ရုရှားနှင့်တရုတ်တို့ကိုဟန့်တားရန် ပင်တဂွန်စစ်ဌာနချုပ်ကို ဒေါ်နယ်ထရမ့်အမိန့်ပေးထား

 666

Pika(NP News)
ရုရှားနှင့်တရုတ်နိုင်ငံတို့အပေါ် ဟန့်တားမှုများပြန်လည်လုပ်ဆောင်ရန် အမေရိကန်က ကြိုးပမ်းနေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် အကြီးအကဲ ပီတီဟတ်ဆတ်က ထုတ်ဖော်ပြောဆိုခဲ့ သည်။ တရုတ်သမ္မတ ရှီကျင့် ဖျင်နှင့် ရုရှားသမ္မတ ပူတင်တို့တက်ရောက်ခဲ့သော ဘေဂျင်းမြို့တွင်ကျင်းပခဲ့သည့် စစ်ရေးပြပွဲအခမ်းအနားက ရုရှားနှင့် တရုတ်ကြား ပိုမိုနီးကပ်သောဆက်ဆံရေးများကို မီးမောင်း ထိုးပြခဲ့ကြောင်း ပီတီဟတ်ဆတ်က ထုတ်ပြန်ပြော ကြားခဲ့ သည်။
ပီတီဟတ်ဆတ်က ‘ကံမကောင်းစွာနဲ့ပဲ ယခင် အမေရိကန်အစိုးရရဲ့အားနည်းချက်တွေက ရုရှားနဲ့တရုတ်တို့ကို ပိုမိုနီးကပ်လာစေခဲ့ပါတယ်။ အဲဒါဟာ အမေရိကန်ခေါင်းဆောင်မှုနဲ့ အင်အားနည်းပါး ခြင်းတို့ရဲ့ ကြောက်မက် ဖွယ်ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက် မှုတစ်ခုပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ပြင်ဆင်ထားဖို့၊ သမိုင်းဝင်နည်းလမ်းတွေနဲ့ စစ်တပ်ကိုပြန်လည် တည်ဆောက်ဖို့၊ စစ်သူရဲကောင်းကျင့်ဝတ်ကို ပြန် လည်ထူထောင်ဖို့နဲ့ အတားအဆီးတွေကိုပြန်လည် လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တာပါ’ဟု ထုတ်ပြန် ပြောဆိုခဲ့သည်။
အမေရိကန်သည် ရုရှား သို့မဟုတ် တရုတ်နိုင်ငံတို့နှင့် ပဋိပက္ခမဖြစ်ပွားလိုသော်လည်း မဟာဗျူ ဟာမြောက် အားသာချက်ကိုထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ပီတီဟတ်ဆတ်က ထပ်မံပြောကြားခဲ့သည်။ ထို့ပြင် ရုရှားနှင့် တရုတ်တို့သည် ၎င်းတို့၏ဆက်ဆံရေးကို အကန့်အသတ်မရှိသော မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ခု အဖြစ် ဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။
(၂၀၂၂)ခုနှစ်‌ ဖေဖော်ဝါရီလတွင် စတင်ဖြစ်ပွားခဲ့သော ယူကရိန်းစစ်ပွဲကိုတုံ့ပြန်သည့်အနေဖြင့် အနောက်အုပ်စု က ရုရှားအပေါ် ပိတ်ဆို့အရေး ယူမှုများကိုချမှတ်ခဲ့ပြီးနောက် ရုရှားသည် ၎င်း၏ကုန် သွယ်မှုနှင့် ထောက်ပံ့ရေးကွင်း ဆက်များစွာကို တရုတ်နိုင်ငံသို့ လမ်းကြောင်းလွှဲပြောင်းခဲ့ကြောင်း သိရသည်။
(Ref : RT)

