(၁၀၂၇) စစ်ဆင်ရေးဖော်ဆောင်ခဲ့သော မဟာမိတ် (၃) ဖွဲ့ ပြိုကွဲသွားပြီ

 3357

သန့်ဇင် (NP News) - စက်တင်ဘာ ၉
(၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည် နယ်မြောက်ပိုင်းတွင်တိုက်ပွဲများဖော်ဆောင်ခဲ့သော MNDAA ၊TNLA နှင့် AA ပူးပေါင်းအဖွဲ့တို့ ပြိုကွဲသွားပြီဖြစ်ကြောင်း ရှမ်းမြောက်အရေးသုံးသပ်လေ့ လာသူတစ်ဦးက NP News သို့ ပြောသည်။
(၂၀၂၃)ခုနှစ် အောက်တိုဘာ (၂၇) ရက်က စတင်ခဲ့သော (၁၀၂၇)စစ်ဆင်ရေးသည် အပိုင်း (၂) ပိုင်းဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယင်းမဟာ မိတ်သုံးဖွဲ့သာမက နောက်တွင် UWSA ရှိသည်ဟု ကျယ် ကျယ်ပြန့်ပြန့်ရှုမြင်သုံးသပ်ခံထားရကာ အခြား လက်နက်ကိုင်များကလည်း ပူးပေါင်းပါဝင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် MNDAA နှင့် TNLA ကြား နယ်မြေအငြင်းပွားမှုများဖြစ်လာသည့်အပြင် ပူးပေါင်း တိုက်ခိုက်ခဲ့သော အဖွဲ့များနှင့်လည်း မကျေလည်မှုများရှိလာသည်သာမက UWSA ကလည်း MNDAA ၊ TNLA နှင့် SSPPတို့ကို ပန်ဆန်းတွင်ခေါ်တွေ့ကာ လက်နက်နှင့် ငွေကြေးအကူအညီ မပေး တော့ကြောင်း ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း MNDAA က တပ်မတော်နှင့် အပစ်ရပ်ဆွေးနွေး ညှိနှိုင်းကာ မြို့များကို တစ်စ တစ်စ ပြန်လည်လက်လွှတ်နေခဲ့ပြီး TNLA ကမူ တပ်မတော်၏ထိုးစစ်များအောက် နောက်ဆုတ်နေရ သည်။
“TNLA ကတော့ စစ်ဦးကျိုးသွားတယ်ပေါ့။ စစ်ဦးကျိုးသွားတဲ့အတွက် ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရတယ်။ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ KIA ၊ MNDAA အပေါ်မှာလည်း မချေမငံဆက်ဆံခဲ့တဲ့အတွက် အခု အချိန်မှာကူညီ မယ့်သူမရှိဘူး။ လှည့်မကြည့်ကြတော့ဘူးပေါ့။ TNLA နဲ့ နိုင်ငံရေးရပ်တည်မှုအနေနဲ့ ပျောက်ကွယ်ရတော့ မယ့်အနေအထားတစ်ခုကို ရောက်လာတော့မှာပါ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မှ သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
MNDAA အနေဖြင့် လက်ရှိတွင် တပ်မတော်နှင့် ပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်နေသည့် သဘောကို မြင်ရကြောင်းလည်း ၎င်းကဆိုသည်။
“MNDAA အနေနဲ့အခုလက်ရှိအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းတွေ့ရတယ်။ စစ်ရေး အရ တုံ့ပြန်မှုတွေမရှိတော့ဘဲနဲ့ ညှိနှိုင်းဆောင်ရွက် မှုတွေ တဖြည်းဖြည်းနဲ့သွားတယ်ပေါ့။ မပြေလည်ဘူး ဆို ပေမယ့် ပြေလည်အောင်ညှိနှိုင်းပြီးတော့သွားကြတယ်ပေါ့။ မပြေလည်ဘူးဆိုပြီး စစ်ရေးထဖြစ်တာမျိုး မရှိဘူး” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA ၊ MNDAA နှင့် AA လက်နက်ကိုင်အဖွဲတို့၏ မဟာမိတ်ဆက်ဆံရေးမှာ ယိုယွင်းသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ ရှမ်းမြောက်အနေနဲ့ ခြုံပြီးပြောရရင် TNLA အနေနဲ့ကျဆုံးခန်းကိုရောက်လာပြီ။ MNDAA အနေ နဲ့ကတော့ နားလည်မှုသဘောနဲ့ နယ်မြေအပိုင်းအခြားတစ်ခုနဲ့ ရပ်တည်နေတဲ့အဖွဲ့အစည်းတစ်ခုလို့တော့ ကျွန်တော်တော့မြင်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ ပြိုကွဲတဲ့အချိန်ရောက်လာပြီ။ (၁၀၂၇) စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ ပူးပေါင်းအဖွဲ့ ပြိုကွဲသွားပါပြီ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Zawgyi Version:
