ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲဖြစ်ပွားပါက နိုင်ငံသားများကိုကယ်ထုတ်ရန် တရုတ်နှင့်ဆွေးနွေးမည်ဟု ဖိလစ်ပိုင်အစိုးရပြော

1253

ဂျန်ဇက်(NP News)
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ထိုင်ဝမ်ရေလက်ကြားအရေးနှင့်ပတ်သက်ပြီး တင်းမာ မှုများမြင့်တက် နေချိန်တွင် ထိုင်ဝမ် (တရုတ်တိုင်ပေ) ရှိဖိလစ်ပိုင်နိုင်ငံသားများ ဘေးကင်းလုံခြုံစွာရှိစေရန် အတွက် တရုတ်အစိုးရနှင့် ဆွေးနွေးရန် လမ်းကြောင်း ဖွင့်လှစ်ထားကြောင်းသိရသည်။
ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နှင့်ထိုင်ဝမ်ကြား ပဋိပက္ခများဖြစ်လာမည်ဆိုလျှင် ထိုင်ဝမ်တွင်နေထိုင်နေ သော ဖိလစ်ပိုင်နိုင်ငံသား (၂)သိန်းကျော်ကို ဘေးကင်းစွာ ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် တရုတ်အစိုးရ၏ အကူ အညီရရှိရန် ကြိုး ပမ်းမှုရှိမရှိဆိုသောအချက်နှင့်ပတ်သက်ပြီး မေးမြန်းချိန်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန် ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ‘ဆွေးနွေးမှုတွေလုပ်ဆောင်မှာပါ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ့် အချိန်ရောက်လာမှာပါ’ ဟုပြောသည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာက တရုတ်နှင့်ထိုင်ဝမ်နိုင်ငံကြား စစ်ပွဲဖြစ်လာမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံကို စစ်ပွဲအတွင်း ဆွဲထည့်ခံရဖွယ်ရှိနေသည် ဟုသတိပေးပြောဆိုခဲ့ ကြောင်းသိရ သည်။
စစ်ပွဲဖြစ်ပွားချိန်တွင် ထိုင်ဝမ်တွင် ရောက်ရှိသောဖိလစ်ပိုင် နိုင်ငံသားများကိုကယ်ထုတ်နိုင်ရန်နှင့် ကူညီပေး နိုင်ရန်အတွက် ဖိလစ်ပိုင် အစိုးရတာ ဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် လက်ရှိ အချိန်တွင် အစီအမံများလုပ် ဆောင်လျက်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သောငါးနှစ်အတွင်း ထိုင်ဝမ်သည် တရုတ်အစိုးရ၏ စစ်ရေးနှင့်နိုင်ငံရေး ဖိအား ပေးမှုများ ကိုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ထိုင်ဝမ်သည် တရုတ်နိုင်ငံလက်အောက်မှ ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရလိုသော်လည်း တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ကာ ပြန်လည်ပေါင်းစည်းနိုင်ရေးကြိုးပမ်းလျက်ရှိနေသည်။ ထိုင်ဝမ်က တရုတ်နိုင်ငံ၏အချုပ်အခြာ ပိုင်နက်ဖြစ်သည်ဆိုသော ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားပြီး ကိုယ့်အနာဂတ် ကိုယ်တိုင်ဖန် တီးခွင့်ရှိသည်ဟုတုံ့ပြန်ထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိအချိန်တွင် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများရှိနေသည့်နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေ စောင့်သင်္ဘောများက ဝင်တိုက်ခြင်း များရှိခဲ့ရာ တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံကြား ဆက်ဆံရေး အဖုထစ်များရှိခဲ့ဖူး ကြောင်း သိရသည်။
(Ref : CNA)

