အခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း

 4679

သန့်ဇင် (NP News) - ဩဂုတ် ၁၂
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၂ / ၂၀၂၅ အရ ဩဂုတ်လ ၁၁ ရက်တွင်ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
ဥပဒေ ပုဒ်မ ၃ ကို အစားထိုးလိုက်​ခြင်းဖြစ်ကာ ယင်း ပုဒ်မ ၏ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြေပုံပါရှိကြောင်း၊ အရွက် ၁၄ ရွက်စီ ပါဝင်သော သပြေခက်များသည် မြေပုံ၏ တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။ နိုင်ငံတော်မြေပုံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နယ်နိမိတ်ပုံသဏ္ဌာန်ကိုလည်းကောင်း၊ သပြေခက်များသည် အောင်အတိတ် အောင်နိမိတ်ဆောင်ခြင်းကိုလည်းကောင်း ကိုယ်စားပြုသည်ဟု ဖော်ပြထားသည်။
ပုဒ်မခွဲ (ခ)အရ သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာ့လက်ရာ ကေသရာဇာခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲဘက်ရှိ ခြင်္သေ့သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်ရှိ ခြင်္သေ့သည် လက်ယာဘက်သို့ လည်းကောင်း မျက်နှာမူလျက်ရှိသည်။ ခြင်္သေ့ နှစ်စီးသည် အချုပ်အခြာ အာဏာပိုင်စိုးခြင်း၊ ရဲရင့်ခြင်း၊ လုံ့လဝီရိယရှိခြင်းနှင့် ဘေးအန္တရာယ်ဟူသမျှကို ကြီးသည် ငယ်သည် မဟူတူညီသော အားထုတ်မှုဖြင့် နှိမ်နင်းခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ ခြင်္သေ့နှစ်စီးကို နိုင်ငံတော်မြေပုံ၏ တစ်ဖက် တစ်ချက်တွင် ရံထားခြင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်ဟု ဆိုသည်။
ထို့ပြင် ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော စာတမ်းကို နိုင်ငံတော်အထိမ်း အမှတ်တံဆိပ် အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။ ပြည်ထောင်စု ဟူသောစာတမ်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း၊ သမ္မတဟူသောစာတမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံ အောက်ရှိ အလယ်ဗဟိုတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဟူသော စာတမ်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်းထားရှိသည်ဟု ဆိုသည်။
ပုဒ်မခွဲ (ဃ) အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ကြယ်လက်တံငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။ ကြယ်သည် ကောင်းကင်၌ ကိုယ်ပိုင်ပကတိအလင်းရောင်ဖြင့် ထင်ရှားသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့် နိုင်ငံအဖြစ် ရပ်တည်သည်ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်ဟု ဖော်ပြထားသည်။
