ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များအသုံးပြုပြီး တိုက်ခိုက်ခဲ့ဟု ရုရှားစစ်ဘက် အတည်ပြု

851

ဂျန်ဇက် (NP News) - သြဂုတ် ၃၁
ယူကရိန်းနိုင်ငံရှိစစ်ရေးပစ်မှတ်များကို ဩဂုတ်လ(၂၈)ရက်က ကင်ဟယ်အမျိုးအစား အသံထက် မြန်သောဒုံး ကျည်အပါအဝင် တာဝေးပစ်လက်နက်အ မျိုးမျိုးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန် ကြီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။ ရုရှားစစ်တပ်က အဆိုပါ တိုက်ခိုက်မှုအတွင်း ယူကရိန်းလက်နက်စက်ရုံနှင့် လေတပ်အခြေစိုက် စခန်းများကို ထိမှန်ခဲ့ကြောင်း အတည်ပြုထားသည်။ ယူကရိန်းစစ်တပ်က ၎င်းတို့သည် ရုရှားဘက် မှ ပစ်ခတ်လိုက်သော ဒုံးကျည်နှင့်ဒရုန်း အများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်းပြောသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေ သောစစ်ပွဲ အဆုံးသတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်နေသော်လည်း နှစ်နိုင်ငံကြား အပြန် အလှန်တိုက်ခိုက်မှုများရှိနေဆဲဖြစ်သည်။
ရုရှားအစိုးရတာဝန်ရှိသူတစ်ဦးက ဩဂုတ်လ (၂၈)ရက်ကပြုလုပ်ခဲ့သောစစ်ဆင်ရေးအတွင်း ယူကရိန်းနိုင်ငံ ကိဗ် မြို့ရှိ တူရကီစစ်ဘက်ကုမ္ပဏီတစ်ခု ဖြစ်သော Bayraktar ၏လက်နက်စက်ရုံကို ဒုံးကျည်များထိမှန်ခဲ့ကြောင်း သိရ သည်။
ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့က စစ်ဆင်ရေးအတွင်း ယူကရိန်း၏ Sapsan အမျိုးအစား ဒုံးကျည်အစီအစဉ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်အစီအစဉ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းပြောသည်။ ရုရှားအစိုးရက အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးပြီး ကြားခံစစ်ပွဲကို ဆင်နွှဲ လျက်ရှိနေသေးကြောင်း၊ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ကြိုးပမ်းမှုများအားလုံးသည် ရေရှည်တည်တံ့နိုင်မည် မဟုတ် သလို ယူကရိန်းအကျိုးစီးပွားထက် နိုင်ငံခြားသားအကျိုးစီးပွားကိုပိုမိုရှေးရှုနေကြောင်းပြောသည်။
ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ဩဂုတ် (၂၈)တွင် ဒုံးကျည်များဖြင့် ညလုံးပေါက်တိုက်ခိုက်ခဲ့ ခြင်းနှင့် ပတ်သက် ပြီး ဗြိတိန်အစိုးရက စိတ်ဆိုးဒေါသ ဖြစ်နေကာ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့ကြောင်း သိရသည်။ ဗြိတိန်အစိုးရက ရုရှား၏တိုက်ခိုက်မှုများကြောင့် အနည်းဆုံး (၂၁)ဦးသေဆုံးခဲ့ကြောင်း၊ ကိဗ်ယက်မြို့ရှိ ဗြိတိန် ကောင်စီရုံးနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးများ အပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကြောင်း ပြောသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ‘ရုရှားသံအ မတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့တယ်။ ဩဂုတ် (၂၈) ကပြုလုပ်တဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့အဆောက်အအုံတွေလည်းပျက်စီးခဲ့တယ်’ဟု ပြောသည်။

