အမေရိကန်နိုင်ငံ၊ အာကန်းဆက်မှာ အမျိုးသမီးတစ်ဦးက ၂.၃ ကာရက်ရှိ စိန်တစ်ပွင့် ရှာဖွေတွေ့ရှိ

95

ရောင်နီ (NP News) - သြဂုတ် ၂ဝ
အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးမှာ နေထိုင်တဲ့ မစ္စဖောက်စ် အမည်ရှိ အမျိုးသမီးဟာ Crater of Diamonds State Park မှာ သီတင်း ၃ ပတ်ကြာအောင် စခန်းချကာ ကျောက်မျက်ရတနာတူးဖော်ရေး နေ့တိုင်း ခရီးထွက်ခဲ့ရာမှ နောက်ဆုံးမှာ ၂.၃ ကာရက်ရှိ စိန်တစ်ပွင့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် သူမရရှိလာတဲ့ စိန်ပွင့်ကို Crater of Diamonds State Park တာဝန်ရှိသူတွေက စစ်မှန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
နယူးယောက်ပြည်နယ်အခြေစိုက် ကျောက်မျက်ဗေဒပညာရှင် မစ္စအန်နီဆေးရဲ့ပြောကြားချက်အရ စိန်ပွင့် ဟာ နောက်ဆုံးဖြတ်တောက်မှု၊ ရှင်းလင်းမှုပြီးရင်တော့ အရောင်နဲ့ ကာရက်အလေးချိန်ပေါ်မူတည်ပြီး အမေရိကန် ဒေါ်လာ ၁၀,၀၀၀ မှ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထိ တန်ဖိုးရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မစ္စဖောက်စ်က တန်ဖိုးဖြတ်ခြင်း မရှိသေးတာကြောင့် စိန်ရဲ့တန်ဖိုး အတိအကျကို မသိရသေးပါဘူး။ မစ္စဖောက်စ် ဟာ Crater of Diamonds State Park မှာ နံနက်တိုင်း အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ပေးဆောင်ပြီး နေ့တိုင်း စိန်ရှာဖွေရေး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Diamonds State Park မှာ စိန်လာရောက်ရှာဖွေသူတွေဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် လူပေါင်း ၁၆၀,၀၀၀ ခန့် လာရောက်လေ့ ရှိပါတယ်။ ပန်းခြံကတော့ စိန်ရှာဖွေသူတွေအတွက် အပိုကုန်ကျစရိတ်မရှိဘဲ တူးဖော်မှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့အရာဟူသမျှ စီစဉ်ပေးတယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ် ဇွန်လကလည်း အဲဒီပန်းခြံမှာ၈.၅၂ ကာရက်ရှိ စိန်တစ်လုံးကို စိန်ရှာဖွေသူတစ်ဦးက တွေ့ရှိခဲ့ဖူးပါ တယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ အာကန္းဆက္မွာ အမ်ိဳးသမီးတစ္ဦးက ၂.၃ ကာရက္ရွိ စိန္တစ္ပြင့္ ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၂ဝ
အေမရိကန္ႏိုင္ငံ၊ နယူးေယာက္စီးတီးမွာ ေနထိုင္တဲ့ မစၥေဖာက္စ္ အမည္ရွိ အမ်ိဳးသမီးဟာ Crater of Diamonds State Park မွာ သီတင္း ၃ ပတ္ၾကာေအာင္ စခန္းခ်ကာ ေက်ာက္မ်က္ရတနာတူးေဖာ္ေရး ေန႔တိုင္း ခရီးထြက္ခဲ့ရာမွ ေနာက္ဆုံးမွာ ၂.၃ ကာရက္ရွိ စိန္တစ္ပြင့္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒီေနာက္ သူမရရွိလာတဲ့ စိန္ပြင့္ကို Crater of Diamonds State Park တာဝန္ရွိသူေတြက စစ္မွန္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။
နယူးေယာက္ျပည္နယ္အေျခစိုက္ ေက်ာက္မ်က္ေဗဒပညာရွင္ မစၥအန္နီေဆးရဲ႕ေျပာၾကားခ်က္အရ စိန္ပြင့္ ဟာ ေနာက္ဆုံးျဖတ္ေတာက္မႈ၊ ရွင္းလင္းမႈၿပီးရင္ေတာ့ အေရာင္နဲ႔ ကာရက္အေလးခ်ိန္ေပၚမူတည္ၿပီး အေမရိကန္ ေဒၚလာ ၁၀,၀၀၀ မွ အေမရိကန္ေဒၚလာ ၅၀,၀၀၀ အထိ တန္ဖိုးရွိႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ မစၥေဖာက္စ္က တန္ဖိုးျဖတ္ျခင္း မရွိေသးတာေၾကာင့္ စိန္ရဲ႕တန္ဖိုး အတိအက်ကို မသိရေသးပါဘူး။ မစၥေဖာက္စ္ ဟာ Crater of Diamonds State Park မွာ နံနက္တိုင္း အေမရိကန္ေဒၚလာ ၁၅ ေဒၚလာ ေပးေဆာင္ၿပီး ေန႔တိုင္း စိန္ရွာေဖြေရး ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
Diamonds State Park မွာ စိန္လာေရာက္ရွာေဖြသူေတြဟာ ႏွစ္စဥ္ ပ်မ္းမွ်အားျဖင့္ လူေပါင္း ၁၆၀,၀၀၀ ခန႔္ လာေရာက္ေလ့ ရွိပါတယ္။ ပန္းၿခံကေတာ့ စိန္ရွာေဖြသူေတြအတြက္ အပိုကုန္က်စရိတ္မရွိဘဲ တူးေဖာ္မႈေတြ ျပဳလုပ္ႏိုင္ဖို႔ လိုအပ္တဲ့အရာဟူသမွ် စီစဥ္ေပးတယ္လို႔ သိရပါတယ္။
၂၀၁၅ ခုႏွစ္ ဇြန္လကလည္း အဲဒီပန္းၿခံမွာ၈.၅၂ ကာရက္ရွိ စိန္တစ္လုံးကို စိန္ရွာေဖြသူတစ္ဦးက ေတြ႕ရွိခဲ့ဖူးပါတယ္။