လာမယ့်ဩဂုတ်လ(၁၅)ရက်နေ့မှာ ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမယ်

163

Pika(NP News)ဩဂုတ်၁၁
လာမယ့် ဩဂုတ်လ(၁၅)ရက်နေ့မှာ ရုရှားသမ္မတပူတင်နဲ့ အလက်စကာပြည်နယ်မှာ တွေ့ဆုံမှုလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားခဲ့ပါတယ်။ဒါ့ပြင် ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် ရုရှားနဲ့ယူကရိန်းကြား နောက်ဆုံးသဘောတူညီချက်တစ်ရပ်မှာ နယ်မြေလဲလှယ်မှုတွေပါဝင်နိုင်တယ်လို့လည်း ဒေါ်နယ်ထရမ့်က အကြံပြုပြောဆိုခဲ့ပါတယ်။ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ကြား သမိုင်းဝင်တွေ့ဆုံမှုကို ရုရှားအစိုးရက နောက်ပိုင်းမှာ အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားအစိုးရတာဝန်ရှိသူ ယူရီယူရှာကော့ဗ်က”ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ရေရှည်ငြိမ်းချမ်းစွာပြေလည်မှုရရှိရေးအတွက် ရွေးချယ်စရာတွေကို ဆွေးနွေးသွားမယ်ဆိုတာ သေချာပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွါးခဲ့ပြီး လက်ရှိအချိန်အထိ သဘောတူညီချက်ရယူနိုင်တာမျိုးမရှိသေးဘဲ နှစ်ဘက်စလုံးက လူထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”အလွန်မျှော်လင့်ထားကြတဲ့ ကျွန်တော်နဲ့ပူတင်ကြားတွေ့ဆုံမှုကို လာမယ့်ဩဂုတ်လ(၁၅)ရက်နေ့မှာ အလက်စကာပြည်နယ်မှာ ကျင်းပသွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
လာမယ့္ဩဂုတ္လ(၁၅)ရက္ေန႔မွာ ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ ေတြ႕ဆုံမယ္
Pika(NP News)ဩဂုတ္၁၁
လာမယ့္ ဩဂုတ္လ(၁၅)ရက္ေန႔မွာ ႐ုရွားသမၼတပူတင္နဲ႔ အလက္စကာျပည္နယ္မွာ ေတြ႕ဆုံမႈလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔ယူကရိန္းၾကား ေနာက္ဆုံးသေဘာတူညီခ်က္တစ္ရပ္မွာ နယ္ေျမလဲလွယ္မႈေတြပါဝင္ႏိုင္တယ္လို႔လည္း ေဒၚနယ္ထရမ့္က အႀကံျပဳေျပာဆိုခဲ့ပါတယ္။ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ၾကား သမိုင္းဝင္ေတြ႕ဆုံမႈကို ႐ုရွားအစိုးရက ေနာက္ပိုင္းမွာ အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။႐ုရွားအစိုးရတာဝန္ရွိသူ ယူရီယူရွာေကာ့ဗ္က”ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ဟာ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ေရရွည္ၿငိမ္းခ်မ္းစြာေျပလည္မႈရရွိေရးအတြက္ ေ႐ြးခ်ယ္စရာေတြကို ေဆြးေႏြးသြားမယ္ဆိုတာ ေသခ်ာပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။(၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြါးခဲ့ၿပီး လက္ရွိအခ်ိန္အထိ သေဘာတူညီခ်က္ရယူႏိုင္တာမ်ိဳးမရွိေသးဘဲ ႏွစ္ဘက္စလုံးက လူေထာင္ေပါင္းမ်ားစြာ ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”အလြန္ေမွ်ာ္လင့္ထားၾကတဲ့ ကြၽန္ေတာ္နဲ႔ပူတင္ၾကားေတြ႕ဆုံမႈကို လာမယ့္ဩဂုတ္လ(၁၅)ရက္ေန႔မွာ အလက္စကာျပည္နယ္မွာ က်င္းပသြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။