“ အနုပညာရှင်တို့၏လျှောက်လမ်းများ ’’ NP News သတင်းဌာနရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် ‘‘International Music Application တစ်ခုမှာ High Ranking ရရှိခဲ့တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း၊ ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ရုံပိုင်ရှင်တို့ အ စည်းအဝေးကျင်းပ၊ “Misandi နဲ့ Grammy” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

 710

မိစန္ဒီ နဲ့ ဂရမ်မီဆု
International Artist တစ်ဦးဖြစ်တဲ့ အာဖရိကအဆိုတော် Kodzo Ahavi၊ မြန်မာအဆိုတော် မိစန္ဒီနဲ့ ဆုလှိုင်တို့ အတူပေါင်းစပ်ဖန်တီးထားတဲ့ “Walk In The Light” သီချင်း ဂရမ်မီဆု ရရှိနိုင်ခြေ ရှိ/မရှိဆိုတဲ့သတင်းတွေက ဆိုရှယ်လူမှု ကွန်ရက်တစ်ခွင်မှာ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။ “Walk In The Light” တေးသီချင်းက Grammy Consideration List ထဲ ပါဝင်ထားတာတော့အမှန်ပါ။ ဒါပေမဲ့ ဂရမ်မီဆုကိုရရှိဖို့ဆိုတာကတော့မဖြစ်နိုင်ပါ။ မိစန္ဒီကတော့ “The World Album ထဲမှာပါဝင်ခွင့်ရခဲ့တဲ့ “Walk In The Light”တေးသီချင်းကGrammy Consideration List ထဲပါဝင် ထားတယ်ဆိုတာသိရရုံနဲ့တင် အတိုင်းမသိဝမ်းသာကြောင်း၊ ကြား ကြားချင်း ငိုတောင်ငိုမိကြောင်း”ဖွင့်ဟထားပါတယ်။
“Walk In The Light”သီချင်း သံစဉ်တီးလုံးဖန်တီးမှုမှာ မြန်မာ့တူရိယာများဖြစ်တဲ့ စည်းနဲ့ဝါး၊ စောင်း၊ ဆိုင်းဝိုင်း အစရှိတဲ့ တူရိယာသံစဉ်များကိုထည့်သွင်းထားပြီး အာဖရိကနိုင်ငံရဲ့ ရိုးရာတီးလုံးတွေ၊ မိစန္ဒီနဲ့ဆုလှိုင်တို့ရဲ့သီဆိုဟန် Rap, Burmese Pop Style နဲ့ အာဖရိက Melody Music style စတဲ့ ကွဲပြားလျက်ရှိတဲ့ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုသံစဉ် တီလုံးတွေကို ပေါင်းစပ်ဖန်းတီးထားတာမျိုးဖြစ်ပါတယ်။ The World Album ထဲမှာ သီချင်းအပုဒ်ရေ (၂၀ဝ)ပါဝင်ခြင်း ဖြစ်ပြီး ယင်းပုဒ်ရေ(၂၀ဝ)အနက် နှစ်ပုဒ်ကိုသာ ရွေးချယ်ဆုချီးမြှင့်ခြင်းဖြစ်ပြီး၊ Kodzo Ahavi ၊ မိစန္ဒီနဲ့ဆုလှိုင်တို့သီဆို ထားတဲ့ “Walk In The Light”တေးသီချင်းက မတူကွဲပြားမှုတွေရှိနေတာကြောင့် သီးသန့် catorigies တစ်ခုဖြစ်တဲ့ Best Global Music Performance အနေနဲ့ Grammy Consideration List ထဲမှာ ထည့်သွင်းဖော်ပြခံရတာပါ။
