နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ၏ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း သမ္မတ Mr. Xi Jinping နှင့် တွေ့ဆုံ၊ ဆွေးနွေးမည်

563

သုတကျော် (NP News) - ဩဂုတ် ၂၈
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ၏ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping နှင့် တွေ့ဆုံ၊ ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်း အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ် သဘော ခရီးစဉ်သွားရောက်မည်ဖြစ်ကြေင်း သိရသည်။
အဆိုပါအလုပ်သဘောခရီးစဉ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထျန်းကျင်းမြို့၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation SCO SUMMIT 2025) သို့တက်ရောက် ခြင်း၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူ များ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား သို့တက်ရောက်ခြင်း၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping နှင့် တွေ့ဆုံဆွေးနွေးခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခမ်း အနားသို့တက် ရောက်လာကြသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိအထင်ကရ နေရာများအားကြည့်ရှုလေ့လာခြင်း၊ ပညာရေးကဏ္ဍ၊ စက်မှု ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ စသည်တို့အား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ၏ တ႐ုတ္ႏိုင္ငံ ခရီးစဥ္ အတြင္း သမၼတ Mr. Xi Jinping ႏွင့္ ေတြ႕ဆုံ၊ ေဆြးေႏြးမည္
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၈
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ၏ တ႐ုတ္ႏိုင္ငံ ခရီးစဥ္ အတြင္း တ႐ုတ္ႏိုင္ငံ သမၼတ Mr. Xi Jinping ႏွင့္ ေတြ႕ဆုံ၊ ေဆြးေႏြးမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ H.E. Mr. Xi Jinping ၏ ဖိတ္ၾကားခ်က္အရ မၾကာမီရက္ပိုင္း အတြင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ အလုပ္ သေဘာ ခရီးစဥ္သြားေရာက္မည္ျဖစ္ေၾကင္း သိရသည္။
အဆိုပါအလုပ္သေဘာခရီးစဥ္အတြင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ သည္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ ထ်န္းက်င္းၿမိဳ႕၌က်င္းပမည့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ ထိပ္သီးအစည္းအေဝး (Shanghai Cooperation Organisation SCO SUMMIT 2025) သို႔တက္ေရာက္ ျခင္း၊ ေပက်င္းၿမိဳ႕၌ က်င္းပျပဳလုပ္မည့္ တ႐ုတ္ျပည္သူ မ်ား၏ ဂ်ပန္ခုခံေတာ္လွန္ေရး စစ္ပြဲႏွင့္ ကမာၻ႔ဖက္ဆစ္ဆန႔္က်င္ေရးစစ္ပြဲ ေအာင္ႏိုင္ျခင္းႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနား သို႔တက္ေရာက္ျခင္း၊ တ႐ုတ္ ျပည္သူ႔ သမၼတႏိုင္ငံသမၼတ H.E. Mr. Xi Jinping ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းကို ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အခမ္း အနားသို႔တက္ ေရာက္လာၾကသည့္ အျခားႏိုင္ငံ့ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြး ျခင္း၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ ေဆြးေႏြးျခင္း၊ တ႐ုတ္ႏိုင္ငံရွိအထင္ကရ ေနရာမ်ားအားၾကည့္ရႈေလ့လာျခင္း၊ ပညာေရးက႑၊ စက္မႈ ကုန္ထုတ္လုပ္ငန္းက႑၊ စီးပြားေရးက႑ စသည္တို႔အား ၾကည့္ရႈေလ့လာျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရးႏွင့္ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္ ခိုင္မာေအာင္ ေဆြးေႏြးေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။