ကယားလက်နက်ကိုင်များ ခဲယမ်းပြတ်တောက်မှုများနှင့် ကြုံတွေ့နေရဖွယ်ရှိကြောင်း သုံးသပ်

 2984

သုတကျော် (NP News) - သြဂုတ် ၁၂
တပြေးတည်း ပြေးနေရသော ကယားလက်နက်ကိုင်များအနေဖြင့် ခဲယမ်း ပြတ်တောက်မှုများ ကြုံတွေ့နေရပြီ ဖြစ်ကြောင်း ယင်းလက်နက် ကိုင်အဖွဲ့များနှင့်ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ် တစ်ဦးက NP News သို့ ပြောသည်။
ကယားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်အထိ နယ်ကျော်ကာ ၎င်းတို့ လက်နက်သယ်ယူရေး လမ်းကြောင်းရရှိရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သည့်အတွက် တပ်မတော်၏ ထိုးစစ်များကြောင့် ဆုတ်ခွာနေရ သောအခြေအနေဖြစ်သည်။
“အင်အားလည်း မရှိဘူး။ ကျွန်တော် ထင်တယ်ဒီကောင်တွေ ကျည်ဆန်မရှိတော့ဘူးထင် တယ်။ တဖြည်းဖြည်း ဆုတ်တယ်။ နန့်မယ်ခုံမှာ ခံစစ်ပြင်နေတယ်ကြားတယ်။ နောက်ဆုံး တောင်တွေပေါ်ပဲ ဆုတ်စရာကျန်တော့တယ်။ မိုးဗြဲတစ်ကြောမှာ ဘာလို့ ကျန်နေသေးလဲဆိုတော့ ရှမ်းတောင်မှာ အဲဒီနေရာကပဲ ဆန်စပါးအထွက်ဆုံးပဲ။ နန့်မယ်ခုံ၊ ဘုရားဖြူ၊ ဘုရားနီ လွိုင်ကော်အစပ် အဲဒီဧရိယာက လယ်ကွင်းအများဆုံးပဲ။ ဘီလူး ချောင်းဘေး ဘယ်၊ ညာ ဖြစ်တဲ့ အတွက် စိုက်သမျှ အကုန်ဖြစ်တယ်။ အဲဒီဧရိယာကို ဒီကောင်တွေ လက်လွှတ်ရတော့မှာ” ဟု ၎င်းကဆိုသည်။ လက်ရှိ တွေ့မြင်ရသော အနေအထားအရလည်း ကယားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ထိန်းချုပ်နယ်မြေများကို စွန့်လွှတ်နေ သော အနေအထားဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဒီကောင်တွေ ဒီဘက်က ရွာတွေတောင် စွန့်လွှတ်နေပြီ။ ကျည် ဆန်ရှိရင် ခံတိုက်ဦးမှာ။ ဒီကောင်တွေ ပြဿနာတက်နေတာ လက်နက်ခဲယမ်းပဲ။ တိုက်ပွဲဖြစ်ရင် တစ်မနက်တင်ကို ကျည်ဆန်က (၂၀ဝ) လောက် လိုတယ်။ ကျည်ဆန် (၂၀ဝ) ဆိုတာက တကယ်ပြောတာ ခံစစ် ပြင်တဲ့သူက ပိုလိုတယ်။ ဒီဘက်ကရွာတွေမှာ ဆုတ် ပြီ” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် တပ်မတော်က မိုးဗြဲမြို့၊ ဖယ်ခုံ မြို့တို့ကို အပြည့်အဝ ပြန်လည်ထိန်း ချုပ်ပြီးနောက် လွိုင်ကော် - ပင်လောင်း