Gold Derby TV Awards မှာ လီဗြောင်ဟွန်းကို ကျော်လွန်ပြီး ဇာတ်ပို့ဆု ရရှိခဲ့တဲ့ T.O.P

 359

ရောင်နီ (NP News) - သြဂုတ် ၂ဝ

BIGBANG ရဲ့အဖွဲ့ဝင် T.O.P (ချိုဆန်းဟွန်) ဟာ ၂၀၂၅ ခုနှစ်အတွက် Gold Derby TV Awards မှာ လီဗြောင်ဟွန်းကို ကျော်လွန်ပြီး အကောင်းဆုံး ဇာတ်ပို့ဆု လက်ခံရရှိခဲ့ပါ တယ်။
သြဂုတ်လ ၁၉ ရက်က ကြေညာတဲ့ Gold Derby ဝက်ဘ်ဆိုဒ် (KST) အရ Netflix ရဲ့နာမည်ကြီးစီးရီး 'Squid Game' ဟာ အကောင်းဆုံးဒရမ်မာ စီးရီး အပါအဝင် စုစုပေါင်းဆု ခြောက်ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။ Squid Game ထဲက ဇာတ်ဆောင်ကာရိုက်တာ ဆောင်းဂီဟွန်း အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား လီဂျောင်ဂျေး ဟာ ဒရမ်မာ အတွက် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။ မင်းသမီးကြီး ကန်အယ်ရှင်း ကတော့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု၊ မင်းသား ဂေါင်ယိုး တို့က အကောင်းဆုံးဧည့်သည် သရုပ်ဆောင်ဆု ရရှိခဲ့ပြီး Squid Game ဟာ အဖွဲ့လိုက် သရုပ်ဖော်မှုမှာလည်း Best Ensemble Award ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။
Gold Derby TV Awards ဟာ ဒရာမာ၊ ဟာသ၊ ကာတွန်းနဲ့ ရုပ်ရှင် ထူးချွန်မှုကို အသိအမှတ်ပြုတဲ့ ဆုအမျိုးအစား ၃၀ ကို နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။

Zawgyi Version:
Gold Derby TV Awards မွာ လီေျဗာင္ဟြန္းကို ေက်ာ္လြန္ၿပီး ဇာတ္ပို႔ဆု ရရွိခဲ့တဲ့ T.O.P
ေရာင္နီ (NP News) - ၾသဂုတ္ ၂ဝ
BIGBANG ရဲ႕အဖြဲ႕ဝင္ T.O.P (ခ်ိဳဆန္းဟြန္) ဟာ ၂၀၂၅ ခုႏွစ္အတြက္ Gold Derby TV Awards မွာ လီေျဗာင္ဟြန္းကို ေက်ာ္လြန္ၿပီး အေကာင္းဆုံး ဇာတ္ပို႔ဆု လက္ခံရရွိခဲ့ပါ တယ္။
ၾသဂုတ္လ ၁၉ ရက္က ေၾကညာတဲ့ Gold Derby ဝက္ဘ္ဆိုဒ္ (KST) အရ Netflix ရဲ႕နာမည္ႀကီးစီးရီး 'Squid Game' ဟာ အေကာင္းဆုံးဒရမ္မာ စီးရီး အပါအဝင္ စုစုေပါင္းဆု ေျခာက္ဆု ရရွိခဲ့တယ္လို႔ သိရပါတယ္။ Squid Game ထဲက ဇာတ္ေဆာင္ကာ႐ိုက္တာ ေဆာင္းဂီဟြန္း အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသား လီေဂ်ာင္ေဂ်း ဟာ ဒရမ္မာ အတြက္ အေကာင္းဆုံးအမ်ိဳးသားသ႐ုပ္ေဆာင္ဆု ရရွိခဲ့ပါတယ္။ မင္းသမီးႀကီး ကန္အယ္ရွင္း ကေတာ့ အေကာင္းဆုံး ဇာတ္ပို႔မင္းသမီးဆု၊ မင္းသား ေဂါင္ယိုး တို႔က အေကာင္းဆုံးဧည့္သည္ သ႐ုပ္ေဆာင္ဆု ရရွိခဲ့ၿပီး Squid Game ဟာ အဖြဲ႕လိုက္ သ႐ုပ္ေဖာ္မႈမွာလည္း Best Ensemble Award ဆု ရရွိခဲ့တယ္လို႔ သိရပါတယ္။
Gold Derby TV Awards ဟာ ဒရာမာ၊ ဟာသ၊ ကာတြန္းနဲ႔ ႐ုပ္ရွင္ ထူးခြၽန္မႈကို အသိအမွတ္ျပဳတဲ့ ဆုအမ်ိဳးအစား ၃၀ ကို ႏွစ္စဥ္ေပးအပ္ေလ့ရွိတဲ့ အခမ္းအနားတစ္ခု ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.