အဝလွန်နေတဲ့ခန္ဓာကိုယ်ကို ကြိုးစားဝိတ်ချပြောင်းလဲလိုက်တဲ့ AKMU အဆိုတော် ဆူဟွန်း

181
ရောင်နီ (NP News) - သြဂုတ် ၂ဝ
တောင်ကိုရီးယားအဆိုအဖွဲ့ AKMU ရဲ့အဖွဲ့ဝင် အဆိုတော်ဆူဟွန်းဟာ အဝလွန်နေတဲ့ ခန္ဓာကိုယ်ကို ကြိုးစားဝိတ်ချကာ ပြောင်းလဲလိုက်တဲ့အကြောင်း သိသိသာသာဝိတ်ကျသွားတဲ့ပုံတွေနဲ့အတူ ပရိသတ်ကို အသိပေး ခဲ့ပါတယ်။
ဒါအပြင် ကိုယ်အလေးချိန်ကျဆင်းခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေအပေါ် ပရိသတ်တွေ စိတ်မပူရ အောင်လည်း ကျန်းစာစွာနဲ့ ဝိတ်ချနိုင်ခဲ့တဲ့အကြောင်း ဆူဟွန်းက ဩဂုတ်လ ၁၅ ရက်က သူ့ရဲ့ Instagram Story မှတစ်ဆင့် ပရိသတ်တွေနဲ့ အပြန်အလှန် အမေးအဖြေတွေ လုပ်ခဲ့ချိန်မှာ ပြောကြားခဲ့ပါသေးတယ်။ သူမတင်ထားတဲ့ ဓာတ်ပုံတွေမှာလည်း မျက်နှာသွယ်ကာ ခန္ဓာကိုယ်ပိန်ပါးလာတဲ့ပုံစံနဲ့ စင်ပေါ်မှာဖျော်ဖြေနေတဲ့ပုံရိပ်တွေ မြင်တွေ့ လာရပါတယ်။
AKMU ဟာ လီချန်ဟွက်ခ် နဲ့ လီဆူဟွန် ဆိုတဲ့ မောင်နှမနှစ်ယောက် ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဝင်နှစ်ဦးပါ ဂီတအဖွဲ့ဖြစ်ပြီး သူတို့ရဲ့သီချင်း၊ အဆိုပိုင်းနဲ့ စင်မြင့်ဖျော်ဖြေမှု အတွက် ပရိသတ်အားပေးမှု များစွာရရှိထားပါတယ်။
Zawgyi Version:
အဝလြန္ေနတဲ့ခႏၶာကိုယ္ကို ႀကိဳးစားဝိတ္ခ်ေျပာင္းလဲလိုက္တဲ့ AKMU အဆိုေတာ္ ဆူဟြန္း
ေရာင္နီ (NP News) - ၾသဂုတ္ ၂ဝ
ေတာင္ကိုရီးယားအဆိုအဖြဲ႕ AKMU ရဲ႕အဖြဲ႕ဝင္ အဆိုေတာ္ဆူဟြန္းဟာ အဝလြန္ေနတဲ့ ခႏၶာကိုယ္ကို ႀကိဳးစားဝိတ္ခ်ကာ ေျပာင္းလဲလိုက္တဲ့အေၾကာင္း သိသိသာသာဝိတ္က်သြားတဲ့ပုံေတြနဲ႔အတူ ပရိသတ္ကို အသိေပး ခဲ့ပါတယ္။
ဒါအျပင္ ကိုယ္အေလးခ်ိန္က်ဆင္းျခင္းေၾကာင့္ က်န္းမာေရးထိခိုက္ႏိုင္ေျခအေပၚ ပရိသတ္ေတြ စိတ္မပူရ ေအာင္လည္း က်န္းစာစြာနဲ႔ ဝိတ္ခ်ႏိုင္ခဲ့တဲ့အေၾကာင္း ဆူဟြန္းက ဩဂုတ္လ ၁၅ ရက္က သူ႔ရဲ႕ Instagram Story မွတစ္ဆင့္ ပရိသတ္ေတြနဲ႔ အျပန္အလွန္ အေမးအေျဖေတြ လုပ္ခဲ့ခ်ိန္မွာ ေျပာၾကားခဲ့ပါေသးတယ္။ သူမတင္ထားတဲ့ ဓာတ္ပုံေတြမွာလည္း မ်က္ႏွာသြယ္ကာ ခႏၶာကိုယ္ပိန္ပါးလာတဲ့ပုံစံနဲ႔ စင္ေပၚမွာေဖ်ာ္ေျဖေနတဲ့ပုံရိပ္ေတြ ျမင္ေတြ႕ လာရပါတယ္။
AKMU ဟာ လီခ်န္ဟြက္ခ္ နဲ႔ လီဆူဟြန္ ဆိုတဲ့ ေမာင္ႏွမႏွစ္ေယာက္ ပူးေပါင္းဖြဲ႕စည္းထားတဲ့ အဖြဲ႕ဝင္ႏွစ္ဦးပါ ဂီတအဖြဲ႕ျဖစ္ၿပီး သူတို႔ရဲ႕သီခ်င္း၊ အဆိုပိုင္းနဲ႔ စင္ျမင့္ေဖ်ာ္ေျဖမႈ အတြက္ ပရိသတ္အားေပးမႈ မ်ားစြာရရွိထားပါတယ္။