(၁၀၂၇) စစ္ဆင္ေရးေဖာ္ေဆာင္ခဲ့ေသာ မဟာမိတ္ (၃) ဖြဲ႕ ၿပိဳကြဲသြားၿပီ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၉
(၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္ နယ္ေျမာက္ပိုင္းတြင္တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့ေသာ MNDAA ၊TNLA ႏွင့္ AA ပူးေပါင္းအဖြဲ႕တို႔ ၿပိဳကြဲသြားၿပီျဖစ္ေၾကာင္း ရွမ္းေျမာက္အေရးသုံးသပ္ေလ့ လာသူတစ္ဦးက NP News သို႔ ေျပာသည္။
(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာ (၂၇) ရက္က စတင္ခဲ့ေသာ (၁၀၂၇)စစ္ဆင္ေရးသည္ အပိုင္း (၂) ပိုင္းျဖင့္ ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ ယင္းမဟာ မိတ္သုံးဖြဲ႕သာမက ေနာက္တြင္ UWSA ရွိသည္ဟု က်ယ္ က်ယ္ျပန႔္ျပန႔္ရႈျမင္သုံးသပ္ခံထားရကာ အျခား လက္နက္ကိုင္မ်ားကလည္း ပူးေပါင္းပါဝင္ခဲ့သည္။
သို႔ေသာ္ ေနာက္ပိုင္းတြင္ MNDAA ႏွင့္ TNLA ၾကား နယ္ေျမအျငင္းပြားမႈမ်ားျဖစ္လာသည့္အျပင္ ပူးေပါင္း တိုက္ခိုက္ခဲ့ေသာ အဖြဲ႕မ်ားႏွင့္လည္း မေက်လည္မႈမ်ားရွိလာသည္သာမက UWSA ကလည္း MNDAA ၊ TNLA ႏွင့္ SSPPတို႔ကို ပန္ဆန္းတြင္ေခၚေတြ႕ကာ လက္နက္ႏွင့္ ေငြေၾကးအကူအညီ မေပး ေတာ့ေၾကာင္း ေျပာၾကားခဲ့သည္။
တစ္ဖက္တြင္လည္း MNDAA က တပ္မေတာ္ႏွင့္ အပစ္ရပ္ေဆြးေႏြး ညႇိႏႈိင္းကာ ၿမိဳ႕မ်ားကို တစ္စ တစ္စ ျပန္လည္လက္လႊတ္ေနခဲ့ၿပီး TNLA ကမူ တပ္မေတာ္၏ထိုးစစ္မ်ားေအာက္ ေနာက္ဆုတ္ေနရ သည္။
“TNLA ကေတာ့ စစ္ဦးက်ိဳးသြားတယ္ေပါ့။ စစ္ဦးက်ိဳးသြားတဲ့အတြက္ ရႈံးနိမ့္မႈနဲ႔ရင္ဆိုင္ရတယ္။ သူ႔ရဲ႕မဟာမိတ္ျဖစ္တဲ့ KIA ၊ MNDAA အေပၚမွာလည္း မေခ်မငံဆက္ဆံခဲ့တဲ့အတြက္ အခု အခ်ိန္မွာကူညီ မယ့္သူမရွိဘူး။ လွည့္မၾကည့္ၾကေတာ့ဘူးေပါ့။ TNLA နဲ႔ ႏိုင္ငံေရးရပ္တည္မႈအေနနဲ႔ ေပ်ာက္ကြယ္ရေတာ့ မယ့္အေနအထားတစ္ခုကို ေရာက္လာေတာ့မွာပါ” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း မွ သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။
MNDAA အေနျဖင့္ လက္ရွိတြင္ တပ္မေတာ္ႏွင့္ ေျပလည္ေစရန္ ညႇိႏႈိင္းေဆာင္႐ြက္ေနသည့္ သေဘာကို ျမင္ရေၾကာင္းလည္း ၎ကဆိုသည္။
“MNDAA အေနနဲ႔အခုလက္ရွိအစိုးရနဲ႔ပူးေပါင္းေဆာင္႐ြက္မႈေတြလည္းေတြ႕ရတယ္။ စစ္ေရး အရ တုံ႔ျပန္မႈေတြမရွိေတာ့ဘဲနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ မႈေတြ တျဖည္းျဖည္းနဲ႔သြားတယ္ေပါ့။ မေျပလည္ဘူး ဆို ေပမယ့္ ေျပလည္ေအာင္ညႇိႏႈိင္းၿပီးေတာ့သြားၾကတယ္ေပါ့။ မေျပလည္ဘူးဆိုၿပီး စစ္ေရးထျဖစ္တာမ်ိဳး မရွိဘူး” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
ထို႔ေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ TNLA ၊ MNDAA ႏွင့္ AA လက္နက္ကိုင္အဖြဲတို႔၏ မဟာမိတ္ဆက္ဆံေရးမွာ ယိုယြင္းသြားၿပီျဖစ္ေၾကာင္း ၎က ဆိုသည္။
“ ရွမ္းေျမာက္အေနနဲ႔ ၿခဳံၿပီးေျပာရရင္ TNLA အေနနဲ႔က်ဆုံးခန္းကိုေရာက္လာၿပီ။ MNDAA အေန နဲ႔ကေတာ့ နားလည္မႈသေဘာနဲ႔ နယ္ေျမအပိုင္းအျခားတစ္ခုနဲ႔ ရပ္တည္ေနတဲ့အဖြဲ႕အစည္းတစ္ခုလို႔ေတာ့ ကြၽန္ေတာ္ေတာ့ျမင္ပါတယ္။ ေျမာက္ပိုင္းအဖြဲ႕ေတြ ၿပိဳကြဲတဲ့အခ်ိန္ေရာက္လာၿပီ။ (၁၀၂၇) စစ္ဆင္ေရး ေဖာ္ေဆာင္ခဲ့တဲ့ ပူးေပါင္းအဖြဲ႕ ၿပိဳကြဲသြားပါၿပီ” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

Picture

Tha Lwin

09/09/2025 17:03

👍👍👍မဂ္င်လာသတင်းပါ

Related news

© 2021. All rights reserved.