ကင်ဂျုံဂု လက်ထပ်တော့မယ့်အကြောင့် တစ်နှစ်ကြို ခန့်မှန်းနိုင်ခဲ့တဲ့ ဆောင်းဂျီဟို

725
ရောင်နီ (NP News) - သြဂုတ် ၂၆
မကြာသေးခင်ကမှ လက်ထပ်တော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တဲ့ Running Man အဖွဲ့ဝင် ကင်ဂျုံဂုရဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး သရုပ်ဆောင် ဆောင်းဂျီဟို က တစ်နှစ်ကြို ခန့်မှန်းခဲ့ဖူးပါတယ်။
အင်တာနက်အသုံးပြုသူတွေရဲ့ တူးဖော်မွှေနှောက်မှုအရ ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်က Running Man အပိုင်းတစ်ခုမှာ ကင်ဂျောင်ဂု လက်ထပ်တော့မယ်ထင်တဲ့အကြောင်း အဖွဲ့ဝင် ဆောင်ဂျီဟိုက အဖွဲ့ဝင် ဂျီဆော့ဂျင်း ကို ပြောခဲ့ဖူးပါတယ်။ ဆောင်းဂျီဟိုက ဂျောင်ကု ဟာ "ဒေါသအရမ်းနည်းလာပြီး ရယ်မောနေတတ်လာသလို၊ ကစားတဲ့အခါမှာလည်း ပိုပျော်နေတယ်လို့ ခံစားရကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဂျောင်ကု ဟာ ပုံမှန်အားဖြင့် မရယ်တတ်ပေမယ့် အဲဒီတုန်းကတော့ ထူးထူးခြားခြား အရမ်းပြုံးရယ်နေခဲ့တယ်လို့ ဆိုပါတယ်။
ကင်ဂျုံကု ဟာ လက်ထပ်တော့မယ့်အကြောင်းကို ဩဂုတ်လ ၁၈ ရက်က Ranning Man အစီအစဉ်မှာ ဖွင့်ဟ ပြောပြခဲ့တာဖြစ်ပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့အတူ လာမယ့်စက်တင်ဘာ ၅ ရက်မှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။
Zawgyi Version:
ကင္ဂ်ဳံဂု လက္ထပ္ေတာ့မယ့္အေၾကာင့္ တစ္ႏွစ္ႀကိဳ ခန႔္မွန္းႏိုင္ခဲ့တဲ့ ေဆာင္းဂ်ီဟို
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
မၾကာေသးခင္ကမွ လက္ထပ္ေတာ့မယ့္အေၾကာင္း ပရိသတ္ေတြကို အသိေပးလာခဲ့တဲ့ Running Man အဖြဲ႕ဝင္ ကင္ဂ်ဳံဂုရဲ႕အိမ္ေထာင္ေရးနဲ႔ပတ္သတ္ၿပီး သ႐ုပ္ေဆာင္ ေဆာင္းဂ်ီဟို က တစ္ႏွစ္ႀကိဳ ခန႔္မွန္းခဲ့ဖူးပါတယ္။
အင္တာနက္အသုံးျပဳသူေတြရဲ႕ တူးေဖာ္ေမႊေႏွာက္မႈအရ ၂၀၂၄ ခုႏွစ္ ဇြန္လ ၁၅ ရက္က Running Man အပိုင္းတစ္ခုမွာ ကင္ေဂ်ာင္ဂု လက္ထပ္ေတာ့မယ္ထင္တဲ့အေၾကာင္း အဖြဲ႕ဝင္ ေဆာင္ဂ်ီဟိုက အဖြဲ႕ဝင္ ဂ်ီေဆာ့ဂ်င္း ကို ေျပာခဲ့ဖူးပါတယ္။ ေဆာင္းဂ်ီဟိုက ေဂ်ာင္ကု ဟာ "ေဒါသအရမ္းနည္းလာၿပီး ရယ္ေမာေနတတ္လာသလို၊ ကစားတဲ့အခါမွာလည္း ပိုေပ်ာ္ေနတယ္လို႔ ခံစားရေၾကာင္း ေျပာခဲ့တာ ျဖစ္ပါတယ္။ ေဂ်ာင္ကု ဟာ ပုံမွန္အားျဖင့္ မရယ္တတ္ေပမယ့္ အဲဒီတုန္းကေတာ့ ထူးထူးျခားျခား အရမ္းၿပဳံးရယ္ေနခဲ့တယ္လို႔ ဆိုပါတယ္။
ကင္ဂ်ဳံကု ဟာ လက္ထပ္ေတာ့မယ့္အေၾကာင္းကို ဩဂုတ္လ ၁၈ ရက္က Ranning Man အစီအစဥ္မွာ ဖြင့္ဟ ေျပာျပခဲ့တာျဖစ္ၿပီး ရင္းႏွီးတဲ့သူငယ္ခ်င္းေတြနဲ႔အတူ လာမယ့္စက္တင္ဘာ ၅ ရက္မွာ မဂၤလာပြဲက်င္းပဖို႔ စီစဥ္ထား တယ္လို႔ သိရပါတယ္။