The World Album ရဲ့ အဓိကရည်ရွယ်ချက်က “Unisity” ပေါင်းစည်းညီညွတ်ခြင်းကို အဓိပ္ပာယ်ဖော်ဆောင်ပြီး ငါတို့အားလုံးဟာ မတူညီလည်း ပေါင်းစည်းလို့ရကြောင်း ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ Best Global Music Performance ဆုဆိုတာက Culture Exchange အဖြစ် နိုင်ငံမတူ လူမျိုးမတူသူတွေ အတူတကွဖန်တီးကြတဲ့ တေး သီချင်းမျိုးကို ဆုချီးမြှင့်တာဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းတွေကို လာမယ့် နိုဝင်ဘာလမှကြေညာမှာဖြစ်ကြောင်း ကနဦးသိရှိထားရပါတယ်။
ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ ရုံပိုင်ရှင်တို့ အစည်းအဝေးကျင်းပ
ရုံတင်ပြသဖို့ကျန်ရှိတဲ့ ရုပ်ရှင်ထုတ်လုပ်သူနဲ့ရုံပိုင်ရှင်တို့ရဲ့အစည်းအဝေးကို ဩဂုတ်လ(၁၃)ရက်မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတည်ရှိရာအစည်းအဝေးခန်းမမှာ ကျင်းပခဲ့ ကြတာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကိုယ်တိုင် ဦးစီးကျင်းပခဲ့ခြင်းဖြစ်ရာ ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တို့တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားရုံတင်စနစ်က ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့စီမံခန့်ခွဲမှု လက်အောက်ကတစ်ဆင့် ပြသတာမျိုးမဟုတ်ဘဲ ဇာတ်ကားတွေ ရုံတင်ပြသခွင့်ရရှိဖို့ တန်းစီစောင့်ဆိုင်းရတဲ့စနစ်နဲ့ ပြသလျက်ရှိကြရာ ထုတ်လုပ်သူနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တို့အချင်းချင်းကြား ပနံသင့်ပါက ဦးစားပေးအလှည့်ကျော်တာတွေ လည်းခံနေရကြောင်း ထုတ်လုပ်သူတချို့ရဲ့ ရင်ဖွင့်ပြောပြသံတွေအရ သိရှိထားရပါတယ်။
ဒါရိုက်တာမိုက်တီးက “ရုပ်ရှင်ကိစ္စ အဘယ်အစည်းအဝေးမှာမဆို ရုပ်ရှင်အနုပညာရှင်တွေပါသင့်တယ် ထင်တာ ပါပဲကွာ၊ လုပ်ငန်းရှင်နဲ့ ရုံရှင်ဆိုတာ ငွေရှင်တွေပါ။ မိမိရဲ့ငွေကြေးအတွက်သာကြည့်ပြီးဆုံးဖြတ်သွားမှာပါ။ အနုပညာ အတွက်မပါနိုင်စရာ။ ထို့ကြောင့်လည်း ရုပ်ရှင်အနုပညာအရည်အသွေး များ...” စတဲ့မှတ်ချက်တွေကို အစည်းအဝေးတက် ရောက်သူတစ်ဦးဖော်ပြထားတဲ့ Facebook Post ရဲ့ Comment Box မှာ ရေးသားခဲ့ပါတယ်။
ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ ညိုမင်းလွင်စတဲ့ အနုပညာ သမ္ဘာဝါအတွေ့အကြုံရင့်ကျက်သူတွေကိုယ်တိုင်ပင် မြန်မာနိုင်ငံ ရုပ်ရှင်လောကရဲ့ဆင်ဆာစနစ်၊ ရုံတင်ပြသခွင့်စနစ်နဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ထုတ် ပြန်ချက်တွေကို ထောက်ပြ ဝေဖန်လျက်ရှိကြပြီး ခေတ်စနစ်နဲ့လျော်ညီမှုရှိအောင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုကြစေလိုကြောင်းနဲ့ ရုပ်ရှင်အစည်း အရုံးရဲ့လုပ်ဆောင်မှုတိုင်းကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ကြစေလိုကြောင်း အနုပညာလောကသားတွေက တောင်းဆိုလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကို NP News က ဆက်သွယ်မေး မြန်းချက်အရ”ရုံတင်ပြသဖို့ကျန်ရှိတဲ့ (၁၂) ကားအတွက် ထုတ်လုပ်သူ (၁၂)ဦးနဲ့ပဲပြောတာပါ။ လက်ကျန်ဇာတ်ကား တွေကို (၃၀) တစ်ဖြတ်စီချိတ်ပြီး (၃) လ၊ (၄) လစာလောက်ပြပြီး နောက်ထပ်ကျန်တဲ့ဇာတ်ကားတွေကို ရက်ပြန်ချိတ်၊ အခု လက်ကျန် (၁၂)ကားနဲ့ ရှေ့မှာရွေးတော့မယ့်ဇာတ်ကားတွေကို ဘယ်လိုရွေးရင်ကောင်းမလဲ၊ ဘယ်လိုပြရင် ကောင်းမလဲ ဆွေးနွေးကြတာပါ။ ဆုံးဖြတ်ချက်မရှိပါဘူး” လို့ပြောပါတယ်။ ရုံတင်ဖို့ လက်ကျန်ဇာတ်ကား တွေကိုပြသရင်း အသစ်ထပ်မံရိုက်ကူး လျက်ရှိ တဲ့ရုပ်ရှင်ဇာတ်ကားတွေက များပြားတာကြောင့် ရုံတင်စနစ်မှာ အခက် တွေ့နေပြန်ကြောင်း၊ တစ်ပတ်ကို ဇာတ်ကားနှစ်ကား ရုံပြိုင်တင်ပေမယ့် တစ်လကို ဇာတ်ကားရှစ်ကားသာပြသနိုင် ကြောင်း၊ မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများကို ပြည်သူပိုင်အဖြစ်မသိမ်းဆည်းမီအချိန်က ရုပ်ရှင်ရုံ (၄၀ဝ)ကျော်ရှိပြီး၊ ကိုဗစ်မတိုင်ခင်မှာ ရုပ်ရှင်ရုံ (၁၀ဝ)မှ (၂၀ဝ)ခန့်ကိုအသုံးပြုခဲ့ကြောင်း၊ (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်နောက်ပိုင်း ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ချိန်မှာ (၃၆)ရုံနဲ့သာစတင်ခဲ့ရပြီး၊ လက်ရှိမှာ ရုပ်ရှင်ရုံ (၅၀)ခန့်သာလုပ်ဆောင်နိုင် သေးကြောင်း”သိရှိရပါတယ်။
(၂၀၂၄)ခုနှစ်မှာ ရုံတင်ပြသခွင့်ရဖို့စောင့်ဆိုင်းနေရတဲ့ ဇာတ်ကားပေါင်း (၂၅၀)ထက်မနည်းရှိခဲ့ဖူးပြီး၊ အဆိုပါ ဇာတ်ကား (၂၅၀)ကျော်အနက် အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ငြိစွန်းသူတွေပါဝင်ထားတဲ့ ဇာတ်ကားတွေ ပါဝင်နေမှုအပါ အဝင် တချို့ဇာတ်ကားတွေဆိုရင် ထုတ်လုပ်သူနဲ့ရုံပိုင်ရှင်တို့ကြား သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ပြသခွင့်မရရှိ ဘဲ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း လူပုဂ္ဂိုလ်တချို့ရဲ့ဇာတ်ကားတွေက ရိုက်ကူးပြီးလပိုင်း အတွင်းမှာပင် ရုံတင်ခွင့်ရရှိနေကြတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရမြဲဖြစ်ပါတယ်။ ရုပ်ရှင်ရုံပိုင်ရှင်တွေအနေနဲ့လည်း ၎င်းတို့အတွက် တွက်ချေမကိုက်နိုင်တဲ့ဇာတ်ကားတွေအပေါ် စိတ်ဝင်စားမှု နည်းပါးလျက်ရှိကြပြီးပြသဖို့ တွန့်ဆုတ် လျက်ရှိကြတာ မထူးဆန်းလှပေ။



International Music Application
တစ်ခုမှာ High Ranking ရရှိခဲ့တဲ့ အဆိုတော်ဝိုင်းစုခိုင်သိန်း

ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းက International Music Application တစ်ခုဖြစ်တဲ့ Spotify music Application မှာ High Ranking အထိရရှိထားပါတယ်။ Spotify music Application ဆိုတာ မြန်မာသီချင်းတွေ သာနားဆင်လို့ရတဲ့ Music Application တစ်ခုမဟုတ်ဘဲ ကမ္ဘာကျော် အဆိုတော်တွေရဲ့တေးသီချင်းတွေကို ပါနားဆင် နိုင်တဲ့ ကမ္ဘာကျော် Music Application တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာတော့ ဝိုင်းစုခိုင်သိန်းရဲ့ “လမ်းမကြီရဲ့ဘေး”သီချင်းက နားဆင်မှုအကြိမ်ရေ 1.4 millions (နားဆင်သူ ၁,၄၀ဝ,ဝဝဝ) ကျော်ထိ ရရှိသွားခဲ့တာမျိုးပါ။
ဝိုင်းစုခိုင်သိန်းရဲ့သီချင်းတွေကို လစဉ်နားဆင်သူအရေအတွက် 59.2K (ကြည့်ရှုသူ ၅၉၂၀ဝ ကျော်အထိ)ရရှိထား ကြောင်းသိရှိရကာ local female artist တစ်ဦးအနေနဲ့ International Music Application တစ်ခုမှာ အခုလိုမျိုး High Ranking ရရှိဖို့က မလွယ်ကူနိုင်တာကြောင့် သူ့ပရိသတ်တွေက ချီးကျူး ဂုဏ်ပြုထားကြပါတယ်။
ဒါ့ပြင့်သကွှကဘန YouTube Music Application မှာလည်း ဝိုင်းစုခိုင်သိန်းရဲ့တေးသီချင်းတွေကို လစဉ် “အားပေးနားဆင်သူ (၁,၉၈၀,ဝဝဝ)ကျော်အထိရရှိထားကြောင်း Spotify ရဲ့ တရားဝင်ပေ့ချ်ကဖော်ပြချက်အရ သိရပါ တယ်။ ဝိုင်းစုခိုင်သိန်းရဲ့ဂီတအနုပညာစန်းဟာ မြင့်မားကြောင်းကို အများစုကလက်ခံထားကြကာ ပြည်တွင်းအဆိုတော် တွေအနက် အိမ်ထောင်ရေးပြဿနာတွေနဲ့ပတ်သက်ရင်လည်း လက်ရှိအချိန်ထိ သတင်းစကား မျိုးစုံထွက်ပေါ်လေ့ရှိ ပေမယ့် “အပြစ်မမြင်ရက်”ကြသလို အမာခံပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူတစ်ဦး ဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။
