ရုရှားရှိ အချမ်းသာဆုံးလူများ၏ အသားတင်ကြွယ်ဝချမ်းသာမှုများ ပိုမိုမြင့်တက်လာ

93

Pika (NP News) - သြဂုတ် ၁ဝ
Bloomberg ဘီလျံနာ အန်းကိန်း၏ နောက်ဆုံးရအချက်အလက်များအရ ရုရှား၏အချမ်းသာဆုံးလူများ ၏ ပေါင်းစည်းပိုင်ဆိုင်မှုသည် (၂၀၂၅)ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၄) ဘီလျံတိုးလာခဲ့ ကြောင်း သိရသည်။ Norilsk Nickel ကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင်သူ ဗလာဒီမာပိုတာနင်သည် ၎င်းကြွယ်ဝ ချမ်းသာမှုသို့ အမေရိကန်ဒေါ်လာ(၂ ဒသမ ၅) ဘီလျံပေါင်းထည့်နိုင်ခဲ့ပြီးနောက် အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၄) ဘီလျံဖြင့် ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ၄င်း၏ရာထူးကို ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။
ရုရှား၏ဒုတိယအကြီးဆုံး ရေနံကုမ္ပဏီ Lukoil ကို တည်ထောင်သူ Vagit Alekperov သည် ၎င်း၏ ကြွယ်ဝ ချမ်းသာမှုသို့ နောက်ထပ် အမေရိကန်ဒေါ်လာ(၁ ဒသမ ၁)ဘီလျံပေါင်းထည့်နိုင်ခဲ့ပြီး အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ(၂၆ ဒသမ ၅)ဘီလျံဖြင့် ရုရှား၏ ဒုတိယမြောက် အချမ်းသာဆုံးလူပုဂ္ဂိုလ်ရာထူးကို ရယူခဲ့ ကြောင်း သိရသည်။
သံမဏိထုတ်လုပ်သည့်ကုမ္ပဏီ Severstal ၏ ဥက္ကဋ္ဌ Alexey Mordashov သည် ၎င်း၏ကြွယ်ဝချမ်းသာမှု သို့ အမေရိကန်ဒေါ်လာ (၁ ဒသမ ၉)ဘီလျံပေါင်းထည်နိုင်ခဲ့ပြီး အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန် ဒေါ်လာ(၂၅ ဒသမ ၂) ဘီလျံဖြင့် တတိယမြောက်အချမ်းသာဆုံးလူပုဂ္ဂိုလ်ရာထူးကို ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရုရှား၏ ဒုတိယမြောက်အကြီးဆုံးသဘာဝဓာတ်ငွေ့ထုတ်လုပ်သည့်ကုမ္ပဏီ Novatek ၏ ပူးတွဲ ပိုင်ရှင် Leonid Mikhelson ၏ အသားတင်ကြွယ်ဝချမ်းသာမှုသည် နောက်ထပ် အမေရိကန်ဒေါ် လာ(၁ ဒသမ ၄)ဘီလျံတိုးလာခဲ့ပြီး စုစုပေါင်း အသားတင်ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ (၂၃ ဒသမ ၈)ဘီလျံအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
NLMK ကုမ္ပဏီ၏ ရှယ်ယာအများစုပိုင်ဆိုင်သူ ဗလာဒီမာလီဆင်းသည် သိသိသာသာဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ ရပြီး ၎င်း၏အသားတင်ကြွယ်ဝချမ်းသာမှုထဲမှ (၃ ဒသမ ၅) ဘီလျံလျော့နည်းသွားခဲ့ကာ စုစုပေါင်း အသားတင် ကြွယ်ဝချမ်းသာမှုမှာ (၂၂ ဒသမ ၂) ဘီလျံသာရှိတော့ကြောင်း သိရသည်။
ထို့ပြင် Telegram ၏ ပူးတွဲတည်ထောင်သူ ပါဗယ်ဒူရော့ဗ်သည် ၎င်း၏ချမ်းသာကြွယ်ဝသို့ အမေရိကန် ဒေါ်လာ(၃ ဒသမ ၂) ဘီလျံ ပေါင်းထည့်နိုင်ခဲ့ပြီး စုစုပေါင်းအသားတင်ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၃)ဘီလျံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