ပုဒ်မခွဲ ( င) အရ ကြယ်၏ တစ်ဖက်တစ်ချက်တွင် မြန်မာ့ရိုးရာကနုတ်ပန်းများဖြင့် ပုံဖော်ထားသည့် မြန်မာပန်းပုံသဏ္ဌာန်ပန်းခက်ပြားများရှိသည်။ ပန်းခက်ပြားများသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်မြင့်မားခြင်းနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ရပ်တည်ခြင်း ဟူသောအဓိပ္ပာယ်ကို ဖော်ညွှန်းသည်ဟုလည်း ဆိုထားသည်။
ပုဒ်မခွဲ( စ ) အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အောက်ခံအနီရောင်ပေါ်တွင် ရွှေဝါရောင် ဖြင့် ပုံဖော်ထားပြီး တံဆိပ်၏ ကောက်ကြောင်းမျဉ်းများကို အနက်ရောင်ဖြင့် ရေးဆွဲထားသည်။ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကိုလည်းကောင်း၊ ရွှေဝါရောင်သည် မြတ်နိုးတန်ဖိုးထားအပ်ခြင်း ဟူသော အဓိပ္ပာယ်ကိုလည်းကောင်း ဖော်ညွှန်းသည်ဟု ဖော်ပြထားသည်။
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (ခ)ပါ “ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း” ဆိုသည့် စကားရပ်ကို “ပြောင်းလဲစေရန်ပြင်ဆင်၍ အသုံးပြုခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟုလည်း ပြဋ္ဌာန်းထားကြောင်း သိရသည်။

အေျခခံဥပေဒပုဒ္မ ၄၂၇ အရ ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္ဥပေဒကိုျပင္ဆင္သည့္ဥပေဒ ျပ႒ာန္း
သန္႔ဇင္ (NP News) - ဩဂုတ္ ၁၂
အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၂၇ အရ ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္ဥပေဒကို ျပင္ဆင္သည့္ဥပေဒကို ျပ႒ာန္းလိုက္ေၾကာင္း သိရသည္။
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီဥပေဒအမွတ္ ၂ / ၂၀၂၅ အရ ဩဂုတ္လ ၁၁ ရက္တြင္ျပ႒ာန္းလိုက္ေၾကာင္း သိရသည္။
ဥပေဒ ပုဒ္မ ၃ ကို အစားထိုးလိုက္​ျခင္းျဖစ္ကာ ယင္း ပုဒ္မ ၏ ပုဒ္မခြဲ (က) တြင္ ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္၏ အလယ္တြင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ေျမပုံပါရွိေၾကာင္း၊ အ႐ြက္ ၁၄ ႐ြက္စီ ပါဝင္ေသာ သေျပခက္မ်ားသည္ ေျမပုံ၏ တစ္ဖက္တစ္ခ်က္စီတြင္ ပါရွိသည္။ ႏိုင္ငံေတာ္ေျမပုံသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ နယ္နိမိတ္ပုံသဏၭာန္ကိုလည္းေကာင္း၊ သေျပခက္မ်ားသည္ ေအာင္အတိတ္ ေအာင္နိမိတ္ေဆာင္ျခင္းကိုလည္းေကာင္း ကိုယ္စားျပဳသည္ဟု ေဖာ္ျပထားသည္။
