ဘဏ္ဍာနှစ်လေးလအတွင်းငါးတန်ချိန်ရှစ်သောင်းကျော်ပြည်ပသို့တင်ပို့နိုင်ဟုဆို

 102

ပြည့်ဖြိုး (NP News) ဩဂုတ် (၁၆)

ပြည်တွင်း ရေထွက်ကုန်များကိုပြည်ပသို့တင်ပို့လျက်ရှိရာတွင် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်စ ဧပြီလမှ ဇူလိုင်လအထိ ၄ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ငါးမက်ထရစ်တန်ချိန် ၈၀,၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၉၆ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါသည်။
“ယခုဘဏ္ဍာနှစ်မှာဆိုရင် နှစ်စဧပြီ ၁ ရက်ကနေ ဇူလိုင်လကုန် ၃၁ ရက်အထိကို လေးလအတွင်း ငါးမက်ထရစ်တန် ချိန် ၈၁,၀၆၄ ဒသမ ၇၂၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ အဲဒီတင်ပို့မှုကနေလည်း အမေရိကန်ဒေါ်လာ၉၆ ဒသမ ၀၇၅ သန်းရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပသို့ငါးတင်ပို့ရာတွင် ပုံမှန်ပင်လယ်ရေကြောင်းကုန်သွယ်ရေးဖြင့် ငါးမက်ထရစ်တန် (၄၅,၉၃၉ ဒသမ ၅ )တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၇ ဒသမ ၀၆၇) သန်းရရှိခဲ့ကြောင်း၊ အလားတူနယ်စပ်ကုန် သွယ်မှုအနေဖြင့် ငါးမက်ထရစ်တန် (၃၅,၁၂၅ ဒသမ ၂၂၁) တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၉ ဒသမ ၀၀၈) သန်းရရှိခဲ့သည့်အတွက် ပြည်ပသို့ စုစုပေါင်း ငါးမက်ထရစ်တန် (၈၁,၀၆၄ ဒသမ ၇၂၁) တန် တင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ (၉၆ ဒသမ ၀၇၅) သန်းရရှိထား ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းထွက် ငါးအပါအဝင် ရေထွက်ကုန်များပစ္စည်းများကိုပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာယခုဘဏ္ဍာနှစ်၏ လေးလတာကာလအတွင်း ရေထွက်ကုန်ပစ္စည်း စုစုပေါင်းတင်ပို့မှုအနေဖြင့်လည်း မက်ထရစ်တန်ချိန် (၁၁၅,၉၇၁ ဒသမ ၂၅၈) တန် တင်ပို့ထားနိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

zawgyi version

ဘ႑ာႏွစ္ေလးလအတြင္းငါးတန္ခ်ိန္ရွစ္ေသာင္းေက်ာ္ျပည္ပသို႔တင္ပို႔ႏိုင္ဟုဆို
ျပည့္ၿဖိဳး (NP News) ဩဂုတ္ (၁၆)
ျပည္တြင္း ေရထြက္ကုန္မ်ားကိုျပည္ပသို႔တင္ပို႔လ်က္ရွိရာတြင္ ယခု ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္စ ဧၿပီလမွ ဇူလိုင္လအထိ ၄ လတာကာလအတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ငါးမက္ထရစ္တန္ခ်ိန္ ၈၀,၀၀၀ ေက်ာ္ တင္ပို႔ထားၿပီး အေမရိကန္ေဒၚလာ ၉၆ သန္းေက်ာ္ ရရွိထားေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရပါသည္။
“ယခုဘ႑ာႏွစ္မွာဆိုရင္ ႏွစ္စဧၿပီ ၁ ရက္ကေန ဇူလိုင္လကုန္ ၃၁ ရက္အထိကို ေလးလအတြင္း ငါးမက္ထရစ္တန္ ခ်ိန္ ၈၁,၀၆၄ ဒသမ ၇၂၁ တန္ တင္ပို႔ႏိုင္ခဲ့ပါတယ္။ အဲဒီတင္ပို႔မႈကေနလည္း အေမရိကန္ေဒၚလာ၉၆ ဒသမ ၀၇၅ သန္းရရွိခဲ့တာ ျဖစ္ပါတယ္” ဟု ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျပည္ပသို႔ငါးတင္ပို႔ရာတြင္ ပုံမွန္ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးျဖင့္ ငါးမက္ထရစ္တန္ (၄၅,၉၃၉ ဒသမ ၅ )တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ (၆၇ ဒသမ ၀၆၇) သန္းရရွိခဲ့ေၾကာင္း၊ အလားတူနယ္စပ္ကုန္ သြယ္မႈအေနျဖင့္ ငါးမက္ထရစ္တန္ (၃၅,၁၂၅ ဒသမ ၂၂၁) တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ (၂၉ ဒသမ ၀၀၈) သန္းရရွိခဲ့သည့္အတြက္ ျပည္ပသို႔ စုစုေပါင္း ငါးမက္ထရစ္တန္ (၈၁,၀၆၄ ဒသမ ၇၂၁) တန္ တင္ပို႔ႏိုင္ခဲ့ၿပီးအေမရိကန္ေဒၚလာ (၉၆ ဒသမ ၀၇၅) သန္းရရွိထား ျခင္းျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းထြက္ ငါးအပါအဝင္ ေရထြက္ကုန္မ်ားပစၥည္းမ်ားကိုျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔လ်က္ရွိရာယခုဘ႑ာႏွစ္၏ ေလးလတာကာလအတြင္း ေရထြက္ကုန္ပစၥည္း စုစုေပါင္းတင္ပို႔မႈအေနျဖင့္လည္း မက္ထရစ္တန္ခ်ိန္ (၁၁၅,၉၇၁ ဒသမ ၂၅၈) တန္ တင္ပို႔ထားႏိုင္ခဲ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

Related news

© 2021. All rights reserved.