နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ်သမ္မတတို့ တွေ့ဆုံ

1043

ပုံစာ - ပုံဟောင်း
သုတကျော် (NP News) - ဩဂုတ် ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping နှင့် ယနေ့ (ဩဂုတ်လ ၃၀ ရက်) တွင် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ၏ သတင်းအရ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်နေခြင်းဖြစ်ကာ ယနေ့ (ဩဂုတ်လ ၃ဝ ရက်) နံနက်ပိုင်းက ထွက်ခွာခဲ့ခြင်းဖြစ်ပြီး လေဆိပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဂုဏ်ပြုတပ်ဖွဲ့ နှင့် ယဉ်ကျေးမှုအကအဖွဲ့တို့က နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping နှင့် တရုတ်နိုင်ငံ ၏ ဆိပ်ကမ်းမြို့ဖြစ်သော Tianjin မြို့တွင် တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည်တရုတ်နိုင်ငံ၊ Tianjin မြို့တွင် လာမယ့် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံ ၏ သတင်းတစ်ခုဖြစ်သော CGTN ၏ သတင်းတွင် ဖော်ပြထားသည်။

Zawgyi Version:
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ တ႐ုတ္သမၼတတို႔ ေတြ႕ဆုံ
ပုံစာ - ပုံေဟာင္း
သုတေက်ာ္ (NP News) - ဩဂုတ္ ၃ဝ
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသမၼတ H.E. Mr. Xi Jinping ႏွင့္ ယေန႔ (ဩဂုတ္လ ၃၀ ရက္) တြင္ ေတြ႕ဆုံခဲ့ေၾကာင္း ဆင္ဟြာသတင္းဌာန ၏ သတင္းအရ သိရသည္။
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသမၼတ H.E. Mr. Xi Jinping ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံသို႔ အလုပ္သေဘာခရီးသြားေရာက္ေနျခင္းျဖစ္ကာ ယေန႔ (ဩဂုတ္လ ၃ဝ ရက္) နံနက္ပိုင္းက ထြက္ခြာခဲ့ျခင္းျဖစ္ၿပီး ေလဆိပ္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဂုဏ္ျပဳတပ္ဖြဲ႕ ႏွင့္ ယဥ္ေက်းမႈအကအဖြဲ႕တို႔က ႏိုင္ငံေတာ္အဆင့္ခ်စ္ၾကည္ေရးခရီးစဥ္လာေရာက္သည့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားအား ႀကိဳဆိုသည့္ အစဥ္အလာႏွင့္အညီ ဂုဏ္ျပဳႀကိဳဆိုခဲ့ၾကသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ႏွင့္ အတူ ေကာ္မရွင္အတြင္းေရးမႉး တြဲဖက္အမႈ ေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာ္မရွင္အဖြဲဝင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ၊ ေကာ္မရွင္အဖြဲ႕ဝင္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ေဒါက္တာ ဝါဝါေမာင္၊ ဦးမင္းေနာင္၊ ဦးခ်စ္ေဆြ၊ ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ား ခရီးစဥ္တြင္ လိုက္ပါသြားၾကေၾကာင္း သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ H.E. Mr. Xi Jinping ႏွင့္ တ႐ုတ္ႏိုင္ငံ ၏ ဆိပ္ကမ္းၿမိဳ႕ျဖစ္ေသာ Tianjin ၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံ၏ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒သည္တ႐ုတ္ႏိုင္ငံ၊ Tianjin ၿမိဳ႕တြင္ လာမယ့္ ၾသဂုတ္လ ၃၁ ရက္မွ စက္တင္ဘာလ ၁ ရက္အထိ ျပဳလုပ္မည့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ထိပ္သီးအစည္းအေဝးသို႔တက္ေရာက္မည္ျဖစ္သည္ဟု တ႐ုတ္ႏိုင္ငံ ၏ သတင္းတစ္ခုျဖစ္ေသာ CGTN ၏ သတင္းတြင္ ေဖာ္ျပထားသည္။