Running Man အဖွဲ့ဝင်၊ အဆိုတော် ကင်ဂျုံဂု လက်ထပ်တော့မှာဖြစ်ကြောင်း ကြေညာ

 512

ရောင်နီ (NP News) - သြဂုတ် ၂ဝ
တောင်ကိုရီးယား viriety show၊ Running Man ရဲ့ အဖွဲ့ဝင်၊ အဆိုတော် ကင်ဂျုံဂု (အသက် ၄၉ နှစ်) ဟာ လက်ထပ်တော့မယ့်အကြောင်း ဩဂုတ်လ ၁၈ ရက်က ကြေညာလိုက်ပါတယ်။
ဒီအကြောင်းကို ကင်ဂျုံဂုက ဂွမ်ဂျီပြည်နယ်၊ ပြုံးထက်မှာ Running Man အတွက် ရိုက်ကူးရေး လုပ်နေစဉ်မှာ ပြောပြကြေညာလိုက်တာဖြစ်ပါတယ်။ Running Man အဖွင့်အပိုင်းကို ရိုက်ကူးနေစဉ်မှာပဲ ကင်က သူ့မှာ ဝေမျှစရာ တစ်ခုခု ရှိတယ်လို့ဆိုကာ လက်ထပ်တော့မယ့်အကြောင်း ဖွင့်ဟလိုက်တာဖြစ်ပါတယ်။
Running Man အဖွဲ့ဝင်တွေက ပထမဂိမ်းအတွက် စနောက်မှုတစ်ခုအဖြစ် ထင်မှတ်မိခဲ့ကြပေမယ့် တကယ် လက်ထပ်တော့မှာကို သိခဲ့ကြပြီး လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုလိုက်ကြပါတယ်။
ဒါအပြင် ကင်ဂျောင်ဂုက သူ့ရဲ့တရားဝင် fan café ကနေတဆင့်လည်း စာရေးသားပြီး သူ့ရဲ့ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဇနီးလောင်းဟာ ဘယ်သူဆိုတာတော့ အရိပ်အမြွတ်ပြောကြားခြင်းမရှိသလို မင်္ဂလာပွဲကိုလည်း ရင်းနှီးသူ လူနည်းစုနဲ့သာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Zawgyi Version:
Running Man အဖြဲ႕ဝင္၊ အဆိုေတာ္ ကင္ဂ်ဳံဂု လက္ထပ္ေတာ့မွာျဖစ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂ဝ
ေတာင္ကိုရီးယား viriety show၊ Running Man ရဲ႕ အဖြဲ႕ဝင္၊ အဆိုေတာ္ ကင္ဂ်ဳံဂု (အသက္ ၄၉ ႏွစ္) ဟာ လက္ထပ္ေတာ့မယ့္အေၾကာင္း ဩဂုတ္လ ၁၈ ရက္က ေၾကညာလိုက္ပါတယ္။
ဒီအေၾကာင္းကို ကင္ဂ်ဳံဂုက ဂြမ္ဂ်ီျပည္နယ္၊ ၿပဳံးထက္မွာ Running Man အတြက္ ႐ိုက္ကူးေရး လုပ္ေနစဥ္မွာ ေျပာျပေၾကညာလိုက္တာျဖစ္ပါတယ္။ Running Man အဖြင့္အပိုင္းကို ႐ိုက္ကူးေနစဥ္မွာပဲ ကင္က သူ႔မွာ ေဝမွ်စရာ တစ္ခုခု ရွိတယ္လို႔ဆိုကာ လက္ထပ္ေတာ့မယ့္အေၾကာင္း ဖြင့္ဟလိုက္တာျဖစ္ပါတယ္။
Running Man အဖြဲ႕ဝင္ေတြက ပထမဂိမ္းအတြက္ စေနာက္မႈတစ္ခုအျဖစ္ ထင္မွတ္မိခဲ့ၾကေပမယ့္ တကယ္ လက္ထပ္ေတာ့မွာကို သိခဲ့ၾကၿပီး လႈိက္လႈိက္လွဲလွဲ ခ်ီးက်ဴးဂုဏ္ျပဳလိုက္ၾကပါတယ္။
ဒါအျပင္ ကင္ေဂ်ာင္ဂုက သူ႔ရဲ႕တရားဝင္ fan café ကေနတဆင့္လည္း စာေရးသားၿပီး သူ႔ရဲ႕ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ဇနီးေလာင္းဟာ ဘယ္သူဆိုတာေတာ့ အရိပ္အႁမြတ္ေျပာၾကားျခင္းမရွိသလို မဂၤလာပြဲကိုလည္း ရင္းႏွီးသူ လူနည္းစုနဲ႔သာ က်င္းပသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.