BTS အဖွဲ့ဝင် ဂျောင်ကုရဲ့ "Standing Next to You" သီချင်း ကြည့်ရှုသူ သန်း ၂၀၀ ကျော်ထိ ရှိလာ

76
ရောင်နီ (NP News) - သြဂုတ် ၂၆
တောင်ကိုရီးယား အမျိုးသား K pop အဖွဲ့ BTS ရဲ့အဖွဲ့ဝင် ဂျောင်ကုရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ထွက်ရှိ ခဲ့တဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် 'GOLDEN' ထဲက သီချင်း “Standing Next to You” ဟာ Youtube မှာ နောက်ထပ် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
သူ့ရဲ့ “Standing Next to You” သီချင်း ဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် မှာ YouTube မှ ကြည့်ရှုသူ သန်း ၂၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး “Seven (feat. Latto)” "3D (feat. Jack Harlow) ပြီးရင် နောက်ထပ်ကြည့်ရှုသူ သန်း ၂၀၀ ကျော်သွားပြီဖြစ်တဲ့ တစ်ကိုယ်တော်သီချင်း ဖြစ်လာခဲ့ပါတယ်။ ဒါအပြင် "Standing Next to You” သီချင်းဟာ ပွဲဦးထွက်ကတည်းက 'Billboard Hot 100’ ဇယားမှာ နံပါတ် ၅ နေရာ ရရှိခဲ့ပြီး ဇယားမှာ သီတင်း ၁၉ ပတ်ကြာအောင် ရပ်တည်နိုင်ခဲ့ပါတယ်။
ဂျောင်ကုဟာ သူ့ရဲ့တကိုယ်တော်သီချင်းတွေ ထွက်ရှိလာပြီးနောက် စစ်မှုထမ်း ၁၈ လ တာဝန်ထမ်းဆောင်ခဲ့ ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်မှာတော့ စစ်မှုထမ်းမှ တရားဝင် သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေအတွက် အရှိန်တင်နေတယ်လို့ သိရပါတယ်။

Zawgyi Version:
BTS အဖြဲ႕ဝင္ ေဂ်ာင္ကုရဲ႕ "Standing Next to You" သီခ်င္း ၾကည့္ရႈသူ သန္း ၂၀၀ ေက်ာ္ထိ ရွိလာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
ေတာင္ကိုရီးယား အမ်ိဳးသား K pop အဖြဲ႕ BTS ရဲ႕အဖြဲ႕ဝင္ ေဂ်ာင္ကုရဲ႕ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလက ထြက္ရွိ ခဲ့တဲ့ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ 'GOLDEN' ထဲက သီခ်င္း “Standing Next to You” ဟာ Youtube မွာ ေနာက္ထပ္ မွတ္တိုင္သစ္တစ္ခု စိုက္ထူႏိုင္ခဲ့ပါတယ္။
သူ႔ရဲ႕ “Standing Next to You” သီခ်င္း ဟာ ၂၀၂၅ ခုႏွစ္၊ ဩဂုတ္လ ၂၄ ရက္ မွာ YouTube မွ ၾကည့္ရႈသူ သန္း ၂၀၀ ေက်ာ္သြားခဲ့ၿပီျဖစ္ၿပီး “Seven (feat. Latto)” "3D (feat. Jack Harlow) ၿပီးရင္ ေနာက္ထပ္ၾကည့္ရႈသူ သန္း ၂၀၀ ေက်ာ္သြားၿပီျဖစ္တဲ့ တစ္ကိုယ္ေတာ္သီခ်င္း ျဖစ္လာခဲ့ပါတယ္။ ဒါအျပင္ "Standing Next to You” သီခ်င္းဟာ ပြဲဦးထြက္ကတည္းက 'Billboard Hot 100’ ဇယားမွာ နံပါတ္ ၅ ေနရာ ရရွိခဲ့ၿပီး ဇယားမွာ သီတင္း ၁၉ ပတ္ၾကာေအာင္ ရပ္တည္ႏိုင္ခဲ့ပါတယ္။
ေဂ်ာင္ကုဟာ သူ႔ရဲ႕တကိုယ္ေတာ္သီခ်င္းေတြ ထြက္ရွိလာၿပီးေနာက္ စစ္မႈထမ္း ၁၈ လ တာဝန္ထမ္းေဆာင္ခဲ့ ၿပီး ၿပီးခဲ့တဲ့ ဇြန္လ ၁၁ ရက္မွာေတာ့ စစ္မႈထမ္းမွ တရားဝင္ သက္တမ္းကုန္ဆုံးခဲ့တာျဖစ္ပါတယ္။ လက္ရွိ ေနာက္ထပ္ အႏုပညာလႈပ္ရွားမႈေတြအတြက္ အရွိန္တင္ေနတယ္လို႔ သိရပါတယ္။