AA က မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

 590

ပီယ (NP News) - စက်တင်ဘာလ ၁၂
AA အဖွဲ့ က မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ယနေ့ (စက်တင်ဘာလ ၁၂ ရက်) ညပိုင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးကို အန္တရာယ် ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းဝယ်လျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ရေလမ်းကြောင်း၏ အားသာချက်များကိုအသုံးချကာ ရေလမ်းကြောင်းများမှတဆင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်လာကြသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA သောင်းကျန်းသူအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကိုပြုလုပ်ကာ ရရှိသည့် ငွေကြေး များဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိရာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးရှိ အမှတ်၊ ၇(က)/၂ ဂိုဒေါင်အား ဝင်ရောက်ရှာဖွေခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နေ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိ မူးယစ်ဆေးဝါးတရားခံ ထွန်းထွန်းနိုင် နှင့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင် အေးသန်းထွန်း တို့အပါအဝင် မူးယစ်ဆေးဝါး တရားခံများဖြစ်သည့် အားလျံ (ခ)ဝမ်ရှင်းလျံ၊ ထွန်းထွန်းနိုင်(ခ)အယ်လ်တီ၊ အေးမြင့်နှင့် လင်းမင်းထက် တို့ ၆ ဦးအား ICE ၁,၈၄၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ပြား၊ ဘိန်းဖြူအမှုန့် ၁၄ ကီလိုဂရမ်၊ Mitsubishi Canter (အဖြူရောင်)ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ထွန်းထွန်းနိုင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၂၂) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ခြံဝန်းအတွင်း၌ တရားခံ ဇော်ဦး(ခ)ရာဂျူးနှင့် ရဲလင်းအောင်(ခ)ဂျိုးဇက် တို့အား ICE ၁,၅၀၀ ကီလိုဂရမ်၊ Mark II(ခဲရောင်)ယာဉ် ၁ စီး၊ I-Zone Express(ခဲရောင်)ယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ရွှေပြည်သာ မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးပေါ်ရှိ Denko ဆီဆိုင်အနီးတွင် တရားခံ အောင်ခိုင်မိုး နှင့် ရဲကိုခိုင်တို့ ၂ ဦးအား Toyoace(အပြာရောင်)ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ICE ၁,၁၀၀ ကီလိုဂရမ်၊ ကတ်တမင်း ၁,၁၀၀ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် မူးယစ် ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးအဖြစ်လိုက်ပါလာသည့် AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးအဖွဲ့ဝင် ဝင်းနိုင်ဆန်း၊ ရေကြောင်းမှ သယ်ဆောင် နိုင်ရန် စက်လှေရှာဖွေပေးမည့်သူ တရားခံ ဇော်မျိုး၊ မောင်မောင်စိုး တို့အား Toyota Probox (အဖြူရောင်)ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝင်းနိုင်ဆန်း ၏ထွက်ဆိုချက်အရ စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ပို့ဆောင်ရာတွင် စက်လှေရှာဖွေပေးသူ မျိုးမင်းထိုက်(ခ) နိုအာလမ်အား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁၀)မြောက်ရပ်ကွက်တွင် လည်းကောင်း၊ မူးယစ်ဆေးဝါးတင်ဆောင်မည့် စက်လှေများအား စောင့်ကြည့်ပေးသည့် စိုးမင်းအောင် နှင့် မင်းတင်ထက် တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ CENTRAL ဟိုတယ်၊ အခန်း အမှတ်(၄၁၀)တွင်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ ၁၆ ဦးတို့အား ICE ၄,၄၄၀ ကီလိုဂရမ်၊ ကတ်တမင်း ၁,၁၀၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြားသိန်း ၄၀ ပြား၊ ဘိန်းဖြူအမှုန့် ၁၄ ကီလိုဂရမ် (မူးယစ်ဆေးဝါးကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်)နှင့်မော်တော်ယာဉ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိထွန်းထွန်းနိုင်၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူအဖွဲ့ အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများဝယ်ယူ ဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများရရှိနိုင်ရန် အနာဂတ် မျိုးဆက်သစ်လူငယ်များ အပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိကြောင်း၊ ယခု ၎င်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကိုလည်း AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံအဆင့်ရှိ ဖမ်းဆီးရန်ကျန် တရားခံ မင်းမြတ်ကျော်(ခ)သာဓု ၏ စေခိုင်းမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ရန်ကုလားထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံများနှင့် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်း ပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
AA က မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္မည့္ ကာလတန္ဖိုးေငြက်ပ္ ၁၇၀ ဒသမ ၄၉ ဘီလီယံခန႔္တန္ဖိုးရွိ မူးယစ္ေဆးဝါး မ်ား ဖမ္းမိ
ပီယ (NP News) - စက္တင္ဘာလ ၁၂
AA အဖြဲ႕ က မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္မည့္ ကာလတန္ဖိုးေငြက်ပ္ ၁၇၀ ဒသမ ၄၉ ဘီလီယံခန႔္တန္ဖိုးရွိ မူးယစ္ ေဆးဝါးမ်ား ဖမ္းမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ၏ ယေန႔ (စက္တင္ဘာလ ၁၂ ရက္) ညပိုင္းသတင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အနာဂတ္မ်ိဳးဆက္သစ္လူငယ္မ်ားအပါအဝင္ လူသားမ်ိဳးႏြယ္စု တစ္ခုလုံးကို အႏၲရာယ္ ျဖစ္ေစသည့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္မႈမ်ားအား ထိေရာက္စြာ တားဆီးကာကြယ္တိုက္ဖ်က္ေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ သတ္မွတ္၍ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ မူးယစ္ေဆးဝါး သယ္ေဆာင္ေလ့ရွိသည့္ လမ္းေၾကာင္းမ်ား၌ စစ္ေဆးရွာေဖြေဖာ္ထုတ္မႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္မႈမ်ားေၾကာင့္ မူးယစ္ေဆးဝါးျဖန႔္ျဖဴးေရာင္းဝယ္လ်က္ရွိသည့္ ေသာင္းက်န္းသူအဖြဲ႕မ်ားႏွင့္ မူးယစ္ဂိုဏ္းမ်ားသည္ ေရလမ္းေၾကာင္း၏ အားသာခ်က္မ်ားကိုအသုံးခ်ကာ ေရလမ္းေၾကာင္းမ်ားမွတဆင့္ မူးယစ္ေဆးဝါးမ်ား သယ္ယူပို႔ေဆာင္လာၾကသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
AA ေသာင္းက်န္းသူအဖြဲ႕အေနျဖင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္မႈမ်ားကိုျပဳလုပ္ကာ ရရွိသည့္ ေငြေၾကး မ်ားျဖင့္ လက္နက္၊ ခဲယမ္းမ်ားဝယ္ယူ၍ ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း၊ လက္နက္အားကိုးျဖင့္ အျပစ္မဲ့ျပည္သူမ်ားအေပၚ အႏိုင္က်င့္ႏွိပ္စက္သတ္ျဖတ္ျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိရာ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ျခင္းႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို မလိုလားသည့္ ေဒသခံျပည္သူမ်ား၏ သတင္းေပးပို႔ခ်က္အရ စက္တင္ဘာလ ၅ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၂၅)ရပ္ကြက္၊ အမွတ္(၄)လမ္းမႀကီးရွိ အမွတ္၊ ၇(က)/၂ ဂိုေဒါင္အား ဝင္ေရာက္ရွာေဖြခဲ့ရာ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ေန AA ေသာင္းက်န္းသူအဖြဲ႕မွ ေထာက္ပံ့ေရး ဒုတိယတာဝန္ခံအဆင့္ရွိ မူးယစ္ေဆးဝါးတရားခံ ထြန္းထြန္းႏိုင္ ႏွင့္ AA ေသာင္းက်န္းသူအဖြဲ႕မွ ေထာက္ပံ့ေရးအဖြဲ႕ဝင္ ေအးသန္းထြန္း တို႔အပါအဝင္ မူးယစ္ေဆးဝါး တရားခံမ်ားျဖစ္သည့္ အားလ်ံ (ခ)ဝမ္ရွင္းလ်ံ၊ ထြန္းထြန္းႏိုင္(ခ)အယ္လ္တီ၊ ေအးျမင့္ႏွင့္ လင္းမင္းထက္ တို႔ ၆ ဦးအား ICE ၁,၈၄၀ ကီလိုဂရမ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား သိန္း ၄၀ ျပား၊ ဘိန္းျဖဴအမႈန႔္ ၁၄ ကီလိုဂရမ္၊ Mitsubishi Canter (အျဖဴေရာင္)ယာဥ္ ၁ စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိတရားခံ ထြန္းထြန္းႏိုင္၏ ထြက္ဆိုခ်က္အရ စက္တင္ဘာလ ၅ ရက္ ညေနပိုင္းတြင္ ရန္ကုန္တိုင္း ေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံၿမိဳ႕သစ္၊ အမွတ္(၂၂) ရပ္ကြက္၊ ၿမိဳ႕ပတ္လမ္းရွိ ၿခံဝန္းအတြင္း၌ တရားခံ ေဇာ္ဦး(ခ)ရာဂ်ဴးႏွင့္ ရဲလင္းေအာင္(ခ)ဂ်ိဳးဇက္ တို႔အား ICE ၁,၅၀၀ ကီလိုဂရမ္၊ Mark II(ခဲေရာင္)ယာဥ္ ၁ စီး၊ I-Zone Express(ခဲေရာင္)ယာဥ္ ၁ စီးတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္မ်ားအရ စက္တင္ဘာလ ၇ ရက္ နံနက္ပိုင္းတြင္ ေ႐ႊျပည္သာ ၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ အမွတ္(၄)လမ္းမႀကီးေပၚရွိ Denko ဆီဆိုင္အနီးတြင္ တရားခံ ေအာင္ခိုင္မိုး ႏွင့္ ရဲကိုခိုင္တို႔ ၂ ဦးအား Toyoace(အျပာေရာင္)ယာဥ္ေပၚတြင္ တင္ေဆာင္ထားသည့္ ICE ၁,၁၀၀ ကီလိုဂရမ္၊ ကတ္တမင္း ၁,၁၀၀ ကီလိုဂရမ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။ ထို႔ျပင္ မူးယစ္ ေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ ေရွ႕ေျပးအျဖစ္လိုက္ပါလာသည့္ AA ေသာင္းက်န္းသူအဖြဲ႕ ေထာက္ပံ့ေရးအဖြဲ႕ဝင္ ဝင္းႏိုင္ဆန္း၊ ေရေၾကာင္းမွ သယ္ေဆာင္ ႏိုင္ရန္ စက္ေလွရွာေဖြေပးမည့္သူ တရားခံ ေဇာ္မ်ိဳး၊ ေမာင္ေမာင္စိုး တို႔အား Toyota Probox (အျဖဴေရာင္)ယာဥ္ ၁ စီးႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိတရားခံ ဝင္းႏိုင္ဆန္း ၏ထြက္ဆိုခ်က္အရ စက္တင္ဘာလ ၇ ရက္ ညေနပိုင္းတြင္ မူးယစ္ေဆးဝါးမ်ားကို မေလးရွားႏိုင္ငံသို႔ပို႔ေဆာင္ရာတြင္ စက္ေလွရွာေဖြေပးသူ မ်ိဳးမင္းထိုက္(ခ) ႏိုအာလမ္အား ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ အမွတ္(၁၀)ေျမာက္ရပ္ကြက္တြင္ လည္းေကာင္း၊ မူးယစ္ေဆးဝါးတင္ေဆာင္မည့္ စက္ေလွမ်ားအား ေစာင့္ၾကည့္ေပးသည့္ စိုးမင္းေအာင္ ႏွင့္ မင္းတင္ထက္ တို႔အား ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ဗိုလ္ခ်ဳပ္လမ္းရွိ CENTRAL ဟိုတယ္၊ အခန္း အမွတ္(၄၁၀)တြင္လည္းေကာင္း အသီးသီးထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္တြင္ မူးယစ္ေဆးဝါးတရားခံ ၁၆ ဦးတို႔အား ICE ၄,၄၄၀ ကီလိုဂရမ္၊ ကတ္တမင္း ၁,၁၀၀ ကီလိုဂရမ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပားသိန္း ၄၀ ျပား၊ ဘိန္းျဖဴအမႈန႔္ ၁၄ ကီလိုဂရမ္ (မူးယစ္ေဆးဝါးကာလတန္ဖိုးေငြက်ပ္ ၁၇၀ ဒသမ ၄၉ ဘီလီယံခန႔္)ႏွင့္ေမာ္ေတာ္ယာဥ္ ၅ စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိတရားခံ AA ေသာင္းက်န္းသူအဖြဲ႕မွ ေထာက္ပံ့ေရး ဒုတိယတာဝန္ခံအဆင့္ရွိထြန္းထြန္းႏိုင္၏ ထြက္ဆိုခ်က္အရ AA ေသာင္းက်န္းသူအဖြဲ႕ အေနျဖင့္ ၎တို႔အဖြဲ႕ ရပ္တည္ႏိုင္ေရးႏွင့္ လက္နက္၊ ခဲယမ္းမ်ားဝယ္ယူ ျဖည့္တင္းႏိုင္ေရးအတြက္ လိုအပ္ေသာေငြေၾကးမ်ားရရွိႏိုင္ရန္ အနာဂတ္ မ်ိဳးဆက္သစ္လူငယ္မ်ား အပါအဝင္ လူသားမ်ိဳးႏြယ္တစ္ခုလုံးအား အႏၲရာယ္ျဖစ္ေစသည့္ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို က်ယ္ျပန႔္စြာ လုပ္ကိုင္လ်က္ရွိေၾကာင္း၊ ယခု ၎ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားကိုလည္း AA ေသာင္းက်န္းသူအဖြဲ႕မွ ေထာက္ပံ့ေရးတာဝန္ခံအဆင့္ရွိ ဖမ္းဆီးရန္က်န္ တရားခံ မင္းျမတ္ေက်ာ္(ခ)သာဓု ၏ ေစခိုင္းမႈျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လြိဳင္လင္ခ႐ိုင္၊ ေက်းသီး ၿမိဳ႕နယ္၊ ဝမ္ဟိုင္းေက်း႐ြာေန ဖမ္းဆီးရန္က်န္ တရားခံ ရန္ကုလားထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းခ်ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္ သိရွိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိ တရားခံမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူ ေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဖမ္းဆီးရန္က်န္ တရားခံမ်ားႏွင့္ ဆက္စပ္တရားခံမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ မူးယစ္ေဆးဝါးသယ္ေဆာင္သည့္ သတင္းမ်ား ရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာသတင္းေပးတိုင္ၾကားႏိုင္ပါေၾကာင္း၊ သတင္းေပးသူႏွင့္ ပူးေပါင္း ပါဝင္ ဖမ္းဆီးေပးသူမ်ားအား ထိုက္တန္စြာလွ်ိဳ႕ဝွက္၍ ဆုေငြမ်ားခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.