ဂါဇာထိုးစစ်ဆင်မှုအသစ်အတွက် မူဘောင်တစ်ခုကို အစ္စရေးအတည်ပြု

151

Pika (NP News) - သြဂုတ် ၁၆
ဂါဇာကမ်းမြောင်ဒေသတွင် ထိုးစစ်ဆင်မှုအသစ်အတွက် မူဘောင်တစ်ခုကို အစ္စရေးစစ်တပ်က အတည်ပြုခဲ့ ကြောင်းသိရသည်။ ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရသိမ်းယူမှုများလုပ်ဆောင်ရန် အစ္စ ရေးအစိုးရကအတည်ပြုခဲ့ ပြီးနောက် ရက်ပိုင်းအကြာတွင် ထိုးစစ်ဆင်မှုအသစ်အတွက် အတည်ပြုထားသည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ် သည်။
အစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်တွင် ‘ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုအသစ် အတွက် မူဘောင်တစ်ခုကို အစ္စရေးစစ်တပ်အကြီးအကဲ Eyal Zamir က အတည်ပြုခဲ့ပါတယ်’ဟုပြောဆိုခဲ့သည်။ သို့သော်လည်း ထိုးစစ်ဆင်မှုအသစ်နှင့်ပတ်သက်ပြီး တိကျသော အချိန်ဇယားကို အစ္စရေးဝန်ကြီးချုပ်နေတန် ရာဟု အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ ကြောင်းသိရသည်။ ထို့ပြင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေ သတွင် ပြင်းထန်သောကျူး ကျော်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဂါဇာအစိုးရမီဒီယာရုံး၏ ဒါရိုက်တာ Ismail Al-Thawabta က ထုတ်ဖော်ပြောဆိုခဲ့သည်။
Ismail Al-Thawabta က ‘ဒီတိုက်ခိုက်မှုတွေ ဟာ လက်တွေ့မြေပြင်မှာ အင်အားသုံး တွန်းအားပေးဖို့ရည်ရွယ်တဲ့ ကြီးမားတဲ့အန္တရာယ်တိုးမြင့်လာ မှုတွေကိုကိုယ်စားပြုပါ တယ်’ ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဂါဇာကမ်း မြောင်ဒေသ၏ လူနေရပ်ကွက်များတွင် အစ္စရေး၏လေကြောင်း တိုက် ခိုက်မှုများ ပြင်းထန်လာခဲ့ကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအေဂျင်စီက သတင်း ထုတ်ပြန်ခဲ့သည်။
zawgyi version
ဂါဇာထိုးစစ္ဆင္မႈအသစ္အတြက္ မူေဘာင္တစ္ခုကို အစၥေရးအတည္ျပဳ
ဂါဇာကမ္းေျမာင္ေဒသတြင္ ထိုးစစ္ဆင္မႈအသစ္အတြက္ မူေဘာင္တစ္ခုကို အစၥေရးစစ္တပ္က အတည္ျပဳခဲ့ ေၾကာင္းသိရသည္။ ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရသိမ္းယူမႈမ်ားလုပ္ေဆာင္ရန္ အစၥ ေရးအစိုးရကအတည္ျပဳခဲ့ ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ထိုးစစ္ဆင္မႈအသစ္အတြက္ အတည္ျပဳထားသည့္အစီအစဥ္ ထြက္ေပၚလာျခင္းျဖစ္ သည္။
အစၥေရးစစ္တပ္၏ထုတ္ျပန္ခ်က္တြင္ ‘ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးတပ္ဖြဲ႕ေတြရဲ႕ ထိုးစစ္ဆင္မႈအသစ္ အတြက္ မူေဘာင္တစ္ခုကို အစၥေရးစစ္တပ္အႀကီးအကဲ Eyal Zamir က အတည္ျပဳခဲ့ပါတယ္’ဟုေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ထိုးစစ္ဆင္မႈအသစ္ႏွင့္ပတ္သက္ၿပီး တိက်ေသာ အခ်ိန္ဇယားကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ ရာဟု အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂါဇာကမ္းေျမာင္ေဒ သတြင္ ျပင္းထန္ေသာက်ဴး ေက်ာ္တိုက္ခိုက္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ဂါဇာအစိုးရမီဒီယာ႐ုံး၏ ဒါ႐ိုက္တာ Ismail Al-Thawabta က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Ismail Al-Thawabta က ‘ဒီတိုက္ခိုက္မႈေတြ ဟာ လက္ေတြ႕ေျမျပင္မွာ အင္အားသုံး တြန္းအားေပးဖို႔ရည္႐ြယ္တဲ့ ႀကီးမားတဲ့အႏၲရာယ္တိုးျမင့္လာ မႈေတြကိုကိုယ္စားျပဳပါ တယ္’ ဟု ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ဂါဇာကမ္း ေျမာင္ေဒသ၏ လူေနရပ္ကြက္မ်ားတြင္ အစၥေရး၏ေလေၾကာင္း တိုက္ ခိုက္မႈမ်ား ျပင္းထန္လာခဲ့ေၾကာင္း ဂါဇာအရပ္ဘက္ကာကြယ္ေရးေအဂ်င္စီက သတင္း ထုတ္ျပန္ခဲ့သည္။
Pika (Ref : rthk)