စစ်လက်နက်ပစ္စည်းတွေကို စွန့်လွှတ်သွားမှာမဟုတ်ဘူးလို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ ကတိပြုပြောဆို

380

Pika(NP News)-စက်တင်ဘာ ၈
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ၎င်းရဲ့စစ်လက်နက်ပစ္စည်းတွေကို စွန့်လွှတ်သွားမှာမဟုတ်ဘူးလို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ လွှတ်တော်အမတ် ဟာဆန်အက်ဇီဒိုင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းရေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ စစ်တပ်ကို လက်ဘနွန်အစိုးရက အမိန့်ပေးခဲ့ပြီးနောက် တစ်ရက်အကြာမှာ Hassan Ezzedineရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်ရဲ့ဖိအားပေးမှုတွေနဲ့ အစ္စရေးရဲ့စစ်ဆင်ရေးတွေ အရှိန်အဟုန်မြင့်တက်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာပဲ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့လက်နက်ဖျက်သိမ်းဖို့အစီအစဉ်တွေကို ယခုနှစ်ကုန်မှာရေးဆွဲဖို့ စစ်တပ်ကို လက်ဘနွန်အစိုးရက ပြီးခဲ့တဲ့လမှာအမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ဘနွန်ပြန်ကြားရေးဝန်ကြီး ပေါလ်မော်ကို့စ်က”လက်ဘနွန်စစ်တပ်ဟာ လုပ်ဆောင်နိုင်မယ့်စွမ်းရည်တွေအားလုံးနဲ့အတူ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်သွားမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။ဟာဆန်အက်ဇီဒိုင်းက”ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ဘယ်လိုအခြေအနေတွေမျိုးမှာမဆို ၎င်းတို့ရဲ့စစ်လက်နက်ပစ္စည်းတွေကို စွန့်လွှတ်သွားမှာမဟုတ်ပါဘူး။”လို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းမှုတွေလုပ်ဆောင်ဖို့ အလျင်စလို၊မဆင်မခြင်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သူတွေဟာ အဲ့ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး အမှားတွေကို ပြင်ပေးရမယ်လို့လည်း ဟာဆန်အက်ဇီဒိုင်းက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
စစ္လက္နက္ပစၥည္းေတြကို စြန႔္လႊတ္သြားမွာမဟုတ္ဘူးလို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ ကတိျပဳေျပာဆို
Pika(NP News)-စက္တင္ဘာ ၈
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ၎ရဲ႕စစ္လက္နက္ပစၥည္းေတြကို စြန႔္လႊတ္သြားမွာမဟုတ္ဘူးလို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ လႊတ္ေတာ္အမတ္ ဟာဆန္အက္ဇီဒိုင္းက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းေရးအစီအစဥ္ကို စတင္အေကာင္အထည္ေဖာ္ဖို႔ စစ္တပ္ကို လက္ဘႏြန္အစိုးရက အမိန႔္ေပးခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Hassan Ezzedineရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။အေမရိကန္ရဲ႕ဖိအားေပးမႈေတြနဲ႔ အစၥေရးရဲ႕စစ္ဆင္ေရးေတြ အရွိန္အဟုန္ျမင့္တက္လာမွာကို စိုးရိမ္မႈေတြျမင့္တက္ေနခ်ိန္မွာပဲ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕လက္နက္ဖ်က္သိမ္းဖို႔အစီအစဥ္ေတြကို ယခုႏွစ္ကုန္မွာေရးဆြဲဖို႔ စစ္တပ္ကို လက္ဘႏြန္အစိုးရက ၿပီးခဲ့တဲ့လမွာအမိန႔္ေပးခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။လက္ဘႏြန္ျပန္ၾကားေရးဝန္ႀကီး ေပါလ္ေမာ္ကို႔စ္က”လက္ဘႏြန္စစ္တပ္ဟာ လုပ္ေဆာင္ႏိုင္မယ့္စြမ္းရည္ေတြအားလုံးနဲ႔အတူ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းေရး အစီအစဥ္ကို အေကာင္အထည္ေဖာ္သြားမွာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။ဟာဆန္အက္ဇီဒိုင္းက”ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ဘယ္လိုအေျခအေနေတြမ်ိဳးမွာမဆို ၎တို႔ရဲ႕စစ္လက္နက္ပစၥည္းေတြကို စြန႔္လႊတ္သြားမွာမဟုတ္ပါဘူး။”လို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းမႈေတြလုပ္ေဆာင္ဖို႔ အလ်င္စလို၊မဆင္မျခင္ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့သူေတြဟာ အဲ့ဒီဆုံးျဖတ္ခ်က္ကို ျပန္လည္သုံးသပ္ၿပီး အမွားေတြကို ျပင္ေပးရမယ္လို႔လည္း ဟာဆန္အက္ဇီဒိုင္းက ေျပာၾကားခဲ့ပါတယ္။