Zawgyi Version:
႐ုရွားႏွင့္တ႐ုတ္တို႔ကိုဟန႔္တားရန္ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ေဒၚနယ္ထရမ့္အမိန႔္ေပးထား
Pika(NP News)
႐ုရွားႏွင့္တ႐ုတ္ႏိုင္ငံတို႔အေပၚ ဟန႔္တားမႈမ်ားျပန္လည္လုပ္ေဆာင္ရန္ အေမရိကန္က ႀကိဳးပမ္းေနေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ အႀကီးအကဲ ပီတီဟတ္ဆတ္က ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ တ႐ုတ္သမၼတ ရွီက်င့္ ဖ်င္ႏွင့္ ႐ုရွားသမၼတ ပူတင္တို႔တက္ေရာက္ခဲ့ေသာ ေဘဂ်င္းၿမိဳ႕တြင္က်င္းပခဲ့သည့္ စစ္ေရးျပပြဲအခမ္းအနားက ႐ုရွားႏွင့္ တ႐ုတ္ၾကား ပိုမိုနီးကပ္ေသာဆက္ဆံေရးမ်ားကို မီးေမာင္း ထိုးျပခဲ့ေၾကာင္း ပီတီဟတ္ဆတ္က ထုတ္ျပန္ေျပာ ၾကားခဲ့ သည္။
ပီတီဟတ္ဆတ္က ‘ကံမေကာင္းစြာနဲ႔ပဲ ယခင္ အေမရိကန္အစိုးရရဲ႕အားနည္းခ်က္ေတြက ႐ုရွားနဲ႔တ႐ုတ္တို႔ကို ပိုမိုနီးကပ္လာေစခဲ့ပါတယ္။ အဲဒါဟာ အေမရိကန္ေခါင္းေဆာင္မႈနဲ႔ အင္အားနည္းပါး ျခင္းတို႔ရဲ႕ ေၾကာက္မက္ ဖြယ္ေကာင္းတဲ့ ဖြံ႕ၿဖိဳးတိုးတက္ မႈတစ္ခုပဲျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ျပင္ဆင္ထားဖို႔၊ သမိုင္းဝင္နည္းလမ္းေတြနဲ႔ စစ္တပ္ကိုျပန္လည္ တည္ေဆာက္ဖို႔၊ စစ္သူရဲေကာင္းက်င့္ဝတ္ကို ျပန္ လည္ထူေထာင္ဖို႔နဲ႔ အတားအဆီးေတြကိုျပန္လည္ လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တာပါ’ဟု ထုတ္ျပန္ ေျပာဆိုခဲ့သည္။
အေမရိကန္သည္ ႐ုရွား သို႔မဟုတ္ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ ပဋိပကၡမျဖစ္ပြားလိုေသာ္လည္း မဟာဗ်ဴ ဟာေျမာက္ အားသာခ်က္ကိုထိန္းသိမ္းရန္ ရည္႐ြယ္ထားေၾကာင္း ပီတီဟတ္ဆတ္က ထပ္မံေျပာၾကားခဲ့သည္။ ထို႔ျပင္ ႐ုရွားႏွင့္ တ႐ုတ္တို႔သည္ ၎တို႔၏ဆက္ဆံေရးကို အကန႔္အသတ္မရွိေသာ မဟာဗ်ဴ ဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးတစ္ခု အျဖစ္ ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းသိရသည္။
(၂၀၂၂)ခုႏွစ္‌ ေဖေဖာ္ဝါရီလတြင္ စတင္ျဖစ္ပြားခဲ့ေသာ ယူကရိန္းစစ္ပြဲကိုတုံ႔ျပန္သည့္အေနျဖင့္ အေနာက္အုပ္စု က ႐ုရွားအေပၚ ပိတ္ဆို႔အေရး ယူမႈမ်ားကိုခ်မွတ္ခဲ့ၿပီးေနာက္ ႐ုရွားသည္ ၎၏ကုန္ သြယ္မႈႏွင့္ ေထာက္ပံ့ေရးကြင္း ဆက္မ်ားစြာကို တ႐ုတ္ႏိုင္ငံသို႔ လမ္းေၾကာင္းလႊဲေျပာင္းခဲ့ေၾကာင္း သိရသည္။
(Ref : RT)

Related news

© 2021. All rights reserved.