ထိုင်းနိုင်ငံမှာ မလေးရှားခရီးသွားနှစ်ဦး ထိုင်နေရင်း မီးရှို့ခံရ

 676

ရောင်နီ (NP News) - သြဂုတ် ၁၁
ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့၊ ရက်ချက်ဒါမီ လမ်းရှိ ဈေးဝယ်စင်တာတစ်ခုအနီး လှေကားထစ်မှာ ထိုင်နေတဲ့ မလေးရှားခရီးသွား ၂ ဦးကို အလုပ်လက်မဲ့အမျိုးသားတစ်ဦးက အနောက်ကနေ လောင်စာဆီလောင်းချ မီးရှို့ကာ ထွက်ပြေးမှု ဩဂုတ်လ ၇ ရက် ည ၁ဝ နာရီခန့်က ဖြစ်ခဲ့ပါတယ်။
အခင်းဖြစ်ပွားချိန်က စျေးဝယ်စင်တာတစ်ခုအနီး လှေကားထစ်မှာ မလေးရှားနိုင်ငံသားတွေဖြစ်တဲ့ မစ္စတာအွန် (အသက် ၂၆ နှစ်) အရွယ် အမျိုးသားတစ်ဦးနဲ့ မစ္စဂန်လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးတို့ ထိုင်နေကြ တာဖြစ်ပါတယ်။ နှစ်ယောက်စလုံးကို King Chulalongkorn Memorial ဆေးရုံ၊ အထူးကြပ်မတ်ကုသရေး ဆောင်ကို ပို့ဆောင်ခဲ့ရပြီး လက်ရှိအခြေအနေ တည်ငြိမ်နေပြီဖြစ်လို့ သိရပါတယ်။ သံသယရှိသူကိုတော့ အခင်း ဖြစ်နေရာနဲ့ မနီးမဝေးမှာ ပြန်လည်ဖမ်းမိခဲ့ပါတယ်။
လုမ်ပီနီရဲစခန်းမှ ရဲမှူးကြီး ယွန်းယစ်ဆူဝမ်နို ရဲ့ပြောကြားချက်အရ သံသယရှိသူဟာ ဆာခိုပြည်နယ်မှ အသက် (၃၀) အရွယ် အလုပ်လက်မဲ့အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိလုမ်ပီနီရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုရဲ့နောက်ကွယ်က အကြောင်းရင်းကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ မေလးရွားခရီးသြားႏွစ္ဦး ထိုင္ေနရင္း မီးရႈိ႕ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁
ထိုင္းႏိုင္ငံရဲ႕ဘန္ေကာက္ၿမိဳ႕၊ ရက္ခ်က္ဒါမီ လမ္းရွိ ေဈးဝယ္စင္တာတစ္ခုအနီး ေလွကားထစ္မွာ ထိုင္ေနတဲ့ မေလးရွားခရီးသြား ၂ ဦးကို အလုပ္လက္မဲ့အမ်ိဳးသားတစ္ဦးက အေနာက္ကေန ေလာင္စာဆီေလာင္းခ် မီးရႈိ႕ကာ ထြက္ေျပးမႈ ဩဂုတ္လ ၇ ရက္ ည ၁ဝ နာရီခန႔္က ျဖစ္ခဲ့ပါတယ္။
အခင္းျဖစ္ပြားခ်ိန္က ေစ်းဝယ္စင္တာတစ္ခုအနီး ေလွကားထစ္မွာ မေလးရွားႏိုင္ငံသားေတြျဖစ္တဲ့ မစၥတာအြန္ (အသက္ ၂၆ ႏွစ္) အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ မစၥဂန္လို႔ အမည္ရတဲ့ အမ်ိဳးသမီးတစ္ဦးတို႔ ထိုင္ေနၾက တာျဖစ္ပါတယ္။ ႏွစ္ေယာက္စလုံးကို King Chulalongkorn Memorial ေဆး႐ုံ၊ အထူးၾကပ္မတ္ကုသေရး ေဆာင္ကို ပို႔ေဆာင္ခဲ့ရၿပီး လက္ရွိအေျခအေန တည္ၿငိမ္ေနၿပီျဖစ္လို႔ သိရပါတယ္။ သံသယရွိသူကိုေတာ့ အခင္း ျဖစ္ေနရာနဲ႔ မနီးမေဝးမွာ ျပန္လည္ဖမ္းမိခဲ့ပါတယ္။
လုမ္ပီနီရဲစခန္းမွ ရဲမႉးႀကီး ယြန္းယစ္ဆူဝမ္ႏို ရဲ႕ေျပာၾကားခ်က္အရ သံသယရွိသူဟာ ဆာခိုျပည္နယ္မွ အသက္ (၃၀) အ႐ြယ္ အလုပ္လက္မဲ့အမ်ိဳးသားတစ္ဦးျဖစ္ၿပီး လက္ရွိလုမ္ပီနီရဲစခန္းမွာ ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ တိုက္ခိုက္မႈရဲ႕ေနာက္ကြယ္က အေၾကာင္းရင္းကို ရဲတပ္ဖြဲ႕က ဆက္လက္ စုံစမ္းသြားမယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.