မိုင်းမောမြို့ဟောင်းမှ ပျူခေတ် ရှေးဟောင်းဒင်္ဂါးများကို သတ္တုတူးဖော်စက်ဖြင့် ရှာဖွေတူးဖော်ကာ မှောင်ခိုဈေးကွက်ကြီးတစ်ခုဖြစ်နေ

179

စော (NP News) - သြဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် မြစ်သားမြို့နယ်ရှိ မိုင်းမောမြို့ဟောင်းတွင် ပျူခေတ်ဒင်္ဂါးများကို သတ္တုတူးဖော်စက်ဖြင့် ရှာဖွေ တူးဖော်ကာ မှောင်ခိုဈေးကွက်ကြီးတစ်ခုဖြစ်နေ ကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက NP News ကို ပြောသည်။
မိုင်းမောမြို့ဟောင်းသည် ပျူမြို့ဟောင်းများထဲမှတစ်ခုဖြစ်ပြီး ခရစ်မပေါ်မီ ထွန်းကားခဲ့ခြင်း ဖြစ် ကာ အဆိုပါမြို့ဟောင်းကို (၁၉၇၈-၁၉၇၉) ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလမှစတင်၍ တူးဖော်ရေး ရာသီတိုင်း တူးဖော်သုတေသနပြုခဲ့ပြီး (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာရေးနှစ်အထိ တူးဖော်မှု ကုန်းပေါင်း (၂၃)ကုန်းကို တူး ဖော်သုတေသနပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“မိုင်းမောမြို့ဟောင်းမှာဆိုရင် ခုဒီဘက် မငြိမ်းချမ်းတဲ့ကာလမှာ ဘာတွေလုပ်နေလဲဆိုတော့ သတ္တုတူးဖော်ရေးစက်တွေ သိတယ်မလား။ အဲဒါတွေနဲ့ကို ရှာပြီးတော့ တူးပြီးတော့ မှောင်ခိုတွေလုပ်နေ ကြတာ။ အခုလည်း လုပ်တာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ ပျူဒင်္ဂါးများအပြင် သဘာဝကျောက်များဖြစ်သော ပျူပုတီးများကိုလည်း မှောင်ခို ရောင်း စားမှုများရှိနေကြောင်း ၎င်းကဆိုသည်။
“အဲဒီစက်အကြောင်းတော့ ကျွန်တော် နားမလည်ဘူး။ အဲဒီစက်နဲ့ကို မြေပြင်ပေါ်ကို ပွတ်ပွတ်ပြီး သွားကြည့်လိုက်တော့ အောက်မှာပျူ ဒင်္ဂါးရှိတဲ့နေရာဆိုရင် အချက်ပြတာ၊ အဲဒီနေရာကို တူးကြည့်လိုက် ရင် ဒင်္ဂါးတွေအများကြီးတွေ့ရတယ်။ အရင်တုန်းကဆိုရင် ဒင်္ဂါးက ဘယ်နေရာမှာရှိမှန်း မသိကြဘူး။ မြေ ကြီးထဲမှာရှိတာဆိုတော့ ပျူဒင်္ဂါး တစ်ခုကိုတွေ့ရဖို့ကို တော်တော်ခဲယဉ်းတယ်။ သတ္တုရှာတဲ့စက်တွေ နဲ့ ရှာတော့ ပျူဒင်္ဂါးတွေ တော်တော်တွေ့တာ။ အဲဒီလို မှောင်ခိုဈေးကွက်တစ် ခုကြီးလိုဖြစ်နေတာ မိုင်းမော ကို ကျွန်တော်တို့ ထိန်းသင့်တယ်” ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
