ဂါဇာမြို့၏ (၄၀) ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ကြောင်း အစ္စရေးစစ်တပ် အတည်ပြု

140

ဂျန်ဇက်(NP News)
နိုင်ငံတကာ ဖိအားများရင်ဆိုင်နေရသော်လည်း အစ္စရေးသည် ဂါဇာမြို့ကိုအလုံးစုံ သိမ်းပိုက်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိနေရာ စက်တင်ဘာ (၅)ရက်တွင် ဂါဇာမြို့၏ (၄၀) ရာခိုင်နှုန်းကို ထိန်း ချုပ်ထားနိုင်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။
ဂါဇာမြို့ရှိ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက အစ္စရေးသည် ဂါဇာမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ (၄)ရက်တွင် အနည်းဆုံးလူပေါင်း (၃၀) ခန့်သေဆုံးခဲ့ကြောင်း ပြောသည်။ ဂါဇာဒေသတွင်တိုက်ပွဲ များဖြစ် လာခဲ့ပြီးနောက် (၂)နှစ်နီးပါးအတွင်း လူပေါင်း (၂) သန်းသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ် လျက်ရှိနေကြောင်း သိရသည်။
ဥရောပသမဂ္ဂ အဖွဲ့တာဝန်ရှိသူများ ကိုယ်တိုင်က အစ္စရေးသည် စစ်ရာဇဝတ်မှုများကျူးလွန် လျက်ရှိနေကြောင်း ပြောသည်။ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒီဖရင်က ‘ဂါဇာမြို့ရဲ့ ပိုင်နက် (၄၀) ရာခိုင်နှုန်းကို ထိန်းချုပ် ထားတယ်။ လာမယ့်ရက်ပိုင်းအတွင်းဂါဇာမြို့ကို ဆက်လက်ထိုးစစ် ဆင်သွားမယ်’ ဟုပြောသည်။ ပါလက်စတိုင်း လက် နက်ကိုင်အဖွဲ့ဖြစ်သော ဟားမတ်စ်အဖွဲ့သည် ပြီးခဲ့သော (၂၀၂၃) ခုနှစ်အောက်တိုဘာလတွင် အစ္စရေး နိုင်ငံကိုကြိုတင် သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးကြား စစ်ပွဲ ဖြစ်လာခဲ့ပြီး ဂါဇာဒေသတွင် စစ်ပွဲများ ဆက်တိုက်ဖြစ် လာခဲ့ကြောင်းသိရသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ စည်းများက ဂါဇာဒေသကို ပြုလုပ်နေသော အစ္စရေး စစ်တပ်၏ ထိုးစစ် များကို ရပ်တန့်ရန် တိုက်တွန်း တောင်းဆိုနေသော်လည်းအစ္စရေးစစ်တပ်က ဟားမတ်စ်ခေါင်းဆောင်များကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများဆက်လက်လုပ်ဆောင် လျက်ရှိနေကြောင်းသိရသည်။
အမေရိကန်အပါအဝင် အရှေ့အလယ် ပိုင်းဒေသအတွင်းရှိ နိုင်ငံများသည် အစ္စရေးနှင့်ဟား မတ်စ်လက် နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲအဆုံးသတ်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိ အချိန်အထိ အပစ်ခတ်ရပ်စဲ နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
(Ref:bangkokpost)

Zawgyi Version:
ဂါဇာၿမိဳ႕၏ (၄၀) ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္ေၾကာင္း အစၥေရးစစ္တပ္ အတည္ျပဳ
ဂ်န္ဇက္(NP News)
ႏိုင္ငံတကာ ဖိအားမ်ားရင္ဆိုင္ေနရေသာ္လည္း အစၥေရးသည္ ဂါဇာၿမိဳ႕ကိုအလုံးစုံ သိမ္းပိုက္ႏိုင္ရန္အတြက္ ႀကိဳးပမ္းလ်က္ရွိေနရာ စက္တင္ဘာ (၅)ရက္တြင္ ဂါဇာၿမိဳ႕၏ (၄၀) ရာခိုင္ႏႈန္းကို ထိန္း ခ်ဳပ္ထားႏိုင္ေၾကာင္း သတင္း ထုတ္ျပန္လိုက္သည္။
ဂါဇာၿမိဳ႕ရွိ အရပ္ဘက္ကာကြယ္ေရး ေအဂ်င္စီက အစၥေရးသည္ ဂါဇာၿမိဳ႕ကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ရာ စက္တင္ဘာ (၄)ရက္တြင္ အနည္းဆုံးလူေပါင္း (၃၀) ခန႔္ေသဆုံးခဲ့ေၾကာင္း ေျပာသည္။ ဂါဇာေဒသတြင္တိုက္ပြဲ မ်ားျဖစ္ လာခဲ့ၿပီးေနာက္ (၂)ႏွစ္နီးပါးအတြင္း လူေပါင္း (၂) သန္းသည္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား လိုအပ္ လ်က္ရွိေနေၾကာင္း သိရသည္။
ဥေရာပသမဂၢ အဖြဲ႕တာဝန္ရွိသူမ်ား ကိုယ္တိုင္က အစၥေရးသည္ စစ္ရာဇဝတ္မႈမ်ားက်ဴးလြန္ လ်က္ရွိေနေၾကာင္း ေျပာသည္။ အစၥေရးစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ဒီဖရင္က ‘ဂါဇာၿမိဳ႕ရဲ႕ ပိုင္နက္ (၄၀) ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ ထားတယ္။ လာမယ့္ရက္ပိုင္းအတြင္းဂါဇာၿမိဳ႕ကို ဆက္လက္ထိုးစစ္ ဆင္သြားမယ္’ ဟုေျပာသည္။ ပါလက္စတိုင္း လက္ နက္ကိုင္အဖြဲ႕ျဖစ္ေသာ ဟားမတ္စ္အဖြဲ႕သည္ ၿပီးခဲ့ေသာ (၂၀၂၃) ခုႏွစ္ေအာက္တိုဘာလတြင္ အစၥေရး ႏိုင္ငံကိုႀကိဳတင္ သတိေပးခ်က္မရွိဘဲ တိုက္ခိုက္ခဲ့ရာ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ႏွင့္ အစၥေရးၾကား စစ္ပြဲ ျဖစ္လာခဲ့ၿပီး ဂါဇာေဒသတြင္ စစ္ပြဲမ်ား ဆက္တိုက္ျဖစ္ လာခဲ့ေၾကာင္းသိရသည္။
ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႕ စည္းမ်ားက ဂါဇာေဒသကို ျပဳလုပ္ေနေသာ အစၥေရး စစ္တပ္၏ ထိုးစစ္ မ်ားကို ရပ္တန႔္ရန္ တိုက္တြန္း ေတာင္းဆိုေနေသာ္လည္းအစၥေရးစစ္တပ္က ဟားမတ္စ္ေခါင္းေဆာင္မ်ားကို အျမစ္ျပတ္ ေခ်မႈန္းႏိုင္ရန္ ထိုးစစ္ဆင္တိုက္ခိုက္ျခင္းမ်ားဆက္လက္လုပ္ေဆာင္ လ်က္ရွိေနေၾကာင္းသိရသည္။
အေမရိကန္အပါအဝင္ အေရွ႕အလယ္ ပိုင္းေဒသအတြင္းရွိ ႏိုင္ငံမ်ားသည္ အစၥေရးႏွင့္ဟား မတ္စ္လက္ နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနေသာ ဂါဇာစစ္ပြဲအဆုံးသတ္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း လက္ရွိ အခ်ိန္အထိ အပစ္ခတ္ရပ္စဲ ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။
(Ref:bangkokpost)