Zawgyi Version:
ထိုင္ဝမ္ေရလက္ၾကားတြင္ စစ္ပြဲျဖစ္ပြားပါက ႏိုင္ငံသားမ်ားကိုကယ္ထုတ္ရန္ တ႐ုတ္ႏွင့္ေဆြးေႏြးမည္ဟု ဖိလစ္ပိုင္အစိုးရေျပာ
ဂ်န္ဇက္(NP News)
ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး လာဇာ႐ိုက ထိုင္ဝမ္ေရလက္ၾကားအေရးႏွင့္ပတ္သက္ၿပီး တင္းမာ မႈမ်ားျမင့္တက္ ေနခ်ိန္တြင္ ထိုင္ဝမ္ (တ႐ုတ္တိုင္ေပ) ရွိဖိလစ္ပိုင္ႏိုင္ငံသားမ်ား ေဘးကင္းလုံၿခဳံစြာရွိေစရန္ အတြက္ တ႐ုတ္အစိုးရႏွင့္ ေဆြးေႏြးရန္ လမ္းေၾကာင္း ဖြင့္လွစ္ထားေၾကာင္းသိရသည္။
ထိုင္ဝမ္ေရလက္ၾကားတြင္ တ႐ုတ္ႏွင့္ထိုင္ဝမ္ၾကား ပဋိပကၡမ်ားျဖစ္လာမည္ဆိုလွ်င္ ထိုင္ဝမ္တြင္ေနထိုင္ေန ေသာ ဖိလစ္ပိုင္ႏိုင္ငံသား (၂)သိန္းေက်ာ္ကို ေဘးကင္းစြာ ျပန္လည္ကယ္ထုတ္ႏိုင္ရန္အတြက္ တ႐ုတ္အစိုးရ၏ အကူ အညီရရွိရန္ ႀကိဳး ပမ္းမႈရွိမရွိဆိုေသာအခ်က္ႏွင့္ပတ္သက္ၿပီး ေမးျမန္းခ်ိန္တြင္ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးက တုံ႔ျပန္ ေျဖဆိုခဲ့ျခင္းျဖစ္သည္။
ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီးက ‘ေဆြးေႏြးမႈေတြလုပ္ေဆာင္မွာပါ၊ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေဆြးေႏြးရမယ့္ အခ်ိန္ေရာက္လာမွာပါ’ ဟုေျပာသည္။ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကို႔စ္ဂ်ဴနီယာက တ႐ုတ္ႏွင့္ထိုင္ဝမ္ႏိုင္ငံၾကား စစ္ပြဲျဖစ္လာမည္ဆိုလွ်င္ ဖိလစ္ပိုင္ႏိုင္ငံကို စစ္ပြဲအတြင္း ဆြဲထည့္ခံရဖြယ္ရွိေနသည္ ဟုသတိေပးေျပာဆိုခဲ့ ေၾကာင္းသိရ သည္။
စစ္ပြဲျဖစ္ပြားခ်ိန္တြင္ ထိုင္ဝမ္တြင္ ေရာက္ရွိေသာဖိလစ္ပိုင္ ႏိုင္ငံသားမ်ားကိုကယ္ထုတ္ႏိုင္ရန္ႏွင့္ ကူညီေပး ႏိုင္ရန္အတြက္ ဖိလစ္ပိုင္ အစိုးရတာ ဝန္ရွိသူမ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားသည္ လက္ရွိ အခ်ိန္တြင္ အစီအမံမ်ားလုပ္ ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။ ၿပီးခဲ့ေသာငါးႏွစ္အတြင္း ထိုင္ဝမ္သည္ တ႐ုတ္အစိုးရ၏ စစ္ေရးႏွင့္ႏိုင္ငံေရး ဖိအား ေပးမႈမ်ား ကိုရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။
ထိုင္ဝမ္သည္ တ႐ုတ္ႏိုင္ငံလက္ေအာက္မွ ခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရလိုေသာ္လည္း တ႐ုတ္အစိုးရက ထိုင္ဝမ္ကို ၎တို႔ပိုင္နက္အျဖစ္ သတ္မွတ္ကာ ျပန္လည္ေပါင္းစည္းႏိုင္ေရးႀကိဳးပမ္းလ်က္ရွိေနသည္။ ထိုင္ဝမ္က တ႐ုတ္ႏိုင္ငံ၏အခ်ဳပ္အျခာ ပိုင္နက္ျဖစ္သည္ဆိုေသာ ေျပာဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ထားၿပီး ကိုယ့္အနာဂတ္ ကိုယ္တိုင္ဖန္ တီးခြင့္ရွိသည္ဟုတုံ႔ျပန္ထားသည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ေတာင္တ႐ုတ္ပင္လယ္ အေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ားရွိေနသည့္ႏိုင္ငံျဖစ္ၿပီး ဖိလစ္ပိုင္သေဘၤာမ်ားကို တ႐ုတ္ကမ္းေျခ ေစာင့္သေဘၤာမ်ားက ဝင္တိုက္ျခင္း မ်ားရွိခဲ့ရာ တ႐ုတ္ႏွင့္ဖိလစ္ပိုင္ႏိုင္ငံၾကား ဆက္ဆံေရး အဖုထစ္မ်ားရွိခဲ့ဖူး ေၾကာင္း သိရသည္။
(Ref : CNA)