လမ်းမကြီးကို ဖွင့်နိုင်ခဲ့ပြီဖြစ်ရာ ပြည်သူများအနေဖြင့် ကုန်သွယ် ရေးအတွက် များစွာအဆင်ပြေသွားခဲ့ကြောင်းလည်း သိရသည်။ “ကုန်သွယ်စီးပွား တိုးတက်တာပေါ့ဗျ အဲဒီလမ်းက အားလုံးမျှော်လင့်နေတဲ့လမ်း။ အဲဒီလမ်းကောင်းရင် ဆီဆိုင်လမ်း ဘယ်သူမှမသွားဘူး။ လွိုင်ကော်က သွားတဲ့သူဆယ် ယောက်မှာ ရှစ်ယောက်က အဲဒီလမ်းပဲသုံးချင်တာ။ အဲဒီလမ်းကပဲ တောင်ကြီး ကိုသွားချင်ကြတာ” ဟု အခြားလွိုင် ကော်မြို့ခံ တစ်ဦးကပြောသည်။ အဆိုပါ လမ်းမကြီးမှာ လမ်းကြောရှည် သည့်အတွက် ယင်းလမ်းပိုင်းအချို့နေရာ များတွင် ကယန်းပြည်သစ် လက်နက်ကိုင်အဖွဲ့ ၏အမာခံ ကယန်း တိုင်းရင်းသား ကျေးရွာများလည်း ရှိရာ အဆိုပါ လက်နက်ကိုင်များကိုလည်း တာဝန်ခံစေ သင့်ကြောင်း ၎င်းက အကြံပြုသည်။ “တစ်ခုခုဖြစ်ရင် ခင်ဗျားတို့တာဝန်ယူ၊ ခင်ဗျားတို့ ရှင်းရမယ်ဆိုပြီး လုပ်ရမှာ။ ဒါဆို တပ်ဘက်ကလည်း တိုက်ခိုက်ရေးကို လုပ်လို့ရမယ်။ သူတို့ချည်းပေးတာ ထက် တွဲထားတာပေါ့။ ဒါဆို လမ်းပိုင်းက ပိုပြီး Safe ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ကယားလက္နက္ကိုင္မ်ား ခဲယမ္းျပတ္ေတာက္မႈမ်ားႏွင့္ ႀကဳံေတြ႕ေနရဖြယ္ရွိေၾကာင္း သုံးသပ္
သုတေက်ာ္ (NP News) - ၾသဂုတ္ ၁၂
တေျပးတည္း ေျပးေနရေသာ ကယားလက္နက္ကိုင္မ်ားအေနျဖင့္ ခဲယမ္း ျပတ္ေတာက္မႈမ်ား ႀကဳံေတြ႕ေနရၿပီ ျဖစ္ေၾကာင္း ယင္းလက္နက္ ကိုင္အဖြဲ႕မ်ားႏွင့္ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္ တစ္ဦးက NP News သို႔ ေျပာသည္။
ကယားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ရွမ္းျပည္နယ္အထိ နယ္ေက်ာ္ကာ ၎တို႔ လက္နက္သယ္ယူေရး လမ္းေၾကာင္းရရွိရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း မေအာင္ျမင္သည့္အတြက္ တပ္မေတာ္၏ ထိုးစစ္မ်ားေၾကာင့္ ဆုတ္ခြာေနရ ေသာအေျခအေနျဖစ္သည္။
