နယ်စပ်က အသံချဲ့စက်အချို့ကို မြောက်ကိုရီးယားအစိုးရ ဖျက်သိမ်း

241

Pika (NP News) - သြဂုတ် ၁၁
မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့နယ်နိမိတ်အတွင်းက အသံချဲ့စက်အချို့ကို စတင်ဖျက်သိမ်းလိုက်ပြီလို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ယခုသီတင်းပတ်အစောပိုင်းမှာ တောင်ကိုရီးယားဘက်က ၎င်းရဲ့အသံချဲ့စက်အလုံးရေ(၂၀)ခန့်ကို ဖျက်သိမ်းလိုက် ပြီးနောက် မြောက်ကိုရီးယားအစိုးရရဲ့ဖျက်သိမ်းမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင်မြောက်ကိုရီးယား ဘက်မှာ ပျမ်းမျှအနေနဲ့ အသံချဲ့စက်အလုံးရေ(၄၀)ခန့်ရှိတယ်လို့လည်း (JCS) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နယ်စပ်မှာ အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းဖို့ တောင်ကိုရီးယားသမ္မတသစ် လီဂျေးမြောင်က အမိန့်ပေး ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားဘက်ကလည်း အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လမှာ သမ္မတဖြစ်လာခဲ့တဲ့ လီဂျေးမြောင်ဟာ ယခင်အစိုးရတွေလက်ထက်မှာ အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးတွေကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ဆောင်ဖို့ ကတိပြုခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားဘက်ကို ဝါဒဖြန့်စာစောင်တွေ ပေးပို့မှုကိုရပ်တန့်ဖို့နဲ့ ကြိုတင်သတ်မှတ်ထားတာမျိုးတွေမရှိဘဲ ဆွေးနွေးပွဲတွေကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကို လီဂျေးမြောင်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
နယ္စပ္က အသံခ်ဲ႕စက္အခ်ိဳ႕ကို ေျမာက္ကိုရီးယားအစိုးရ ဖ်က္သိမ္း
Pika (NP News) - ၾသဂုတ္ ၁၁
ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕နယ္နိမိတ္အတြင္းက အသံခ်ဲ႕စက္အခ်ိဳ႕ကို စတင္ဖ်က္သိမ္းလိုက္ၿပီလို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS)က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ယခုသီတင္းပတ္အေစာပိုင္းမွာ ေတာင္ကိုရီးယားဘက္က ၎ရဲ႕အသံခ်ဲ႕စက္အလုံးေရ(၂၀)ခန႔္ကို ဖ်က္သိမ္းလိုက္ ၿပီးေနာက္ ေျမာက္ကိုရီးယားအစိုးရရဲ႕ဖ်က္သိမ္းမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ေျမာက္ကိုရီးယား ဘက္မွာ ပ်မ္းမွ်အေနနဲ႔ အသံခ်ဲ႕စက္အလုံးေရ(၄၀)ခန႔္ရွိတယ္လို႔လည္း (JCS) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ နယ္စပ္မွာ အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြကို ရပ္ဆိုင္းဖို႔ ေတာင္ကိုရီးယားသမၼတသစ္ လီေဂ်းေျမာင္က အမိန႔္ေပး ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာမွာ ေျမာက္ကိုရီးယားဘက္ကလည္း အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြကို ရပ္ဆိုင္းခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ဇြန္လမွာ သမၼတျဖစ္လာခဲ့တဲ့ လီေဂ်းေျမာင္ဟာ ယခင္အစိုးရေတြလက္ထက္မွာ အနိမ့္ဆုံးအဆင့္ကို က်ဆင္းသြားခဲ့တဲ့ ေျမာက္ကိုရီးယားနဲ႔ဆက္ဆံေရးေတြကို ပုံမွန္ျပန္ျဖစ္ေအာင္လုပ္ေဆာင္ဖို႔ ကတိျပဳခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားဘက္ကို ဝါဒျဖန႔္စာေစာင္ေတြ ေပးပို႔မႈကိုရပ္တန႔္ဖို႔နဲ႔ ႀကိဳတင္သတ္မွတ္ထားတာမ်ိဳးေတြမရွိဘဲ ေဆြးေႏြးပြဲေတြကို ပြင့္လင္းျမင္သာစြာ လုပ္ေဆာင္ဖို႔ အရပ္ဘက္အဖြဲ႕အစည္းေတြကို လီေဂ်းေျမာင္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။