ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိရန် အဂတိတရားကင်းရှင်းစွာ ကောက်ခံရန်လိုအပ်ဟု ဆို

261

ချယ်ရီ (NP News) -ဩဂုတ် ၁၉
ရသင့်ရထိုက်သည့် အခွန်ငွေများလျော့နည်းလွတ်ကင်းမှုမရှိစေရန်အတွက် အဂတိတရားကင်းရှင်းစွာ ကောက်ခံရန် လိုအပ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၁၈ ရက်)က နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) တွင် ကျင်းပသည့် (၂၀၂၅ - ၂၀၂၆) ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး အစည်းအဝေး၌ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
သက်ဆိုင်ရာအခွန်ဥပဒေများအရ နိုင်ငံတော်သို့ ပေးဆောင်သင့်၊ ပေးဆောင်ထိုက်သည့်အခွန်များကို ပြည်သူ့ အကျိုးပြုလုပ်ငန်းများအတွက် ပိုမိုသုံးစွဲနိုင်ရန် အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အခွန်ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားပေးရန်လိုအပ်ပြီး ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိအောင် အဂတိတရားကင်းရှင်းစွာ ကောက်ခံရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သို့မှသာ အခွန်ပေးဆောင်သူပြည်သူများက မိမိတို့ပေးဆောင်လိုက်သည့် အခွန်ငွေများသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများ၌ အဓိကထားသုံးစွဲနေကြောင်းကို နားလည်လက်ခံလာမည်ဖြစ်ပြီး အခွန်ရုံးများအပေါ် ပိုမိုယုံကြည် လာကြမည်ဖြစ်ရာ သက်ဆိုင်ရာ အခွန်မှူးများက လက်ရှိဘဏ္ဍာနှစ်၌ ကောက်ခံရန်လျာထားသည့် အခွန်အရပ်ရပ် လျာထားချက်များ ပြည့်မီကျော်လွန်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းကောက်ခံပေးကြ ရန် ပြည်ထောာင်စုဝန်ကြီးက မှာကြားသည်။

Zawgyi Version:
ရသင့္ရထိုက္သည့္ အခြန္ေငြမ်ား ေလ်ာ့နည္းလြတ္ကင္းမႈမရွိရန္ အဂတိတရားကင္းရွင္းစြာ ေကာက္ခံရန္လိုအပ္ဟု ဆို
ခ်ယ္ရီ (NP News) -ဩဂုတ္ ၁၉
ရသင့္ရထိုက္သည့္ အခြန္ေငြမ်ားေလ်ာ့နည္းလြတ္ကင္းမႈမရွိေစရန္အတြက္ အဂတိတရားကင္းရွင္းစြာ ေကာက္ခံရန္ လိုအပ္ေၾကာင္း ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္က ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၁၈ ရက္)က ေနျပည္ေတာ္ရွိ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ႐ုံးအမွတ္ (၄၆) တြင္ က်င္းပသည့္ (၂၀၂၅ - ၂၀၂၆) ဘ႑ာႏွစ္ အခြန္အရပ္ရပ္လ်ာထားခ်က္ ျပည့္မီေက်ာ္လြန္စြာ ေကာက္ခံရရွိေရး အစည္းအေဝး၌ ထည့္သြင္းေျပာၾကားထားျခင္းျဖစ္သည္။
သက္ဆိုင္ရာအခြန္ဥပေဒမ်ားအရ ႏိုင္ငံေတာ္သို႔ ေပးေဆာင္သင့္၊ ေပးေဆာင္ထိုက္သည့္အခြန္မ်ားကို ျပည္သူ႔ အက်ိဳးျပဳလုပ္ငန္းမ်ားအတြက္ ပိုမိုသုံးစြဲႏိုင္ရန္ အခြန္ထမ္းျပည္သူမ်ား သိရွိနားလည္သေဘာေပါက္လာေအာင္ အခြန္ပညာေပးလုပ္ငန္းမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ရွင္းလင္းေျပာၾကားေပးရန္လိုအပ္ၿပီး ရသင့္ရထိုက္သည့္ အခြန္ေငြမ်ား ေလ်ာ့နည္းလြတ္ကင္းမႈမရွိေအာင္ အဂတိတရားကင္းရွင္းစြာ ေကာက္ခံရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
သို႔မွသာ အခြန္ေပးေဆာင္သူျပည္သူမ်ားက မိမိတို႔ေပးေဆာင္လိုက္သည့္ အခြန္ေငြမ်ားသည္ ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းမ်ား၌ အဓိကထားသုံးစြဲေနေၾကာင္းကို နားလည္လက္ခံလာမည္ျဖစ္ၿပီး အခြန္႐ုံးမ်ားအေပၚ ပိုမိုယုံၾကည္ လာၾကမည္ျဖစ္ရာ သက္ဆိုင္ရာ အခြန္မႉးမ်ားက လက္ရွိဘ႑ာႏွစ္၌ ေကာက္ခံရန္လ်ာထားသည့္ အခြန္အရပ္ရပ္ လ်ာထားခ်က္မ်ား ျပည့္မီေက်ာ္လြန္ေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ဝိုင္းဝန္းႀကိဳးပမ္းေကာက္ခံေပးၾက ရန္ ျပည္ေထာာင္စုဝန္ႀကီးက မွာၾကားသည္။