အပစ်ခတ်ရပ်စဲရေးအဆိုပြုချက်ကို ဟားမက်စ်အဖွဲ့လက်ခံလျှင်လည်း ဂါဇာမြို့ကိုအလုံးစုံသိမ်းပိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

 343

ဂျန်ဇက်(NP News)
ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အပစ်ခတ်ရပ်စဲရေးအဆိုပြုကမ်းလှမ်းချက်များကို လက်ခံမည်ဆိုလျှင်လည်း အစ္စရေး သည် ဂါဇာမြို့ကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်သည်။ အစ္စရေးစစ်တပ်က ဂါဇာမြို့ကို သိမ်းပိုက်ရန် စစ်ဆင်ရေးပထမအဆင့်စတင်ကြောင်း ကြေညာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ကယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေတန်ရာဟုက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးရေးရည်မှန်းချက်သည် ပြောင်းလဲမည်မဟုတ်ကြောင်း ပြောသည်။ အစ္စရေးဝန်ကြီးချုပ်က ''
ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ လုပ်ရမှာပဲဖြစ်ပါတယ်။ ဂါဇာမြို့မှာ ဟားမက်လက်နက်ကိုင်အဖွဲ့ကို နေထိုင်ခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုမှုတွေကိုထောက်ခံပါတယ်။ ကျွန်တော်အမြင်တော ဒေါ်နယ်ထရမ့်ဟာ အကောင်းဆုံးအရာတွေလုပ်ဆောင်ခဲ့တယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာဖမ်းဆီးထားသူတွေကို ပြန်လည်လွှတ်ပေးဖို့၊ လက်နက်ဖျက်သိမ်းဖို့၊ ဂါဇာဒေသကိုစစ်မဲ့နေရာဖြစ်အောင်လုပ်ဖို့ သဘောတူညီခဲ့မယ်ဆိုရင် စစ်ပွဲဟာ ချက်ချင်း
အဆုံးသတ်သွားမှာပါ၊'' ဟုပြောသည်။အစ္စရေးဝန်ကြီးချုပ်သည် ဂါဇာမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အပါအဝင် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်ခြင်းများကို ငြင်းဆန်ပယ်ချထားကြောင်းသိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ် ကဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ချက်ချင်းအပစ်ခတ်ရပ်စဲရန်၊ အစ္စရေး၏ထိုးစစ်ဆင်တိုက်ခိုက်ခြင်းက ကြီးမားသောထိခိုက်ပျက်စီးမှုများနှင့်အတူ လူအသေပျောက်များဖွယ်ရှိနေကြောင်း သတိပေးခဲ့သည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နှင့်လူအခွင့်ရေးအဖွဲ့များကလည်း ဂါဇာမြို့ကို ထိုးစစ်ဆင်မည့်အစ္စရေး၏ စစ်ဆင်ရေးကို ရပ်တန့်ရန် တိုက်တွန်းတောင်းဆိုထားကြောင်းသိရသည်။ ၂၀၂၃ခုနှစ်တွင်စတင်ခဲ့သော
အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားသောဂါဇာ စစ်ပွဲအတွင်း ပါလက်စတိုင်းလူမျိုး ၆၂၀၀၀ကျော်သေဆုံးထားကြောင်းသိရသည်။

Zawgyi Version:
အပစ္ခတ္ရပ္စဲေရးအဆိုျပဳခ်က္ကို ဟားမက္စ္အဖြဲ႕လက္ခံလွ်င္လည္း ဂါဇာၿမိဳ႕ကိုအလုံးစုံသိမ္းပိုက္မည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္(NP News)
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က အပစ္ခတ္ရပ္စဲေရးအဆိုျပဳကမ္းလွမ္းခ်က္မ်ားကို လက္ခံမည္ဆိုလွ်င္လည္း အစၥေရး သည္ ဂါဇာၿမိဳ႕ကို အလုံးစုံတိုက္ခိုက္သိမ္းပိုက္သြားမည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အစၥေရးစစ္တပ္က ဂါဇာၿမိဳ႕ကို သိမ္းပိုက္ရန္ စစ္ဆင္ေရးပထမအဆင့္စတင္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ကယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေနတန္ရာဟုက ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို ဖ်က္ဆီးေရးရည္မွန္းခ်က္သည္ ေျပာင္းလဲမည္မဟုတ္ေၾကာင္း ေျပာသည္။ အစၥေရးဝန္ႀကီးခ်ဳပ္က ''
ကြၽန္ေတာ္တို႔ကေတာ့ လုပ္စရာရွိတာ လုပ္ရမွာပဲျဖစ္ပါတယ္။ ဂါဇာၿမိဳ႕မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ေနထိုင္ခြင့္ေပးမွာမဟုတ္ဘူးဆိုတဲ့အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုမႈေတြကိုေထာက္ခံပါတယ္။ ကြၽန္ေတာ္အျမင္ေတာ ေဒၚနယ္ထရမ့္ဟာ အေကာင္းဆုံးအရာေတြလုပ္ေဆာင္ခဲ့တယ္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာဖမ္းဆီးထားသူေတြကို ျပန္လည္လႊတ္ေပးဖို႔၊ လက္နက္ဖ်က္သိမ္းဖို႔၊ ဂါဇာေဒသကိုစစ္မဲ့ေနရာျဖစ္ေအာင္လုပ္ဖို႔ သေဘာတူညီခဲ့မယ္ဆိုရင္ စစ္ပြဲဟာ ခ်က္ခ်င္း
အဆုံးသတ္သြားမွာပါ၊'' ဟုေျပာသည္။အစၥေရးဝန္ႀကီးခ်ဳပ္သည္ ဂါဇာၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္ျခင္းႏွင့္ပတ္သက္ၿပီး ကုလသမဂၢအဖြဲ႕အပါအဝင္ ႏိုင္ငံတကာ၏ ေဝဖန္ျပစ္တင္ျခင္းမ်ားကို ျငင္းဆန္ပယ္ခ်ထားေၾကာင္းသိရသည္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီ ဂူတာရက္စ္ ကဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ခ်က္ခ်င္းအပစ္ခတ္ရပ္စဲရန္၊ အစၥေရး၏ထိုးစစ္ဆင္တိုက္ခိုက္ျခင္းက ႀကီးမားေသာထိခိုက္ပ်က္စီးမႈမ်ားႏွင့္အတူ လူအေသေပ်ာက္မ်ားဖြယ္ရွိေနေၾကာင္း သတိေပးခဲ့သည္။ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ႏွင့္လူအခြင့္ေရးအဖြဲ႕မ်ားကလည္း ဂါဇာၿမိဳ႕ကို ထိုးစစ္ဆင္မည့္အစၥေရး၏ စစ္ဆင္ေရးကို ရပ္တန႔္ရန္ တိုက္တြန္းေတာင္းဆိုထားေၾကာင္းသိရသည္။ ၂၀၂၃ခုႏွစ္တြင္စတင္ခဲ့ေသာ
အစၥေရးႏွင့္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေသာဂါဇာ စစ္ပြဲအတြင္း ပါလက္စတိုင္းလူမ်ိဳး ၆၂၀၀၀ေက်ာ္ေသဆုံးထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.