အိဖြူ

Zawgyi Version:
“ အႏုပညာရွင္တို႔၏ေလွ်ာက္လမ္းမ်ား ’’

The Statesman Journal ရဲ႕အႏု ပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ ‘‘International Music Application တစ္ခုမွာ High Ranking ရရွိခဲ့တဲ့ အဆိုေတာ္ ဝိုင္းစုခိုင္သိန္း၊ ႐ုပ္ရွင္ထုတ္လုပ္သူေတြနဲ႔႐ုံပိုင္ရွင္တို႔ အ စည္းအေဝးက်င္းပ၊ “Misandi နဲ႔ Grammy” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
မိစႏၵီ နဲ႔ ဂရမ္မီဆု
International Artist တစ္ဦးျဖစ္တဲ့ အာဖရိကအဆိုေတာ္ Kodzo Ahavi၊ ျမန္မာအဆိုေတာ္ မိစႏၵီနဲ႔ ဆုလႈိင္တို႔ အတူေပါင္းစပ္ဖန္တီးထားတဲ့ “Walk In The Light” သီခ်င္း ဂရမ္မီဆု ရရွိႏိုင္ေျခ ရွိ/မရွိဆိုတဲ့သတင္းေတြက ဆိုရွယ္လူမႈ ကြန္ရက္တစ္ခြင္မွာ စိတ္ဝင္စားမႈျမင့္တက္လ်က္ရွိပါတယ္။ “Walk In The Light” ေတးသီခ်င္းက Grammy Consideration List ထဲ ပါဝင္ထားတာေတာ့အမွန္ပါ။ ဒါေပမဲ့ ဂရမ္မီဆုကိုရရွိဖို႔ဆိုတာကေတာ့မျဖစ္ႏိုင္ပါ။ မိစႏၵီကေတာ့ “The World Album ထဲမွာပါဝင္ခြင့္ရခဲ့တဲ့ “Walk In The Light”ေတးသီခ်င္းကGrammy Consideration List ထဲပါဝင္ ထားတယ္ဆိုတာသိရ႐ုံနဲ႔တင္ အတိုင္းမသိဝမ္းသာေၾကာင္း၊ ၾကား ၾကားခ်င္း ငိုေတာင္ငိုမိေၾကာင္း”ဖြင့္ဟထားပါတယ္။
“Walk In The Light”သီခ်င္း သံစဥ္တီးလုံးဖန္တီးမႈမွာ ျမန္မာ့တူရိယာမ်ားျဖစ္တဲ့ စည္းနဲ႔ဝါး၊ ေစာင္း၊ ဆိုင္းဝိုင္း အစရွိတဲ့ တူရိယာသံစဥ္မ်ားကိုထည့္သြင္းထားၿပီး အာဖရိကႏိုင္ငံရဲ႕ ႐ိုးရာတီးလုံးေတြ၊ မိစႏၵီနဲ႔ဆုလႈိင္တို႔ရဲ႕သီဆိုဟန္ Rap, Burmese Pop Style နဲ႔ အာဖရိက Melody Music style စတဲ့ ကြဲျပားလ်က္ရွိတဲ့ ႏွစ္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈသံစဥ္ တီလုံးေတြကို ေပါင္းစပ္ဖန္းတီးထားတာမ်ိဳးျဖစ္ပါတယ္။ The World Album ထဲမွာ သီခ်င္းအပုဒ္ေရ (၂၀ဝ)ပါဝင္ျခင္း ျဖစ္ၿပီး ယင္းပုဒ္ေရ(၂၀ဝ)အနက္ ႏွစ္ပုဒ္ကိုသာ ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္ျခင္းျဖစ္ၿပီး၊ Kodzo Ahavi ၊ မိစႏၵီနဲ႔ဆုလႈိင္တို႔သီဆို ထားတဲ့ “Walk In The Light”ေတးသီခ်င္းက မတူကြဲျပားမႈေတြရွိေနတာေၾကာင့္ သီးသန႔္ catorigies တစ္ခုျဖစ္တဲ့ Best Global Music Performance အေနနဲ႔ Grammy Consideration List ထဲမွာ ထည့္သြင္းေဖာ္ျပခံရတာပါ။