႐ုရွားရွိ အခ်မ္းသာဆုံးလူမ်ား၏ အသားတင္ႂကြယ္ဝခ်မ္းသာမႈမ်ား ပိုမိုျမင့္တက္လာ
Pika (NP News) - ၾသဂုတ္ ၁ဝ
Bloomberg ဘီလ်ံနာ အန္းကိန္း၏ ေနာက္ဆုံးရအခ်က္အလက္မ်ားအရ ႐ုရွား၏အခ်မ္းသာဆုံးလူမ်ား ၏ ေပါင္းစည္းပိုင္ဆိုင္မႈသည္ (၂၀၂၅)ခုႏွစ္ ပထမႏွစ္ဝက္တြင္ အေမရိကန္ေဒၚလာ (၂၀ ဒသမ ၄) ဘီလ်ံတိုးလာခဲ့ ေၾကာင္း သိရသည္။ Norilsk Nickel ကုမၸဏီ၏ ရွယ္ယာပိုင္ဆိုင္သူ ဗလာဒီမာပိုတာနင္သည္ ၎ႂကြယ္ဝ ခ်မ္းသာမႈသို႔ အေမရိကန္ေဒၚလာ(၂ ဒသမ ၅) ဘီလ်ံေပါင္းထည့္ႏိုင္ခဲ့ၿပီးေနာက္ အသားတင္ႂကြယ္ဝခ်မ္းသာမႈ အေမရိကန္ေဒၚလာ (၃၀ ဒသမ ၄) ဘီလ်ံျဖင့္ ႐ုရွား၏ အခ်မ္းသာဆုံးပုဂၢိဳလ္အျဖစ္ ၄င္း၏ရာထူးကို ဆက္လက္ ထိန္းသိမ္းထားေၾကာင္း သိရသည္။
႐ုရွား၏ဒုတိယအႀကီးဆုံး ေရနံကုမၸဏီ Lukoil ကို တည္ေထာင္သူ Vagit Alekperov သည္ ၎၏ ႂကြယ္ဝ ခ်မ္းသာမႈသို႔ ေနာက္ထပ္ အေမရိကန္ေဒၚလာ(၁ ဒသမ ၁)ဘီလ်ံေပါင္းထည့္ႏိုင္ခဲ့ၿပီး အသားတင္ႂကြယ္ဝခ်မ္းသာမႈ အေမရိကန္ေဒၚလာ(၂၆ ဒသမ ၅)ဘီလ်ံျဖင့္ ႐ုရွား၏ ဒုတိယေျမာက္ အခ်မ္းသာဆုံးလူပုဂၢိဳလ္ရာထူးကို ရယူခဲ့ ေၾကာင္း သိရသည္။
သံမဏိထုတ္လုပ္သည့္ကုမၸဏီ Severstal ၏ ဥကၠ႒ Alexey Mordashov သည္ ၎၏ႂကြယ္ဝခ်မ္းသာမႈ သို႔ အေမရိကန္ေဒၚလာ (၁ ဒသမ ၉)ဘီလ်ံေပါင္းထည္ႏိုင္ခဲ့ၿပီး အသားတင္ႂကြယ္ဝခ်မ္းသာမႈ အေမရိကန္ ေဒၚလာ(၂၅ ဒသမ ၂) ဘီလ်ံျဖင့္ တတိယေျမာက္အခ်မ္းသာဆုံးလူပုဂၢိဳလ္ရာထူးကို ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႐ုရွား၏ ဒုတိယေျမာက္အႀကီးဆုံးသဘာဝဓာတ္ေငြ႕ထုတ္လုပ္သည့္ကုမၸဏီ Novatek ၏ ပူးတြဲ ပိုင္ရွင္ Leonid Mikhelson ၏ အသားတင္ႂကြယ္ဝခ်မ္းသာမႈသည္ ေနာက္ထပ္ အေမရိကန္ေဒၚ လာ(၁ ဒသမ ၄)ဘီလ်ံတိုးလာခဲ့ၿပီး စုစုေပါင္း အသားတင္ႂကြယ္ဝခ်မ္းသာမႈမွာ အေမရိကန္ေဒၚလာ (၂၃ ဒသမ ၈)ဘီလ်ံအထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
NLMK ကုမၸဏီ၏ ရွယ္ယာအမ်ားစုပိုင္ဆိုင္သူ ဗလာဒီမာလီဆင္းသည္ သိသိသာသာဆုံးရႈံးမႈမ်ားကို ႀကဳံေတြ႕ခဲ့ ရၿပီး ၎၏အသားတင္ႂကြယ္ဝခ်မ္းသာမႈထဲမွ (၃ ဒသမ ၅) ဘီလ်ံေလ်ာ့နည္းသြားခဲ့ကာ စုစုေပါင္း အသားတင္ ႂကြယ္ဝခ်မ္းသာမႈမွာ (၂၂ ဒသမ ၂) ဘီလ်ံသာရွိေတာ့ေၾကာင္း သိရသည္။
ထို႔ျပင္ Telegram ၏ ပူးတြဲတည္ေထာင္သူ ပါဗယ္ဒူေရာ့ဗ္သည္ ၎၏ခ်မ္းသာႂကြယ္ဝသို႔ အေမရိကန္ ေဒၚလာ(၃ ဒသမ ၂) ဘီလ်ံ ေပါင္းထည့္ႏိုင္ခဲ့ၿပီး စုစုေပါင္းအသားတင္ႂကြယ္ဝခ်မ္းသာမႈမွာ အေမရိကန္ေဒၚလာ (၁၄ ဒသမ ၃)ဘီလ်ံသို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။