ဘီလ်ဂိတ်နဲ့ ယိုဂျယ်ဆော့ အစီအစဉ်တစ်ခုထဲမှာ အတူတွဲတွေ့ရဖို့ရှိ

279

ရောင်နီ (NP News) - သြဂုတ် ၂ဝ
မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ၊ ပရဟိတသမား ဘီလ်ဂိတ်နဲ့ တောင်ကိုရီးယား Nation MC ယိုဂျယ်ဆော့ကို variety show "You Quiz on the Block" မှာ အတူတွဲ မြင်တွေ့ရတော့မယ်လို့ သိရပါတယ်။
ဒီအကြောင်းကို tvN ကလည်း ကမ္ဘာ့နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဘီလ်ဂိတ် ဟာ သူ့ရဲ့ကိုရီးယား ခရီးစဉ်အတွက် တောင်ကိုရီးယားကို လာလည်ရင်း "You Quiz on the Block" အစီအစဉ်မှာ ပါဝင်လာမယ်လို့ သြဂုတ်လ ၁၈ ရက်က အတည်ပြု ပြောကြားခဲ့ပါတယ်။ အစီအစဉ်ထုတ်လွှင့်မယ့်ရက်အတိအကျကို မကြေညာ သေးပေမယ့် ယခုလနှောင်းပိုင်းမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
"You Quiz on the Block အစီအစဉ် မတူကွဲပြားသော ကိုယ်ရေးကိုယ်တာဇာတ်လမ်းတွေ ဝေမျှပြီး အပြန်အလှန် နားလည်မှုကို ပြသတဲ့ ပရိုဂရမ်တစ်ခုဖြစ်တဲ့အတွက် ဘီလ်ဂိတ်ရဲ့ Bill & Melinda Gates ဖောင်ဒေးရှင်း အဓိက ရည်ရွယ်ချက်နဲ့လည်း နီးစပ်တယ်လို့ ဆိုပါတယ်။ "နည်းပညာနဲ့ကမ္ဘာကြီးကို ချိတ်ဆက်ပေးပြီး ပရဟိတလုပ်ငန်း တွေ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရတာ ဂုဏ်ယူမိပါတယ်” လို့ tvN က ပြောပါတယ်။
ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်နဲ့ ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း MC ယိုဂျယ်ဆော့ တို့ရဲ့စကားဝိုင်းဟာ ရှားရှားပါးပါး အစီအစဉ်ဖြစ်တာကြောင့် လူစိတ်ဝင်စားမှု များပြားနေပါတယ်။

Zawgyi Version:
ဘီလ္ဂိတ္နဲ႔ ယိုဂ်ယ္ေဆာ့ အစီအစဥ္တစ္ခုထဲမွာ အတူတြဲေတြ႕ရဖို႔ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၂ဝ
မိုက္ခ႐ိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ၊ ပရဟိတသမား ဘီလ္ဂိတ္နဲ႔ ေတာင္ကိုရီးယား Nation MC ယိုဂ်ယ္ေဆာ့ကို variety show "You Quiz on the Block" မွာ အတူတြဲ ျမင္ေတြ႕ရေတာ့မယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို tvN ကလည္း ကမာၻ႔နာမည္ႀကီး စီးပြားေရးလုပ္ငန္းရွင္ ဘီလ္ဂိတ္ ဟာ သူ႔ရဲ႕ကိုရီးယား ခရီးစဥ္အတြက္ ေတာင္ကိုရီးယားကို လာလည္ရင္း "You Quiz on the Block" အစီအစဥ္မွာ ပါဝင္လာမယ္လို႔ ၾသဂုတ္လ ၁၈ ရက္က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ အစီအစဥ္ထုတ္လႊင့္မယ့္ရက္အတိအက်ကို မေၾကညာ ေသးေပမယ့္ ယခုလေႏွာင္းပိုင္းမွာ ထုတ္လႊင့္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။
"You Quiz on the Block အစီအစဥ္ မတူကြဲျပားေသာ ကိုယ္ေရးကိုယ္တာဇာတ္လမ္းေတြ ေဝမွ်ၿပီး အျပန္အလွန္ နားလည္မႈကို ျပသတဲ့ ပ႐ိုဂရမ္တစ္ခုျဖစ္တဲ့အတြက္ ဘီလ္ဂိတ္ရဲ႕ Bill & Melinda Gates ေဖာင္ေဒးရွင္း အဓိက ရည္႐ြယ္ခ်က္နဲ႔လည္း နီးစပ္တယ္လို႔ ဆိုပါတယ္။ "နည္းပညာနဲ႔ကမာၻႀကီးကို ခ်ိတ္ဆက္ေပးၿပီး ပရဟိတလုပ္ငန္း ေတြ လုပ္ေဆာင္ေနတဲ့ ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ ဘီလ္ဂိတ္ကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပရတာ ဂုဏ္ယူမိပါတယ္” လို႔ tvN က ေျပာပါတယ္။
ကမာၻေပၚမွာ ၾသဇာအရွိဆုံး ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ ဘီလ္ဂိတ္နဲ႔ ကိုရီးယားႏိုင္ငံရဲ႕ထိပ္တန္း MC ယိုဂ်ယ္ေဆာ့ တို႔ရဲ႕စကားဝိုင္းဟာ ရွားရွားပါးပါး အစီအစဥ္ျဖစ္တာေၾကာင့္ လူစိတ္ဝင္စားမႈ မ်ားျပားေနပါတယ္။