The World Album ရဲ႕ အဓိကရည္႐ြယ္ခ်က္က “Unisity” ေပါင္းစည္းညီၫြတ္ျခင္းကို အဓိပၸာယ္ေဖာ္ေဆာင္ၿပီး ငါတို႔အားလုံးဟာ မတူညီလည္း ေပါင္းစည္းလို႔ရေၾကာင္း ဖန္တီးထားျခင္းျဖစ္တယ္လို႔ သိရပါတယ္။ Best Global Music Performance ဆုဆိုတာက Culture Exchange အျဖစ္ ႏိုင္ငံမတူ လူမ်ိဳးမတူသူေတြ အတူတကြဖန္တီးၾကတဲ့ ေတး သီခ်င္းမ်ိဳးကို ဆုခ်ီးျမႇင့္တာျဖစ္ပါတယ္။ ဆန္ခါတင္စာရင္းေတြကို လာမယ့္ ႏိုဝင္ဘာလမွေၾကညာမွာျဖစ္ေၾကာင္း ကနဦးသိရွိထားရပါတယ္။
႐ုပ္ရွင္ထုတ္လုပ္သူေတြနဲ႔ ႐ုံပိုင္ရွင္တို႔ အစည္းအေဝးက်င္းပ
႐ုံတင္ျပသဖို႔က်န္ရွိတဲ့ ႐ုပ္ရွင္ထုတ္လုပ္သူနဲ႔႐ုံပိုင္ရွင္တို႔ရဲ႕အစည္းအေဝးကို ဩဂုတ္လ(၁၃)ရက္မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ ဝကၤဘာလမ္းရွိ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးတည္ရွိရာအစည္းအေဝးခန္းမမွာ က်င္းပခဲ့ ၾကတာျဖစ္ပါတယ္။ အဲဒီအစည္းအေဝးကို ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္းကိုယ္တိုင္ ဦးစီးက်င္းပခဲ့ျခင္းျဖစ္ရာ ႐ုပ္ရွင္ထုတ္လုပ္သူေတြနဲ႔ ႐ုပ္ရွင္႐ုံပိုင္ရွင္တို႔တက္ေရာက္ခဲ့ၾကပါတယ္။
ျမန္မာႏိုင္ငံမွာ ႐ုပ္ရွင္ဇာတ္ကား႐ုံတင္စနစ္က ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျမန္မာ့႐ုပ္ရွင္လုပ္ငန္းရဲ႕စီမံခန႔္ခြဲမႈ လက္ေအာက္ကတစ္ဆင့္ ျပသတာမ်ိဳးမဟုတ္ဘဲ ဇာတ္ကားေတြ ႐ုံတင္ျပသခြင့္ရရွိဖို႔ တန္းစီေစာင့္ဆိုင္းရတဲ့စနစ္နဲ႔ ျပသလ်က္ရွိၾကရာ ထုတ္လုပ္သူနဲ႔ ႐ုပ္ရွင္႐ုံပိုင္ရွင္တို႔အခ်င္းခ်င္းၾကား ပနံသင့္ပါက ဦးစားေပးအလွည့္ေက်ာ္တာေတြ လည္းခံေနရေၾကာင္း ထုတ္လုပ္သူတခ်ိဳ႕ရဲ႕ ရင္ဖြင့္ေျပာျပသံေတြအရ သိရွိထားရပါတယ္။
ဒါ႐ိုက္တာမိုက္တီးက “႐ုပ္ရွင္ကိစၥ အဘယ္အစည္းအေဝးမွာမဆို ႐ုပ္ရွင္အႏုပညာရွင္ေတြပါသင့္တယ္ ထင္တာ ပါပဲကြာ၊ လုပ္ငန္းရွင္နဲ႔ ႐ုံရွင္ဆိုတာ ေငြရွင္ေတြပါ။ မိမိရဲ႕ေငြေၾကးအတြက္သာၾကည့္ၿပီးဆုံးျဖတ္သြားမွာပါ။ အႏုပညာ အတြက္မပါႏိုင္စရာ။ ထို႔ေၾကာင့္လည္း ႐ုပ္ရွင္အႏုပညာအရည္အေသြး မ်ား...” စတဲ့မွတ္ခ်က္ေတြကို အစည္းအေဝးတက္ ေရာက္သူတစ္ဦးေဖာ္ျပထားတဲ့ Facebook Post ရဲ႕ Comment Box မွာ ေရးသားခဲ့ပါတယ္။
