မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးယုံကြည်မှုများရရှိစေရန် တည်ဆောက်မည်ဟု တောင်ကိုရီးယားသမ္မတ ကတိပြု

 119

ဂျန်ဇက် (NP News) ဩဂုတ် (၁၆)ရက်

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးစနစ်ကို လေးစားမှုရှိသလို စစ်ရေး ယုံကြည်မှုရရှိရန် တည်ဆောက်သွား မည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့အနေဖြင့် တောင်ကိုရီးယားနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် လုပ်ဆောင်ရန် စိတ်မဝင်စားကြောင်းထုတ် ဖော်ပြောဆိုလိုက်ပြီး နောက်တစ်ရက်အကြာတွင် တောင်ကိုရီးယားသမ္မတ က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတသည် ဇွန်လတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲပြီးချိန် တည်းက မြောက်ကိုရီးယားနိုင်ငံနှင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ တွေ့ဆုံဆွေးနွေးရန် လိုလားနေကြောင်းသိရသည်။

တောင်ကိုရီးယားသမ္မတက ‘ကျွန်တော်တို့ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ယုံကြည်မှုပြန်လည်ထိန်းသိမ်းဖို့နဲ့ တင်းမာမှုတွေလျှော့ချဖို့ လုပ်ဆောင်သွားမှာပါ၊ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးစနစ်ကို လေးစားပါတယ်။ တောင်ကိုရီးယားဟာ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စေ့စပ်ဆွေး နွေးဖို့ ရည်ရွယ်ချက်မရှိဘူး၊ ကျွန်တော်တို့နိုင်ငံနဲ့ ယုံကြည်မှုပြန်လည်ရရှိဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေအတွက် မြောက်ကိုရီးယား နိုင်ငံဘက်ကလည်း အပြန်အလှန် တုံ့ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် (၁၉၅၃) ခုနှစ်တွင် ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အဆုံးသတ်ခဲ့ပြီး နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ ခါးသီးသောပြိုင်ဘက်ပုံစံမျိုးရှိ နေခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယား ခေါင်းဆောင်၏ညီမဖြစ်သူ ကင်ယိုဂျုံက ၎င်းတို့အနေဖြင့် တောင်ကိုရီးယားနှင့်ဆက်ဆံရေး ပြန်လည် ကောင်း မွန်အောင်လုပ်ရန် ရည်ရွယ်ချက်မရှိသလို နယ်စပ်ဒေသတွင် တပ်ဆင်ထားသည့် ဝါဒါဖြန့်ချိရေး အသံချဲ့စက် များကို ဖယ်ရှားရန် ဆန္ဒမရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင်ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံကြား ပြုလုပ်သောစစ်ရေးလေ့ကျင့်ခန်း များကို ဝေဖန်ပြစ်တင်မှုများ မကြာခဏလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ မြောက်ကိုရီးယား နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံက အမေရိကန်နိုင်ငံနှင့်ဆက်ဆံနေခြင်းကို လိုလားနှစ်သက်ခြင်းမျိုး မရှိကြောင်း သိရသည်။

zawgyiversion
ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ စစ္ေရးယုံၾကည္မႈမ်ားရရွိေစရန္ တည္ေဆာက္မည္ဟု ေတာင္ကိုရီးယားသမၼတ ကတိျပဳ

ဂ်န္ဇက္ (NP News) ဩဂုတ္ (၁၆)ရက္

ေတာင္ကိုရီးယားသမၼတ လီေဂ်ေျမာင္က ေျမာက္ကိုရီးယားႏိုင္ငံ၏ ႏိုင္ငံေရးစနစ္ကို ေလးစားမႈရွိသလို စစ္ေရး ယုံၾကည္မႈရရွိရန္ တည္ေဆာက္သြား မည္ျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ေျမာက္ကိုရီးယားႏိုင္ငံက ၎တို႔အေနျဖင့္ ေတာင္ကိုရီးယားႏွင့္ ဆက္ဆံေရးေကာင္းမြန္ေစရန္အတြက္ လုပ္ေဆာင္ရန္ စိတ္မဝင္စားေၾကာင္းထုတ္ ေဖာ္ေျပာဆိုလိုက္ၿပီး ေနာက္တစ္ရက္အၾကာတြင္ ေတာင္ကိုရီးယားသမၼတ က ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေတာင္ကိုရီးယားသမၼတသည္ ဇြန္လတြင္က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲၿပီးခ်ိန္ တည္းက ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ ႀကိဳတင္သတ္မွတ္ခ်က္မရွိဘဲ ေတြ႕ဆုံေဆြးေႏြးရန္ လိုလားေနေၾကာင္းသိရသည္။

ေတာင္ကိုရီးယားသမၼတက ‘ကြၽန္ေတာ္တို႔ဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ယုံၾကည္မႈျပန္လည္ထိန္းသိမ္းဖို႔နဲ႔ တင္းမာမႈေတြေလွ်ာ့ခ်ဖို႔ လုပ္ေဆာင္သြားမွာပါ၊ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရးစနစ္ကို ေလးစားပါတယ္။ ေတာင္ကိုရီးယားဟာ ရန္လိုတဲ့ လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ေစ့စပ္ေဆြး ေႏြးဖို႔ ရည္႐ြယ္ခ်က္မရွိဘူး၊ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ ယုံၾကည္မႈျပန္လည္ရရွိဖို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြ ျပန္လည္အသက္သြင္းဖို႔ ႀကိဳးပမ္းမႈေတြအတြက္ ေျမာက္ကိုရီးယား ႏိုင္ငံဘက္ကလည္း အျပန္အလွန္ တုံ႔ျပန္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟုေျပာသည္။

ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔သည္ (၁၉၅၃) ခုႏွစ္တြင္ ကိုရီးယားကြၽန္းဆြယ္ စစ္ပြဲ အဆုံးသတ္ခဲ့ၿပီး ေနာက္ပိုင္းတည္းက လက္ရွိအခ်ိန္အထိ ခါးသီးေသာၿပိဳင္ဘက္ပုံစံမ်ိဳးရွိ ေနခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္၏ညီမျဖစ္သူ ကင္ယိုဂ်ဳံက ၎တို႔အေနျဖင့္ ေတာင္ကိုရီးယားႏွင့္ဆက္ဆံေရး ျပန္လည္ ေကာင္း မြန္ေအာင္လုပ္ရန္ ရည္႐ြယ္ခ်က္မရွိသလို နယ္စပ္ေဒသတြင္ တပ္ဆင္ထားသည့္ ဝါဒါျဖန႔္ခ်ိေရး အသံခ်ဲ႕စက္ မ်ားကို ဖယ္ရွားရန္ ဆႏၵမရွိေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္းသိရသည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ အေမရိကန္ႏွင့္ေတာင္ကိုရီးယားႏိုင္ငံၾကား ျပဳလုပ္ေသာစစ္ေရးေလ့က်င့္ခန္း မ်ားကို ေဝဖန္ျပစ္တင္မႈမ်ား မၾကာခဏလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ေျမာက္ကိုရီးယား ႏိုင္ငံသည္ ေတာင္ကိုရီးယား ႏိုင္ငံက အေမရိကန္ႏိုင္ငံႏွင့္ဆက္ဆံေနျခင္းကို လိုလားႏွစ္သက္ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.