တန့်ဆည်မြို့နယ်တွင် PDF ခေါင်းဆောင်နေအိမ်ကို ပြည်သူများ ကင်းစောင့်ပေးနေရသော ဖြစ်စဉ်များရှိနေ

 748

Pearl (NP News) - သြဂုတ် ၁၁
တန့်ဆည်မြို့နယ်တွင် PDF ခေါင်းဆောင်နေအိမ်ကို ပြည်သူများ ကင်းစောင့်ပေးနေရသော ဖြစ်စဉ်များ ရှိနေကြောင်း NP News က သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရ သိရသည်။
တန့်ဆည်မြို့နယ်ရှိ ကျေးရွာအချို့တွင် PDF အဖွဲ့က အနိုင်ကျင့် ဗိုလ်ကျမှုများလုပ်ဆောင်နေသည့်အပြင် ကျေးရွာ တစ်ရွာတွင် ညစဉ် အဖွဲ့ခေါင်းဆောင် ဆိုသူ၏ နေအိမ်ကို ဒေသခံပြည်သူများက ကင်းစောင့်ပေးနေရသော ဖြစ်စဉ် ရှိနေကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦး က ပြောသည်။
“ရွာသူ ရွာသားတွေကိုလည်း ညစဉ် ညတိုင်း ကင်းစောင့်ပေးဖို့ခေါ်ထားတယ်။ ရွာသားတွေကပဲ ကင်းစောင့်ပေးရတယ်။ ဘယ်မှ သွားလို့မရတော့ ရွာမှာပဲ နေနေရတာပေါ့။ ပြောင်းရွေ့နေနိုင်တဲ့သူကတော့ နည်းတာပေါ့။ ပြန်ရင်လည်း ရွာဝင်ကြေး ပေးရတယ်။ (၄၊ ၅) သိန်း ၊ တချို့ဆို (၁၅)သိန်း ၊ (၂၀) သိန်း ပြန်တောင်းတယ်။ ရွာမှာ ကျန်တဲ့လူတွေကလည်း ပိုက်ဆံတွေ သူတို့ တောင်းသလောက် ပေးရတယ်။ သူတို့ ခိုင်းတာ လုပ်ပေးရတယ်။ သူတို့တွေ နေတဲ့အိမ်ကို ကင်းစောင့်ရတာ။ ခေါင်းဆောင်နေတဲ့ အိမ်ကို ကင်းစောင့်ပေးရတာ။ ရွာထိပ်မှာ စောင့်ရတာမဟုတ်ဘူး။ ပြည်သူတွေက စောင့်ပြီး နေပေးရတာ တစ်ညမှလည်း မပျက်ဘူး။ ပြည်သူ့အတွက်လို့ ပြောပြီး ပြည်သူက ကင်းပြန်စောင့်နေရတယ်” ဟု ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက NP News သို့ ပြောသည်။
ယခင်က ကျွဲသတ် ၊ နွားသတ် လုပ်ကိုင်ခဲ့သူ တစ်ဦးက သေနတ်ဝယ်ကာ PDF အဖွဲ့ခေါင်အဖြစ် ဆောင်ရွက်နေပြီး တပ်မတော်မှ စစ်ကြောင်းထိုးသည့် အချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကာ စစ်ကြောင်း ပြန်သည့်အချိန်မှ ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်က ကျွဲသတ် ၊ နွားသတ်နဲ့သူက အခုက ခေါင်းဆောင်လုပ်ပြီး သေနတ်ဝယ်ပြီး ရွာထဲက ပိုက်ဆံတွေ ကောက်တာ။ ကျည်ဖိုးတွေဘာဖိုးညာဖိုး အကုန်ကောက်တာ။ တပ်က လာတော့ ကြည့်သေးတယ်။ လာကြည့်တဲ့အချိန် PDF တွေ ဘယ်ပြေးမှန်း မသိဘူး” ဟု ၎င်း ကဆက်လက်ပြောသည်။