ဒါ႐ိုက္တာ မိုက္တီး၊ ဒါ႐ိုက္တာ ညိဳမင္းလြင္စတဲ့ အႏုပညာ သမာၻဝါအေတြ႕အႀကဳံရင့္က်က္သူေတြကိုယ္တိုင္ပင္ ျမန္မာႏိုင္ငံ ႐ုပ္ရွင္ေလာကရဲ႕ဆင္ဆာစနစ္၊ ႐ုံတင္ျပသခြင့္စနစ္နဲ႔ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ထုတ္ ျပန္ခ်က္ေတြကို ေထာက္ျပ ေဝဖန္လ်က္ရွိၾကၿပီး ေခတ္စနစ္နဲ႔ေလ်ာ္ညီမႈရွိေအာင္ လုပ္ကိုင္ေဆာင္႐ြက္ခြင့္ျပဳၾကေစလိုေၾကာင္းနဲ႔ ႐ုပ္ရွင္အစည္း အ႐ုံးရဲ႕လုပ္ေဆာင္မႈတိုင္းကို ပြင့္လင္းျမင္သာမႈရွိစြာ ေဆာင္႐ြက္ၾကေစလိုေၾကာင္း အႏုပညာေလာကသားေတြက ေတာင္းဆိုေလ့ရွိၾကပါတယ္။ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္းကို NP News က ဆက္သြယ္ေမး ျမန္းခ်က္အရ”႐ုံတင္ျပသဖို႔က်န္ရွိတဲ့ (၁၂) ကားအတြက္ ထုတ္လုပ္သူ (၁၂)ဦးနဲ႔ပဲေျပာတာပါ။ လက္က်န္ဇာတ္ကား ေတြကို (၃၀) တစ္ျဖတ္စီခ်ိတ္ၿပီး (၃) လ၊ (၄) လစာေလာက္ျပၿပီး ေနာက္ထပ္က်န္တဲ့ဇာတ္ကားေတြကို ရက္ျပန္ခ်ိတ္၊ အခု လက္က်န္ (၁၂)ကားနဲ႔ ေရွ႕မွာေ႐ြးေတာ့မယ့္ဇာတ္ကားေတြကို ဘယ္လိုေ႐ြးရင္ေကာင္းမလဲ၊ ဘယ္လိုျပရင္ ေကာင္းမလဲ ေဆြးေႏြးၾကတာပါ။ ဆုံးျဖတ္ခ်က္မရွိပါဘူး” လို႔ေျပာပါတယ္။ ႐ုံတင္ဖို႔ လက္က်န္ဇာတ္ကား ေတြကိုျပသရင္း အသစ္ထပ္မံ႐ိုက္ကူး လ်က္ရွိ တဲ့႐ုပ္ရွင္ဇာတ္ကားေတြက မ်ားျပားတာေၾကာင့္ ႐ုံတင္စနစ္မွာ အခက္ ေတြ႕ေနျပန္ေၾကာင္း၊ တစ္ပတ္ကို ဇာတ္ကားႏွစ္ကား ႐ုံၿပိဳင္တင္ေပမယ့္ တစ္လကို ဇာတ္ကားရွစ္ကားသာျပသႏိုင္ ေၾကာင္း၊ ျမန္မာႏိုင္ငံရွိ ႐ုပ္ရွင္႐ုံမ်ားကို ျပည္သူပိုင္အျဖစ္မသိမ္းဆည္းမီအခ်ိန္က ႐ုပ္ရွင္႐ုံ (၄၀ဝ)ေက်ာ္ရွိၿပီး၊ ကိုဗစ္မတိုင္ခင္မွာ ႐ုပ္ရွင္႐ုံ (၁၀ဝ)မွ (၂၀ဝ)ခန႔္ကိုအသုံးျပဳခဲ့ေၾကာင္း၊ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္ေနာက္ပိုင္း ႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္မွာ (၃၆)႐ုံနဲ႔သာစတင္ခဲ့ရၿပီး၊ လက္ရွိမွာ ႐ုပ္ရွင္႐ုံ (၅၀)ခန႔္သာလုပ္ေဆာင္ႏိုင္ ေသးေၾကာင္း”သိရွိရပါတယ္။
(၂၀၂၄)ခုႏွစ္မွာ ႐ုံတင္ျပသခြင့္ရဖို႔ေစာင့္ဆိုင္းေနရတဲ့ ဇာတ္ကားေပါင္း (၂၅၀)ထက္မနည္းရွိခဲ့ဖူးၿပီး၊ အဆိုပါ ဇာတ္ကား (၂၅၀)ေက်ာ္အနက္ အၾကမ္းဖက္ဥပေဒပုဒ္မနဲ႔ ၿငိစြန္းသူေတြပါဝင္ထားတဲ့ ဇာတ္ကားေတြ ပါဝင္ေနမႈအပါ အဝင္ တခ်ိဳ႕ဇာတ္ကားေတြဆိုရင္ ထုတ္လုပ္သူနဲ႔႐ုံပိုင္ရွင္တို႔ၾကား သေဘာထားမတိုက္ဆိုင္မႈေတြေၾကာင့္ ျပသခြင့္မရရွိ ဘဲ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြျဖစ္ေပၚခဲ့ရပါတယ္။ ဒါေပမဲ့လည္း