“အင္အားလည္း မရွိဘူး။ ကြၽန္ေတာ္ ထင္တယ္ဒီေကာင္ေတြ က်ည္ဆန္မရွိေတာ့ဘူးထင္ တယ္။ တျဖည္းျဖည္း ဆုတ္တယ္။ နန႔္မယ္ခုံမွာ ခံစစ္ျပင္ေနတယ္ၾကားတယ္။ ေနာက္ဆုံး ေတာင္ေတြေပၚပဲ ဆုတ္စရာက်န္ေတာ့တယ္။ မိုးၿဗဲတစ္ေၾကာမွာ ဘာလို႔ က်န္ေနေသးလဲဆိုေတာ့ ရွမ္းေတာင္မွာ အဲဒီေနရာကပဲ ဆန္စပါးအထြက္ဆုံးပဲ။ နန႔္မယ္ခုံ၊ ဘုရားျဖဴ၊ ဘုရားနီ လြိဳင္ေကာ္အစပ္ အဲဒီဧရိယာက လယ္ကြင္းအမ်ားဆုံးပဲ။ ဘီလူး ေခ်ာင္းေဘး ဘယ္၊ ညာ ျဖစ္တဲ့ အတြက္ စိုက္သမွ် အကုန္ျဖစ္တယ္။ အဲဒီဧရိယာကို ဒီေကာင္ေတြ လက္လႊတ္ရေတာ့မွာ” ဟု ၎ကဆိုသည္။ လက္ရွိ ေတြ႕ျမင္ရေသာ အေနအထားအရလည္း ကယားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ထိန္းခ်ဳပ္နယ္ေျမမ်ားကို စြန႔္လႊတ္ေန ေသာ အေနအထားျဖစ္ေၾကာင္း ၎က ရွင္းျပသည္။ “ဒီေကာင္ေတြ ဒီဘက္က ႐ြာေတြေတာင္ စြန႔္လႊတ္ေနၿပီ။ က်ည္ ဆန္ရွိရင္ ခံတိုက္ဦးမွာ။ ဒီေကာင္ေတြ ျပႆနာတက္ေနတာ လက္နက္ခဲယမ္းပဲ။ တိုက္ပြဲျဖစ္ရင္ တစ္မနက္တင္ကို က်ည္ဆန္က (၂၀ဝ) ေလာက္ လိုတယ္။ က်ည္ဆန္ (၂၀ဝ) ဆိုတာက တကယ္ေျပာတာ ခံစစ္ ျပင္တဲ့သူက ပိုလိုတယ္။ ဒီဘက္က႐ြာေတြမွာ ဆုတ္ ၿပီ” ဟု ၎ကဆိုသည္။ လက္ရွိတြင္ တပ္မေတာ္က မိုးၿဗဲၿမိဳ႕၊ ဖယ္ခုံ ၿမိဳ႕တို႔ကို အျပည့္အဝ ျပန္လည္ထိန္း ခ်ဳပ္ၿပီးေနာက္ လြိဳင္ေကာ္ - ပင္ေလာင္း လမ္းမႀကီးကို ဖြင့္ႏိုင္ခဲ့ၿပီျဖစ္ရာ ျပည္သူမ်ားအေနျဖင့္ ကုန္သြယ္ ေရးအတြက္ မ်ားစြာအဆင္ေျပသြားခဲ့ေၾကာင္းလည္း သိရသည္။ “ကုန္သြယ္စီးပြား တိုးတက္တာေပါ့ဗ် အဲဒီလမ္းက အားလုံးေမွ်ာ္လင့္ေနတဲ့လမ္း။ အဲဒီလမ္းေကာင္းရင္ ဆီဆိုင္လမ္း ဘယ္သူမွမသြားဘူး။ လြိဳင္ေကာ္က သြားတဲ့သူဆယ္ ေယာက္မွာ ရွစ္ေယာက္က အဲဒီလမ္းပဲသုံးခ်င္တာ။ အဲဒီလမ္းကပဲ ေတာင္ႀကီး ကိုသြားခ်င္ၾကတာ” ဟု အျခားလြိဳင္ ေကာ္ၿမိဳ႕ခံ တစ္ဦးကေျပာသည္။ အဆိုပါ လမ္းမႀကီးမွာ လမ္းေၾကာရွည္ သည့္အတြက္ ယင္းလမ္းပိုင္းအခ်ိဳ႕ေနရာ မ်ားတြင္ ကယန္းျပည္သစ္ လက္နက္ကိုင္အဖြဲ႕ ၏အမာခံ ကယန္း တိုင္းရင္းသား ေက်း႐ြာမ်ားလည္း ရွိရာ အဆိုပါ လက္နက္ကိုင္မ်ားကိုလည္း တာဝန္ခံေစ သင့္ေၾကာင္း ၎က အႀကံျပဳသည္။ “တစ္ခုခုျဖစ္ရင္ ခင္ဗ်ားတို႔တာဝန္ယူ၊ ခင္ဗ်ားတို႔ ရွင္းရမယ္ဆိုၿပီး လုပ္ရမွာ။ ဒါဆို တပ္ဘက္ကလည္း တိုက္ခိုက္ေရးကို လုပ္လို႔ရမယ္။ သူတို႔ခ်ည္းေပးတာ ထက္ တြဲထားတာေပါ့။ ဒါဆို လမ္းပိုင္းက ပိုၿပီး Safe ျဖစ္တယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.