ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်းအရာများကို လျှို့ဝှက်ထားသင့်ကြောင်း ရုရှားအစိုးရ အကြံပြု

 351

Pika (NP News) - သြဂုတ် ၃၁

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ပြောဆိုခြင်းသည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကိုထိခိုက်စေနိုင်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ဝေဖန်ပြောဆိုခဲ့သည်။
ရုရှားအစိုးရက အပေးအယူလုပ်ဆောင် နိုင်သည့်ကမ်းလှမ်းချက်များနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဒီမစ်ထရီပက်စ ကော့ဗ်က ယင်းကဲ့သို့ ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတပူတင်တို့သည် အမေရိကန်နိုင်ငံ အလက် စကာပြည်နယ် တွင် တွေ့ဆုံမှုများလုပ်ဆောင်ခဲ့ပြီးနောက် ရုရှားသည် ယူကရိန်းအပေါ် လိုက်လျောညီ ထွေရှိမှုများကိုပြသရန် အဆင် သင့်ဖြစ်နေပြီဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ ရော့ဗ်က ထုတ်ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် ဒေါ်နယ် ထရမ့်၏ သံတမန်ရေးဆိုင်ရာခြေလှမ်းများသည် သိသာထင်ရှားသောလိုက်လျောမှုများ ကမ်းလှမ်းရန် ရုရှားကိုဆွဲဆောင် နိုင်ခဲ့ကြောင်း အမေရိကန်ဒုသမ္မတ J.D. Vance က ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်နှင့်ပူတင်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲသည် သံတမန်ရေးအရ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောဆိုခဲ့သော် လည်း စေ့စပ်ညှိနှိုင်းမှုဆိုင်ရာအသေးစိတ်အချက်အလက်များကိုလျှို့ဝှက်ထားရန် ရုရှားအစိုးရက ရည် ရွယ်ထားကြောင်း အလေးပေးပြောကြားခဲ့သည်။
ဒီမစ်ထရီပက်စကော့ဗ်က “ယူကရိန်းပဋိ ပက္ခနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လူသိ ရှင်ကြားထုတ်ပြန် ပြောဆိုတာဟာ ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်အတွက် အကျိုးရှိမှာမဟုတ်ပါဘူး။ ရလဒ်တွေထွက်လာဖို့ဆိုရင် အဲဒါကို သီးသန့်လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်”ဟုပြောဆိုသည်။

Zawgyi Version:
ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအေၾကာင္းအရာမ်ားကို လွ်ိဳ႕ဝွက္ထားသင့္ေၾကာင္း ႐ုရွားအစိုးရ အႀကံျပဳ
Pika (NP News) - ၾသဂုတ္ ၃၁
ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို လူသိရွင္ၾကား ထုတ္ျပန္ေျပာဆိုျခင္းသည္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ားကိုထိခိုက္ေစႏိုင္ေၾကာင္း ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေဝဖန္ေျပာဆိုခဲ့သည္။
႐ုရွားအစိုးရက အေပးအယူလုပ္ေဆာင္ ႏိုင္သည့္ကမ္းလွမ္းခ်က္မ်ားႏွင့္ပတ္သက္ၿပီး သတင္းေထာက္မ်ား၏ ေမးခြန္းမ်ားကို ဒီမစ္ထရီပက္စ ေကာ့ဗ္က ယင္းကဲ့သို႔ ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ႐ုရွားသမၼတပူတင္တို႔သည္ အေမရိကန္ႏိုင္ငံ အလက္ စကာျပည္နယ္ တြင္ ေတြ႕ဆုံမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားသည္ ယူကရိန္းအေပၚ လိုက္ေလ်ာညီ ေထြရွိမႈမ်ားကိုျပသရန္ အဆင္ သင့္ျဖစ္ေနၿပီျဖစ္ ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာ ေရာ့ဗ္က ထုတ္ျပန္ေျပာဆိုခဲ့သည္။ ထို႔ျပင္ ေဒၚနယ္ ထရမ့္၏ သံတမန္ေရးဆိုင္ရာေျခလွမ္းမ်ားသည္ သိသာထင္ရွားေသာလိုက္ေလ်ာမႈမ်ား ကမ္းလွမ္းရန္ ႐ုရွားကိုဆြဲေဆာင္ ႏိုင္ခဲ့ေၾကာင္း အေမရိကန္ဒုသမၼတ J.D. Vance က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္ႏွင့္ပူတင္တို႔၏ ေတြ႕ဆုံ ေဆြးေႏြးပြဲသည္ သံတမန္ေရးအရ ေအာင္ျမင္မႈတစ္ခုျဖစ္ေၾကာင္း ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာဆိုခဲ့ေသာ္ လည္း ေစ့စပ္ညႇိႏႈိင္းမႈဆိုင္ရာအေသးစိတ္အခ်က္အလက္မ်ားကိုလွ်ိဳ႕ဝွက္ထားရန္ ႐ုရွားအစိုးရက ရည္ ႐ြယ္ထားေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။
ဒီမစ္ထရီပက္စေကာ့ဗ္က “ယူကရိန္းပဋိ ပကၡနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို လူသိ ရွင္ၾကားထုတ္ျပန္ ေျပာဆိုတာဟာ ကြၽန္ေတာ္တို႔ရဲ႕ ဘုံရည္မွန္းခ်က္အတြက္ အက်ိဳးရွိမွာမဟုတ္ပါဘူး။ ရလဒ္ေတြထြက္လာဖို႔ဆိုရင္ အဲဒါကို သီးသန႔္လုပ္ေဆာင္သင့္တယ္လို႔ ကြၽန္ေတာ္တို႔ယုံၾကည္ပါတယ္”ဟုေျပာဆိုသည္။

Related news

© 2021. All rights reserved.