မိုင္းေမာၿမိဳ႕ေဟာင္းမွ ပ်ဴေခတ္ ေရွးေဟာင္းဒဂၤါးမ်ားကို သတၱဳတူးေဖာ္စက္ျဖင့္ ရွာေဖြတူးေဖာ္ကာ ေမွာင္ခိုေဈးကြက္ႀကီးတစ္ခုျဖစ္ေန
ေစာ (NP News) - ၾသဂုတ္ ၁၉
မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ ခ႐ိုင္ ျမစ္သားၿမိဳ႕နယ္ရွိ မိုင္းေမာၿမိဳ႕ေဟာင္းတြင္ ပ်ဴေခတ္ဒဂၤါးမ်ားကို သတၱဳတူးေဖာ္စက္ျဖင့္ ရွာေဖြ တူးေဖာ္ကာ ေမွာင္ခိုေဈးကြက္ႀကီးတစ္ခုျဖစ္ေန ေၾကာင္း အဆိုပါျဖစ္စဥ္ကို သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
မိုင္းေမာၿမိဳ႕ေဟာင္းသည္ ပ်ဴၿမိဳ႕ေဟာင္းမ်ားထဲမွတစ္ခုျဖစ္ၿပီး ခရစ္မေပၚမီ ထြန္းကားခဲ့ျခင္း ျဖစ္ ကာ အဆိုပါၿမိဳ႕ေဟာင္းကို (၁၉၇၈-၁၉၇၉) ဘ႑ာေရးႏွစ္ ဒီဇင္ဘာလမွစတင္၍ တူးေဖာ္ေရး ရာသီတိုင္း တူးေဖာ္သုေတသနျပဳခဲ့ၿပီး (၂၀၂၂ - ၂၀၂၃) ဘ႑ာေရးႏွစ္အထိ တူးေဖာ္မႈ ကုန္းေပါင္း (၂၃)ကုန္းကို တူး ေဖာ္သုေတသနျပဳခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
“မိုင္းေမာၿမိဳ႕ေဟာင္းမွာဆိုရင္ ခုဒီဘက္ မၿငိမ္းခ်မ္းတဲ့ကာလမွာ ဘာေတြလုပ္ေနလဲဆိုေတာ့ သတၱဳတူးေဖာ္ေရးစက္ေတြ သိတယ္မလား။ အဲဒါေတြနဲ႔ကို ရွာၿပီးေတာ့ တူးၿပီးေတာ့ ေမွာင္ခိုေတြလုပ္ေန ၾကတာ။ အခုလည္း လုပ္တာေပါ့” ဟု ၎က ေျပာသည္။
အဆိုပါ ပ်ဴဒဂၤါးမ်ားအျပင္ သဘာဝေက်ာက္မ်ားျဖစ္ေသာ ပ်ဴပုတီးမ်ားကိုလည္း ေမွာင္ခို ေရာင္း စားမႈမ်ားရွိေနေၾကာင္း ၎ကဆိုသည္။
“အဲဒီစက္အေၾကာင္းေတာ့ ကြၽန္ေတာ္ နားမလည္ဘူး။ အဲဒီစက္နဲ႔ကို ေျမျပင္ေပၚကို ပြတ္ပြတ္ၿပီး သြားၾကည့္လိုက္ေတာ့ ေအာက္မွာပ်ဴ ဒဂၤါးရွိတဲ့ေနရာဆိုရင္ အခ်က္ျပတာ၊ အဲဒီေနရာကို တူးၾကည့္လိုက္ ရင္ ဒဂၤါးေတြအမ်ားႀကီးေတြ႕ရတယ္။ အရင္တုန္းကဆိုရင္ ဒဂၤါးက ဘယ္ေနရာမွာရွိမွန္း မသိၾကဘူး။ ေျမ ႀကီးထဲမွာရွိတာဆိုေတာ့ ပ်ဴဒဂၤါး တစ္ခုကိုေတြ႕ရဖို႔ကို ေတာ္ေတာ္ခဲယဥ္းတယ္။ သတၱဳရွာတဲ့စက္ေတြ နဲ႔ ရွာေတာ့ ပ်ဴဒဂၤါးေတြ ေတာ္ေတာ္ေတြ႕တာ။ အဲဒီလို ေမွာင္ခိုေဈးကြက္တစ္ ခုႀကီးလိုျဖစ္ေနတာ မိုင္းေမာ ကို ကြၽန္ေတာ္တို႔ ထိန္းသင့္တယ္” ၎က ဆက္လက္ေျပာသည္။