မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသူများ နှင့် ကုန်သွယ်မှုဆောင်ရွက်သူများကို နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးမည်ဟု ဆို

 277

Pearl (NP News) - စက်တင်ဘာ ၁

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသူများ နှင့် ကုန်သွယ်မှုဆောင်ရွက်သူများကို နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယမန်နေ့ (သြဂုတ်လ ၃၁ရက်) တွင် တရုတ်နိုင်ငံ ၊ တီယန်ကျင်းမြို့ရှိ Tangla Hotel ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံမှ ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Global Development Initiatives-GDI) တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေခြင်းကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန် လွယ်ကူချောမွေ့စေရန် ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကို သိသာစွာပံ့ပိုးပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကာ လက်ရှိတွင် မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အလားတူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း (၅၃) နိုင်ငံအနက်အဆင့် (၂) နေရာတွင်ရှိကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၈၀၀၀) ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း (၇၇၀၀) ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဇူလိုင်လအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၃၀၀၀) ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲမျိုးစုံနှင့် နှမ်း စသည့်စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံအချောထည်ထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံသို႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ႏွင့္ ကုန္သြယ္မႈေဆာင္႐ြက္သူမ်ားကို နစ္နာမႈမရွိေစေရး ေဆာင္႐ြက္ေပးမည္ဟု ဆို
Pearl (NP News) - စက္တင္ဘာ ၁

ျမန္မာႏိုင္ငံသို႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ႏွင့္ ကုန္သြယ္မႈေဆာင္႐ြက္သူမ်ားကို နစ္နာမႈမရွိေစေရး ေဆာင္႐ြက္ေပး မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ယမန္ေန႔ (ၾသဂုတ္လ ၃၁ရက္) တြင္ တ႐ုတ္ႏိုင္ငံ ၊ တီယန္က်င္းၿမိဳ႕ရွိ Tangla Hotel ၌ က်င္းပျပဳလုပ္ခဲ့ေသာ ျမန္မာ-တ႐ုတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးေတြ႕ဆုံပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ႏိုင္ငံမွ ေဆာင္႐ြက္ေနသည့္ ကမာၻလုံးဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈ ဦးေဆာင္ဦး႐ြက္ျပဳမႈအစီအစဥ္ (Global Development Initiatives-GDI) တြင္ ပါဝင္သည့္ ဦးစားေပးနယ္ပယ္ ၈ ခုတြင္ ျမန္မာႏိုင္ငံႏွင့္ ကိုက္ညီသည့္ က႑မ်ားစြာ ပါဝင္ေနျခင္းေၾကာင့္ ျမန္မာႏိုင္ငံသည္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေဆာင္႐ြက္ရန္ အခြင့္အလမ္းမ်ားစြာရွိသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

တ႐ုတ္မိတ္ဖက္စီးပြားေရးလုပ္ငန္းရွင္မ်ား ျမန္မာႏိုင္ငံတြင္ လုပ္ငန္းလည္ပတ္လုပ္ေဆာင္ရန္ လြယ္ကူေခ်ာေမြ႕ေစရန္ ကုန္သြယ္မႈ၊ နယ္စပ္ေငြလႊဲေျပာင္းေပးေခ်မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ရာတြင္ ယြမ္-က်ပ္ တိုက္႐ိုက္ေငြေပးေခ်မႈစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး ႏွစ္ႏိုင္ငံအၾကား နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ားမွတစ္ဆင့္ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈတို႔ကို ယခုထက္ပိုမိုတိုးျမႇင့္သြားလိုေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ မိတ္ဖက္စီးပြားေရး လုပ္ငန္းရွင္မ်ားအတြက္ အက်ိဳးခံစားခြင့္မ်ားႏွင့္ အခြန္ကင္းလြတ္သက္သာခြင့္မ်ားကို သိသာစြာပံ့ပိုးေပးထားသည့္အျပင္ ျမန္မာႏိုင္ငံသို႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကသူမ်ား၊ ကုန္သြယ္မႈေဆာင္႐ြက္သူမ်ားအတြက္ နစ္နာမႈမရွိေစေရး ႀကိဳးပမ္းေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံ၏ အကူအညီျဖင့္ ျမန္မာႏိုင္ငံ၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာေရးႏွင့္ က်န္းမာေရးက႑၊ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္ႏွင့္စြမ္းအင္၊ စိုက္ပ်ိဳးေရး၊ စက္မႈႏွင့္ ပို႔ေဆာင္ဆက္သြယ္ေရးက႑မ်ားတြင္ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး ႏွစ္ႏိုင္ငံအၾကား ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္းစီမံကိန္း၊ ျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္း၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္းတို႔ကို ပူးေပါင္းေဆာင္႐ြက္လ်က္ရွိကာ လက္ရွိတြင္ မူဆယ္-မႏၲေလး မီးရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္းႏွင့္ မႏၲေလး-ေက်ာက္ျဖဴ မီးရထားလမ္းစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

အလားတူ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံသည့္ ႏိုင္ငံေပါင္း (၅၃) ႏိုင္ငံအနက္အဆင့္ (၂) ေနရာတြင္ရွိကာ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈတန္ဖိုးသည္ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ စုစုေပါင္း အေမရိကန္ေဒၚလာ သန္း (၈၀၀၀) ေက်ာ္၊ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္တြင္ စုစုေပါင္းအေမရိကန္ေဒၚလာ သန္း (၇၇၀၀) ေက်ာ္ႏွင့္ ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္၊ ဇူလိုင္လအထိ စုစုေပါင္း အေမရိကန္ေဒၚလာ သန္း (၃၀၀၀) ေက်ာ္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ ဆန္၊ ပဲမ်ိဳးစုံႏွင့္ ႏွမ္း စသည့္စိုက္ပ်ိဳးေရးထြက္ကုန္မ်ား၊ ေရထြက္ပစၥည္းမ်ား၊ ကြၽန္း၊ သစ္မာကုန္ၾကမ္းမ်ားႏွင့္ သစ္အေျခခံအေခ်ာထည္ထုတ္ကုန္မ်ားကို အဓိကတင္ပို႔လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.