ပုဒ္မခြဲ (ခ)အရ သေျပခက္မ်ား၏ တစ္ဖက္တစ္ခ်က္တြင္ အႏုပညာေျမာက္ ျမန္မာ့လက္ရာ ေကသရာဇာျခေသၤ့တစ္စီးစီရွိသည္။ လက္ဝဲဘက္ရွိ ျခေသၤ့သည္ လက္ဝဲဘက္သို႔လည္းေကာင္း၊ လက္ယာဘက္ရွိ ျခေသၤ့သည္ လက္ယာဘက္သို႔ လည္းေကာင္း မ်က္ႏွာမူလ်က္ရွိသည္။ ျခေသၤ့ ႏွစ္စီးသည္ အခ်ဳပ္အျခာ အာဏာပိုင္စိုးျခင္း၊ ရဲရင့္ျခင္း၊ လုံ႔လဝီရိယရွိျခင္းႏွင့္ ေဘးအႏၲရာယ္ဟူသမွ်ကို ႀကီးသည္ ငယ္သည္ မဟူတူညီေသာ အားထုတ္မႈျဖင့္ ႏွိမ္နင္းျခင္း ဟူေသာ အဓိပၸာယ္ကို ေဖာ္ၫႊန္းသည္။ ျခေသၤ့ႏွစ္စီးကို ႏိုင္ငံေတာ္ေျမပုံ၏ တစ္ဖက္ တစ္ခ်က္တြင္ ရံထားျခင္းမွာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ကို ကာကြယ္ေစာင့္ေရွာက္ျခင္း ဟူေသာ အဓိပၸာယ္ကို ေဖာ္ၫႊန္းသည္ဟု ဆိုသည္။
ထို႔ျပင္ ပုဒ္မခြဲ (ဂ) အရ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ဟူေသာ စာတမ္းကို ႏိုင္ငံေတာ္အထိမ္း အမွတ္တံဆိပ္ ေအာက္ေျခဖဲျပားေပၚတြင္ ေဖာ္ျပထားသည္။ ျပည္ေထာင္စု ဟူေသာစာတမ္းကို လက္ဝဲဘက္ရွိ ျခေသၤ့ေအာက္တြင္လည္းေကာင္း၊ သမၼတဟူေသာစာတမ္းကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ေျမပုံ ေအာက္ရွိ အလယ္ဗဟိုတြင္လည္းေကာင္း၊ ျမန္မာႏိုင္ငံေတာ္ဟူေသာ စာတမ္းကို လက္ယာဘက္ရွိ ျခေသၤ့ေအာက္တြင္လည္းေကာင္းထားရွိသည္ဟု ဆိုသည္။
ပုဒ္မခြဲ (ဃ) အရ ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္၏ ထိပ္တြင္ ၾကယ္လက္တံငါးခုရွိေသာ ၾကယ္တစ္လုံးသည္ အထက္သို႔ မတ္မတ္ၫႊန္းလ်က္ရွိသည္။ ၾကယ္သည္ ေကာင္းကင္၌ ကိုယ္ပိုင္ပကတိအလင္းေရာင္ျဖင့္ ထင္ရွားသကဲ့သို႔ ျမန္မာႏိုင္ငံသည္လည္း အခ်ဳပ္အျခာအာဏာပိုင္လြတ္လပ္သည့္ ႏိုင္ငံအျဖစ္ ရပ္တည္သည္ဟူေသာ အဓိပၸာယ္ကို ေဖာ္ၫႊန္းသည္ဟု ေဖာ္ျပထားသည္။
ပုဒ္မခြဲ ( င) အရ ၾကယ္၏ တစ္ဖက္တစ္ခ်က္တြင္ ျမန္မာ့႐ိုးရာကႏုတ္ပန္းမ်ားျဖင့္ ပုံေဖာ္ထားသည့္ ျမန္မာပန္းပုံသဏၭာန္ပန္းခက္ျပားမ်ားရွိသည္။ ပန္းခက္ျပားမ်ားသည္ ျမန္မာတို႔၏ ယဥ္ေက်းမႈအေမြအႏွစ္ျမင့္မားျခင္းႏွင့္ ကိုယ္ပိုင္ယဥ္ေက်းမႈျဖင့္ ရပ္တည္ျခင္း ဟူေသာအဓိပၸာယ္ကို ေဖာ္ၫႊန္းသည္ဟုလည္း ဆိုထားသည္။
ပုဒ္မခြဲ( စ ) အရ ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္ကို ေအာက္ခံအနီေရာင္ေပၚတြင္ ေ႐ႊဝါေရာင္ ျဖင့္ ပုံေဖာ္ထားၿပီး တံဆိပ္၏ ေကာက္ေၾကာင္းမ်ဥ္းမ်ားကို အနက္ေရာင္ျဖင့္ ေရးဆြဲထားသည္။ အနီေရာင္သည္ ရဲရင့္ျခင္းႏွင့္ ျပတ္သားျခင္းဟူေသာ အဓိပၸာယ္ကိုလည္းေကာင္း၊ ေ႐ႊဝါေရာင္သည္ ျမတ္ႏိုးတန္ဖိုးထားအပ္ျခင္း ဟူေသာ အဓိပၸာယ္ကိုလည္းေကာင္း ေဖာ္ၫႊန္းသည္ဟု ေဖာ္ျပထားသည္။
ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္ဥပေဒ ပုဒ္မ ၆ ပုဒ္မခြဲ (ခ)ပါ “ဖ်က္ဆီးျခင္း သို႔မဟုတ္ ဖ်က္ဆီးေစျခင္း” ဆိုသည့္ စကားရပ္ကို “ေျပာင္းလဲေစရန္ျပင္ဆင္၍ အသုံးျပဳျခင္း၊ ဖ်က္ဆီးျခင္း သို႔မဟုတ္ ဖ်က္ဆီးေစျခင္း” ဆိုသည့္ စကားရပ္ျဖင့္ အစားထိုးရမည္ဟုလည္း ျပ႒ာန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.