ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုများကို ထပ်မံသက်သေပြလိုက်သည့် BLACKPINK အဖွဲ့

 206

Pika (NP News) - သြဂုတ် ၁ဝ
BLACKPINK အဖွဲ့သည့် YouTube ပလက်ဖောင်းပေါ်တွင် နောက်ထပ် မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြီး ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုများကို ထပ်မံသက်သေပြခဲ့ကြောင်း သိရသည်။ BLACKPINK အဖွဲ့၏ Pink Ven- om သီချင်းသည် Youtube ပလက်ဖောင်းပေါ်တွင် ကြည့်ရှုသူ(၁)ဘီလျံကျော်သွားခဲ့ပြီးနောက် နောက်ထပ် မှတ်တိုင်တစ်ခုကို တရားဝင်စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ YG Entertainment ၏အဆိုအရ ဩဂုတ်လ (၄)ရက်တွင် BLACKPINK အဖွဲ့၏ Pink Venom သီချင်းသည် YouTube ပလက်ဖောင်းပေါ်တွင် ကြည့်ရှုသူ (၁) ဘီလျံထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Pink Venom သီချင်းသည် (၂၀၂၂)ခုနှစ် ဩဂုတ်လ(၁၉)ရက်တွင် ထွက်ရှိခဲ့ပြီးနောက် အချိန်(၃)နှစ်အကြာ တွင် အဆိုပါမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမှတ်တိုင်အသစ်နှင့်အတူ BLACKPINK အဖွဲ့သည် ကြည့်ရှုသူ(၁)ဘီလျံကျော်ရှိသည့် ဗီဒီယို စုစုပေါင်း (၉) ခုအထိ ရရှိထားပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့တွင် ကြည့်ရှုသူ (၂ ဒသမ ၃) ဘီလျံရှိသော “DDU-DU DDU-DU” သီချင်း၊ ကြည့်ရှုသူ (၂ ဒသမ ၁) ဘီလျံရှိသော “Kill This Love” သီချင်း၊ ကြည့်ရှုသူ(၁ ဒသမ ၈) ဘီလျံနှင့် (၁ ဒသမ ၃) ဘီလျံ အသီးသီးရရှိထား သော “How You Like That” သီချင်းဖျော်ဖြေတင်ဆက်မှုနှင့် တေးဂီတဗီဒီယို၊ ကြည့်ရှုသူ (၁ ဒသမ ၈) ဘီလျံရှိသော “BOOMBAYAH” သီချင်း၊ ကြည့်ရှုသူ (၁ ဒသမ ၄) ဘီလျံရှိသော “As If It’s Your Last” သီချင်း၊ ကြည့်ရှုသူ (၁ ဒသမ ၁) ဘီလျံ ရှိသော လီဆာ၏ တစ်ကိုယ်တော်သီချင်း“MONEY” နှင့် ကြည့်ရှုသူ (၁) ဘီလျံရှိသော ဂျင်းနီ၏ တစ်ကိုယ်တော်သီချင်း “SOLO” တို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ BLACKPINK အဖွဲ့သည် ကြည့်ရှုသူသန်း (၁၀ဝ) ကျော်စီရှိသော သီချင်းဗီဒီယိုပေါင်း (၅၀) ပုဒ် ထုတ်ထားပြီး နောက် ထပ်စံချိန်သစ်များကို ဆက်လက်တင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ကမာၻလုံးဆိုင္ရာလႊမ္းမိုးမႈမ်ားကို ထပ္မံသက္ေသျပလိုက္သည့္ BLACKPINK အဖြဲ႕
Pika (NP News) - ၾသဂုတ္ ၁ဝ
BLACKPINK အဖြဲ႕သည့္ YouTube ပလက္ေဖာင္းေပၚတြင္ ေနာက္ထပ္ မွတ္တိုင္တစ္ခုကို စိုက္ထူခဲ့ၿပီး ၎တို႔၏ ကမာၻလုံးဆိုင္ရာလႊမ္းမိုးမႈမ်ားကို ထပ္မံသက္ေသျပခဲ့ေၾကာင္း သိရသည္။ BLACKPINK အဖြဲ႕၏ Pink Ven- om သီခ်င္းသည္ Youtube ပလက္ေဖာင္းေပၚတြင္ ၾကည့္ရႈသူ(၁)ဘီလ်ံေက်ာ္သြားခဲ့ၿပီးေနာက္ ေနာက္ထပ္ မွတ္တိုင္တစ္ခုကို တရားဝင္စိုက္ထူႏိုင္ခဲ့ျခင္းျဖစ္သည္။ YG Entertainment ၏အဆိုအရ ဩဂုတ္လ (၄)ရက္တြင္ BLACKPINK အဖြဲ႕၏ Pink Venom သီခ်င္းသည္ YouTube ပလက္ေဖာင္းေပၚတြင္ ၾကည့္ရႈသူ (၁) ဘီလ်ံထိ ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Pink Venom သီခ်င္းသည္ (၂၀၂၂)ခုႏွစ္ ဩဂုတ္လ(၁၉)ရက္တြင္ ထြက္ရွိခဲ့ၿပီးေနာက္ အခ်ိန္(၃)ႏွစ္အၾကာ တြင္ အဆိုပါမွတ္တိုင္ကို စိုက္ထူႏိုင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါမွတ္တိုင္အသစ္ႏွင့္အတူ BLACKPINK အဖြဲ႕သည္ ၾကည့္ရႈသူ(၁)ဘီလ်ံေက်ာ္ရွိသည့္ ဗီဒီယို စုစုေပါင္း (၉) ခုအထိ ရရွိထားၿပီျဖစ္ေၾကာင္း သိရသည္။ ၎တို႔တြင္ ၾကည့္ရႈသူ (၂ ဒသမ ၃) ဘီလ်ံရွိေသာ “DDU-DU DDU-DU” သီခ်င္း၊ ၾကည့္ရႈသူ (၂ ဒသမ ၁) ဘီလ်ံရွိေသာ “Kill This Love” သီခ်င္း၊ ၾကည့္ရႈသူ(၁ ဒသမ ၈) ဘီလ်ံႏွင့္ (၁ ဒသမ ၃) ဘီလ်ံ အသီးသီးရရွိထား ေသာ “How You Like That” သီခ်င္းေဖ်ာ္ေျဖတင္ဆက္မႈႏွင့္ ေတးဂီတဗီဒီယို၊ ၾကည့္ရႈသူ (၁ ဒသမ ၈) ဘီလ်ံရွိေသာ “BOOMBAYAH” သီခ်င္း၊ ၾကည့္ရႈသူ (၁ ဒသမ ၄) ဘီလ်ံရွိေသာ “As If It’s Your Last” သီခ်င္း၊ ၾကည့္ရႈသူ (၁ ဒသမ ၁) ဘီလ်ံ ရွိေသာ လီဆာ၏ တစ္ကိုယ္ေတာ္သီခ်င္း“MONEY” ႏွင့္ ၾကည့္ရႈသူ (၁) ဘီလ်ံရွိေသာ ဂ်င္းနီ၏ တစ္ကိုယ္ေတာ္သီခ်င္း “SOLO” တို႔ ပါဝင္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္အထိ BLACKPINK အဖြဲ႕သည္ ၾကည့္ရႈသူသန္း (၁၀ဝ) ေက်ာ္စီရွိေသာ သီခ်င္းဗီဒီယိုေပါင္း (၅၀) ပုဒ္ ထုတ္ထားၿပီး ေနာက္ ထပ္စံခ်ိန္သစ္မ်ားကို ဆက္လက္တင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.