လူပုဂၢိဳလ္တခ်ိဳ႕ရဲ႕ဇာတ္ကားေတြက ႐ိုက္ကူးၿပီးလပိုင္း အတြင္းမွာပင္ ႐ုံတင္ခြင့္ရရွိေနၾကတာကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ေနရၿမဲျဖစ္ပါတယ္။ ႐ုပ္ရွင္႐ုံပိုင္ရွင္ေတြအေနနဲ႔လည္း ၎တို႔အတြက္ တြက္ေခ်မကိုက္ႏိုင္တဲ့ဇာတ္ကားေတြအေပၚ စိတ္ဝင္စားမႈ နည္းပါးလ်က္ရွိၾကၿပီးျပသဖို႔ တြန႔္ဆုတ္ လ်က္ရွိၾကတာ မထူးဆန္းလွေပ။



International Music Application
တစ္ခုမွာ High Ranking ရရွိခဲ့တဲ့ အဆိုေတာ္ဝိုင္းစုခိုင္သိန္း

႐ုပ္ရွင္သ႐ုပ္ေဆာင္ အဆိုေတာ္ ဝိုင္းစုခိုင္သိန္းက International Music Application တစ္ခုျဖစ္တဲ့ Spotify music Application မွာ High Ranking အထိရရွိထားပါတယ္။ Spotify music Application ဆိုတာ ျမန္မာသီခ်င္းေတြ သာနားဆင္လို႔ရတဲ့ Music Application တစ္ခုမဟုတ္ဘဲ ကမာၻေက်ာ္ အဆိုေတာ္ေတြရဲ႕ေတးသီခ်င္းေတြကို ပါနားဆင္ ႏိုင္တဲ့ ကမာၻေက်ာ္ Music Application တစ္ခုျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဝိုင္းစုခိုင္သိန္းရဲ႕ “လမ္းမႀကီရဲ႕ေဘး”သီခ်င္းက နားဆင္မႈအႀကိမ္ေရ 1.4 millions (နားဆင္သူ ၁,၄၀ဝ,ဝဝဝ) ေက်ာ္ထိ ရရွိသြားခဲ့တာမ်ိဳးပါ။
ဝိုင္းစုခိုင္သိန္းရဲ႕သီခ်င္းေတြကို လစဥ္နားဆင္သူအေရအတြက္ 59.2K (ၾကည့္ရႈသူ ၅၉၂၀ဝ ေက်ာ္အထိ)ရရွိထား ေၾကာင္းသိရွိရကာ local female artist တစ္ဦးအေနနဲ႔ International Music Application တစ္ခုမွာ အခုလိုမ်ိဳး High Ranking ရရွိဖို႔က မလြယ္ကူႏိုင္တာေၾကာင့္ သူ႔ပရိသတ္ေတြက ခ်ီးက်ဴး ဂုဏ္ျပဳထားၾကပါတယ္။
ဒါ့ျပင့္သကႊကဘန YouTube Music Application မွာလည္း ဝိုင္းစုခိုင္သိန္းရဲ႕ေတးသီခ်င္းေတြကို လစဥ္ “အားေပးနားဆင္သူ (၁,၉၈၀,ဝဝဝ)ေက်ာ္အထိရရွိထားေၾကာင္း Spotify ရဲ႕ တရားဝင္ေပ့ခ်္ကေဖာ္ျပခ်က္အရ သိရပါ တယ္။ ဝိုင္းစုခိုင္သိန္းရဲ႕ဂီတအႏုပညာစန္းဟာ ျမင့္မားေၾကာင္းကို အမ်ားစုကလက္ခံထားၾကကာ ျပည္တြင္းအဆိုေတာ္ ေတြအနက္ အိမ္ေထာင္ေရးျပႆနာေတြနဲ႔ပတ္သက္ရင္လည္း လက္ရွိအခ်ိန္ထိ သတင္းစကား မ်ိဳးစုံထြက္ေပၚေလ့ရွိ ေပမယ့္ “အျပစ္မျမင္ရက္”ၾကသလို အမာခံပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာကို အျပည့္အဝရရွိထားသူတစ္ဦး ျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။
အိျဖဴ

Related news

© 2021. All rights reserved.