ဒုတိယကလေး မွေးဖွားလိုက်ပြီဖြစ်တဲ့ မင်းသမီးကြီး လီဟာနီ

499
ရောင်နီ (NP News) - သြဂုတ် ၂၆
တောင်ကိုရီးယားနာမည်ကျော် မင်းသမီးကြီး လီဟာနီဟာ အသက် ၄၂ နှစ်အရွယ်မှာ ဒုတိယရင်သွေးလေး ကို အောင်မြင်စွာ မွေးဖွားလိုက်တယ်လို့ ဩဂုတ်လ ၂၅ ရက်မှာ အသိပေးလိုက်ပါတယ်။
ရင်သွေးလေးဟာ သမီးလေးဖြစ်ပြီး အခုမိခင်ရော၊ ကလေးပါ ကျန်းမာစွာ ရှိနေကြတယ်လို့ သူမရဲ့အေဂျင်စီ TEAMHOPE က ဆိုပါတယ်။ လီဟာနီ ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အနုပညာလောကသား မဟုတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့လက်ထပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ပထမဆုံး ရင်သွေးလေးကို မွေးဖွားခဲ့ပါတယ်။
Miss Korea 2006 ဖြစ်ခဲ့ဖူးပြီး Miss Universe 2007 မှာလည်း နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ဖူးတဲ့ လီဟာနီ ဟာ သရုပ်ဆောင်မှာလည်း ထူးချွန်သူဖြစ်ပါတယ်။ Deranged (2012), The Bros (2017), Extreme Job (2019)၊ Black Money (2019)၊ The Rebel (2017)၊ The Fiery Priest (2019-2024)၊ One the Woman (2021) နဲ့ Knight Flower (2024) ဇာတ်ကားတွေနဲ့ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အသိအမှတ်ပြုမှု ရရှိခဲ့သလို အကောင်းဆုံး သရုပ်ဆောင်မှုအတွက် Baeksang Arts Award ကိုလည်း ရရှိခဲ့ဖူးပါတယ်။
Zawgyi Version:
ဒုတိယကေလး ေမြးဖြားလိုက္ၿပီျဖစ္တဲ့ မင္းသမီးႀကီး လီဟာနီ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
ေတာင္ကိုရီးယားနာမည္ေက်ာ္ မင္းသမီးႀကီး လီဟာနီဟာ အသက္ ၄၂ ႏွစ္အ႐ြယ္မွာ ဒုတိယရင္ေသြးေလး ကို ေအာင္ျမင္စြာ ေမြးဖြားလိုက္တယ္လို႔ ဩဂုတ္လ ၂၅ ရက္မွာ အသိေပးလိုက္ပါတယ္။
ရင္ေသြးေလးဟာ သမီးေလးျဖစ္ၿပီး အခုမိခင္ေရာ၊ ကေလးပါ က်န္းမာစြာ ရွိေနၾကတယ္လို႔ သူမရဲ႕ေအဂ်င္စီ TEAMHOPE က ဆိုပါတယ္။ လီဟာနီ ဟာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလက အႏုပညာေလာကသား မဟုတ္တဲ့ ခင္ပြန္းျဖစ္သူနဲ႔လက္ထပ္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္၊ ဇြန္လမွာ ပထမဆုံး ရင္ေသြးေလးကို ေမြးဖြားခဲ့ပါတယ္။
Miss Korea 2006 ျဖစ္ခဲ့ဖူးၿပီး Miss Universe 2007 မွာလည္း ႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ဖူးတဲ့ လီဟာနီ ဟာ သ႐ုပ္ေဆာင္မွာလည္း ထူးခြၽန္သူျဖစ္ပါတယ္။ Deranged (2012), The Bros (2017), Extreme Job (2019)၊ Black Money (2019)၊ The Rebel (2017)၊ The Fiery Priest (2019-2024)၊ One the Woman (2021) နဲ႔ Knight Flower (2024) ဇာတ္ကားေတြနဲ႔ သ႐ုပ္ေဆာင္ပိုင္းမွာ ပရိသတ္အသိအမွတ္ျပဳမႈ ရရွိခဲ့သလို အေကာင္းဆုံး သ႐ုပ္ေဆာင္မႈအတြက္ Baeksang Arts Award ကိုလည္း ရရွိခဲ့ဖူးပါတယ္။