကာခဏလုပ္ေဆာင္ခဲ့ေပမယ့္ လည္း စစ္သုံ႔ပန္း အျပန္အလွန္လဲလွယ္ေရးနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ ျပန္လည္ေပးအပ္ဖို႔ သေဘာတူညီခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.