အာမေးနီးယား-အဇာဘိုင်ဂျန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို အီရန် ချီးကျူး

 204

Pika (NP News) - သြဂုတ် ၁၁
အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ အာမေးနီးယား-အဇာဘိုင်ဂျန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးကျူးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း အဲဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောဆိုခဲ့တယ်လို့ လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan နဲ့ အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev တို့ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အိမ်ဖြူတော်မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
နှစ်နိုင်ငံကြား ကာလရှည်ကြာတင်းမာနေတဲ့ရန်စမှုတွေကို အဆုံးသတ်စေမယ့် သဘောတူညီချက်မှာ အဇာဘိုင်ဂျန်နိုင်ငံကို Nakhchivan မြို့နဲ့ချိတ်ဆက်ဖို့အတွက် အာမေးနီးယားနိုင်ငံကနေတစ်ဆင့် ဖြတ်သန်း စင်္ကြန်တစ်ခုဖန်တီးဖို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် မဟာဗျူဟာမြောက် သယံဇာတပေါကြွယ်ဝတဲ့ဒေသမှာ “Trump Route for International Peace and Prosperity” (TRIPP)လို့ အမည်ပေးထားတဲ့စင်္ကြန်အတွက် အမေရိကန်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေးတွေ ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အာေမးနီးယား-အဇာဘိုင္ဂ်န္ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အီရန္ ခ်ီးက်ဴး
Pika (NP News) - ၾသဂုတ္ ၁၁
အေမရိကန္ၾကားဝင္ေစ့စပ္ေပးတဲ့ အာေမးနီးယား-အဇာဘိုင္ဂ်န္ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း အဲဒီသေဘာတူညီခ်က္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားဝင္ေရာက္စြက္ဖက္မႈေတြကို အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးေျပာဆိုခဲ့တယ္လို႔ လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အာေမးနီးယားဝန္ႀကီးခ်ဳပ္ Nikol Pashinyan နဲ႔ အဇာဘိုင္ဂ်န္သမၼတ Ilham Aliyev တို႔ဟာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အိမ္ျဖဴေတာ္မွာ လက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။
ႏွစ္ႏိုင္ငံၾကား ကာလရွည္ၾကာတင္းမာေနတဲ့ရန္စမႈေတြကို အဆုံးသတ္ေစမယ့္ သေဘာတူညီခ်က္မွာ အဇာဘိုင္ဂ်န္ႏိုင္ငံကို Nakhchivan ၿမိဳ႕နဲ႔ခ်ိတ္ဆက္ဖို႔အတြက္ အာေမးနီးယားႏိုင္ငံကေနတစ္ဆင့္ ျဖတ္သန္း စၾကၤန္တစ္ခုဖန္တီးဖို႔ ပါဝင္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ မဟာဗ်ဴဟာေျမာက္ သယံဇာတေပါႂကြယ္ဝတဲ့ေဒသမွာ “Trump Route for International Peace and Prosperity” (TRIPP)လို႔ အမည္ေပးထားတဲ့စၾကၤန္အတြက္ အေမရိကန္ႏိုင္ငံက ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာအခြင့္အေရးေတြ ရရွိမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.