Zawgyi Version:
တန႔္ဆည္ၿမိဳ႕နယ္တြင္ PDF ေခါင္းေဆာင္ေနအိမ္ကို ျပည္သူမ်ား ကင္းေစာင့္ေပးေနရေသာ ျဖစ္စဥ္မ်ားရွိေန
Pearl (NP News) - ၾသဂုတ္ ၁၁
တန႔္ဆည္ၿမိဳ႕နယ္တြင္ PDF ေခါင္းေဆာင္ေနအိမ္ကို ျပည္သူမ်ား ကင္းေစာင့္ေပးေနရေသာ ျဖစ္စဥ္မ်ား ရွိေနေၾကာင္း NP News က သတင္းရင္းျမစ္မ်ားထံ ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရ သိရသည္။
တန႔္ဆည္ၿမိဳ႕နယ္ရွိ ေက်း႐ြာအခ်ိဳ႕တြင္ PDF အဖြဲ႕က အႏိုင္က်င့္ ဗိုလ္က်မႈမ်ားလုပ္ေဆာင္ေနသည့္အျပင္ ေက်း႐ြာ တစ္႐ြာတြင္ ညစဥ္ အဖြဲ႕ေခါင္းေဆာင္ ဆိုသူ၏ ေနအိမ္ကို ေဒသခံျပည္သူမ်ားက ကင္းေစာင့္ေပးေနရေသာ ျဖစ္စဥ္ ရွိေနေၾကာင္း အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တစ္ဦး က ေျပာသည္။
“႐ြာသူ ႐ြာသားေတြကိုလည္း ညစဥ္ ညတိုင္း ကင္းေစာင့္ေပးဖို႔ေခၚထားတယ္။ ႐ြာသားေတြကပဲ ကင္းေစာင့္ေပးရတယ္။ ဘယ္မွ သြားလို႔မရေတာ့ ႐ြာမွာပဲ ေနေနရတာေပါ့။ ေျပာင္းေ႐ြ႕ေနႏိုင္တဲ့သူကေတာ့ နည္းတာေပါ့။ ျပန္ရင္လည္း ႐ြာဝင္ေၾကး ေပးရတယ္။ (၄၊ ၅) သိန္း ၊ တခ်ိဳ႕ဆို (၁၅)သိန္း ၊ (၂၀) သိန္း ျပန္ေတာင္းတယ္။ ႐ြာမွာ က်န္တဲ့လူေတြကလည္း ပိုက္ဆံေတြ သူတို႔ ေတာင္းသေလာက္ ေပးရတယ္။ သူတို႔ ခိုင္းတာ လုပ္ေပးရတယ္။ သူတို႔ေတြ ေနတဲ့အိမ္ကို ကင္းေစာင့္ရတာ။ ေခါင္းေဆာင္ေနတဲ့ အိမ္ကို ကင္းေစာင့္ေပးရတာ။ ႐ြာထိပ္မွာ ေစာင့္ရတာမဟုတ္ဘူး။ ျပည္သူေတြက ေစာင့္ၿပီး ေနေပးရတာ တစ္ညမွလည္း မပ်က္ဘူး။ ျပည္သူ႔အတြက္လို႔ ေျပာၿပီး ျပည္သူက ကင္းျပန္ေစာင့္ေနရတယ္” ဟု ျဖစ္စဥ္ကို သိရွိသူ တစ္ဦးက NP News သို႔ ေျပာသည္။
ယခင္က ကြၽဲသတ္ ၊ ႏြားသတ္ လုပ္ကိုင္ခဲ့သူ တစ္ဦးက ေသနတ္ဝယ္ကာ PDF အဖြဲ႕ေခါင္အျဖစ္ ေဆာင္႐ြက္ေနၿပီး တပ္မေတာ္မွ စစ္ေၾကာင္းထိုးသည့္ အခ်ိန္တြင္ ထြက္ေျပးတိမ္းေရွာင္ေနကာ စစ္ေၾကာင္း ျပန္သည့္အခ်ိန္မွ ေက်း႐ြာမ်ားအတြင္း ျပန္လည္ဝင္ေရာက္ေနထိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။
“အရင္က ကြၽဲသတ္ ၊ ႏြားသတ္နဲ႔သူက အခုက ေခါင္းေဆာင္လုပ္ၿပီး ေသနတ္ဝယ္ၿပီး ႐ြာထဲက ပိုက္ဆံေတြ ေကာက္တာ။ က်ည္ဖိုးေတြဘာဖိုးညာဖိုး အကုန္ေကာက္တာ။ တပ္က လာေတာ့ ၾကည့္ေသးတယ္။ လာၾကည့္တဲ့အခ်ိန္ PDF ေတြ ဘယ္ေျပးမွန္း မသိဘူး” ဟု ၎ ကဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.