ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဓါးစာခံတွေထပ်မံသေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 290

Pika(NP News)
ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ ထပ်မံသေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးရဲ့ထိုးစစ်ဆင်မှုအသစ်တွေရှိနေတဲ့ကြားက အမေရိကန်နိုင်ငံဟာ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်းစေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”မကြာသေးခင်က သေဆုံးသွားခဲ့တဲ့ ဓါးစာခံအချို့တွေ ရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော်ကြားသိခဲ့ရပါတယ်။ကျွန်တော်ကြားနေရတာတွေက မှားယွင်းဖို့မျှော်လင့်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဓါးစာခံ(၂၅၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိဂါဇာမှာ ဓါးစာခံ(၄၇)ဦးရှိနေဆဲဖြစ်တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ဒါ့ပြင် ကျန်ရှိနေတဲ့ဓါးစာခံတွေအနက် (၂၅)ဦးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပြီး ရုပ်အလောင်းတွေကိုပြန်လည်ရရှိဖို့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”အစ္စရေးရဲ့ထိုးစစ်ဆင်မှုအသစ်တွေရှိနေပေမယ့်လည်း ကျွန်တော်တို့ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်းစေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ ဓါးစာခံေတြထပ္မံေသဆုံးႏိုင္ဖြယ္ရွိေနတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News)
ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြ ထပ္မံေသဆုံးႏိုင္ဖြယ္ရွိေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အစၥေရးရဲ႕ထိုးစစ္ဆင္မႈအသစ္ေတြရွိေနတဲ့ၾကားက အေမရိကန္ႏိုင္ငံဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ နက္နက္ရႈိင္းရႈိင္းေစ့စပ္ညႇိႏႈိင္းမႈေတြကို လုပ္ေဆာင္ေနတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”မၾကာေသးခင္က ေသဆုံးသြားခဲ့တဲ့ ဓါးစာခံအခ်ိဳ႕ေတြ ရွိေကာင္းရွိႏိုင္တယ္လို႔ ကြၽန္ေတာ္ၾကားသိခဲ့ရပါတယ္။ကြၽန္ေတာ္ၾကားေနရတာေတြက မွားယြင္းဖို႔ေမွ်ာ္လင့္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဓါးစာခံ(၂၅၁)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိဂါဇာမွာ ဓါးစာခံ(၄၇)ဦးရွိေနဆဲျဖစ္တယ္လို႔ သတင္းအခ်က္အလက္ေတြအရ သိရပါတယ္။ဒါ့ျပင္ က်န္ရွိေနတဲ့ဓါးစာခံေတြအနက္ (၂၅)ဦးဟာ ေသဆုံးသြားၿပီျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီး ႐ုပ္အေလာင္းေတြကိုျပန္လည္ရရွိဖို႔ ရွာေဖြေနတယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”အစၥေရးရဲ႕ထိုးစစ္ဆင္မႈအသစ္ေတြရွိေနေပမယ့္လည္း ကြၽန္ေတာ္တို႔ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ နက္နက္ရႈိင္းရႈိင္းေစ့စပ္ညႇိႏႈိင္းမႈေတြကို လုပ္ေဆာင္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.