Zawgyi Version:
ယူကရိန္းကို တာေဝးပစ္ဒုံးက်ည္မ်ားအသုံးျပဳၿပီး တိုက္ခိုက္ခဲ့ဟု ႐ုရွားစစ္ဘက္ အတည္ျပဳ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၃၁
ယူကရိန္းႏိုင္ငံရွိစစ္ေရးပစ္မွတ္မ်ားကို ဩဂုတ္လ(၂၈)ရက္က ကင္ဟယ္အမ်ိဳးအစား အသံထက္ ျမန္ေသာဒုံး က်ည္အပါအဝင္ တာေဝးပစ္လက္နက္အ မ်ိဳးမ်ိဳးျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ ႀကီးဌာနက သတင္း ထုတ္ျပန္လိုက္သည္။ ႐ုရွားစစ္တပ္က အဆိုပါ တိုက္ခိုက္မႈအတြင္း ယူကရိန္းလက္နက္စက္႐ုံႏွင့္ ေလတပ္အေျခစိုက္ စခန္းမ်ားကို ထိမွန္ခဲ့ေၾကာင္း အတည္ျပဳထားသည္။ ယူကရိန္းစစ္တပ္က ၎တို႔သည္ ႐ုရွားဘက္ မွ ပစ္ခတ္လိုက္ေသာ ဒုံးက်ည္ႏွင့္ဒ႐ုန္း အမ်ားအျပားကို ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ေၾကာင္းေျပာသည္။ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကား ျဖစ္ပြားေန ေသာစစ္ပြဲ အဆုံးသတ္ရန္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၾကားဝင္ေစ့စပ္ေနေသာ္လည္း ႏွစ္ႏိုင္ငံၾကား အျပန္ အလွန္တိုက္ခိုက္မႈမ်ားရွိေနဆဲျဖစ္သည္။
႐ုရွားအစိုးရတာဝန္ရွိသူတစ္ဦးက ဩဂုတ္လ (၂၈)ရက္ကျပဳလုပ္ခဲ့ေသာစစ္ဆင္ေရးအတြင္း ယူကရိန္းႏိုင္ငံ ကိဗ္ ၿမိဳ႕ရွိ တူရကီစစ္ဘက္ကုမၸဏီတစ္ခု ျဖစ္ေသာ Bayraktar ၏လက္နက္စက္႐ုံကို ဒုံးက်ည္မ်ားထိမွန္ခဲ့ေၾကာင္း သိရ သည္။
႐ုရွားဖက္ဒရယ္လုံၿခဳံေရးအဖြဲ႕က စစ္ဆင္ေရးအတြင္း ယူကရိန္း၏ Sapsan အမ်ိဳးအစား ဒုံးက်ည္အစီအစဥ္ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဒုံးက်ည္အစီအစဥ္မ်ား ထိခိုက္ပ်က္စီးခဲ့ရေၾကာင္းေျပာသည္။ ႐ုရွားအစိုးရက အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးၿပီး ၾကားခံစစ္ပြဲကို ဆင္ႏႊဲ လ်က္ရွိေနေသးေၾကာင္း၊ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႀကိဳးပမ္းမႈမ်ားအားလုံးသည္ ေရရွည္တည္တံ့ႏိုင္မည္ မဟုတ္ သလို ယူကရိန္းအက်ိဳးစီးပြားထက္ ႏိုင္ငံျခားသားအက်ိဳးစီးပြားကိုပိုမိုေရွးရႈေနေၾကာင္းေျပာသည္။
ယူကရိန္းႏိုင္ငံကို ႐ုရွားႏိုင္ငံက ဩဂုတ္ (၂၈)တြင္ ဒုံးက်ည္မ်ားျဖင့္ ညလုံးေပါက္တိုက္ခိုက္ခဲ့ ျခင္းႏွင့္ ပတ္သက္ ၿပီး ၿဗိတိန္အစိုးရက စိတ္ဆိုးေဒါသ ျဖစ္ေနကာ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးကို ဆင့္ေခၚသတိေပးခဲ့ေၾကာင္း သိရသည္။ ၿဗိတိန္အစိုးရက ႐ုရွား၏တိုက္ခိုက္မႈမ်ားေၾကာင့္ အနည္းဆုံး (၂၁)ဦးေသဆုံးခဲ့ေၾကာင္း၊ ကိဗ္ယက္ၿမိဳ႕ရွိ ၿဗိတိန္ ေကာင္စီ႐ုံးႏွင့္ ဥေရာပသမဂၢကိုယ္စားလွယ္႐ုံးမ်ား အပါအဝင္ အေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ေျပာသည္။
ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးက ‘႐ုရွားသံအ မတ္ႀကီးကို ဆင့္ေခၚသတိေပးခဲ့တယ္။ ဩဂုတ္ (၂၈) ကျပဳလုပ္တဲ့ တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ၿဗိတိန္ႏိုင္ငံရဲ႕အေဆာက္အအုံေတြလည္းပ်က္စီးခဲ့တယ္’ဟု ေျပာသည္။