အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၉)ဦး သေဆုံး

 158

Pika (NP News) - စက်တင်ဘာ ၁၃
ကမ္ဘာ့လှည့်ခရီးသွားနေရာတစ်ခုဖြစ်တဲ့ဘာလီကျွန်း အပါအဝင် အင်ဒိုနီးရှားကျွန်းနှစ်ကျွန်းမှာ ရေကြီးမှုတွေ ကြောင့် သေဆုံးသူအရေအတွက်ဟာ (၁၉)ဦးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ဒါ့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အခြားလူ(၅)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
စက်တင်ဘာလ(၉)ရက်နှောင်းပိုင်းကနေစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ဘာလီကျွန်းတစ်ဝှမ်းက ခရိုင်(၇)ခုမှာ ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီ ရဲ့ပြောရေးဆိုခွင့်ရှိသူ အက်ဘ်ဒူလ်မူဟာရီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရေကြီးမှုတွေကြောင့် လူပေါင်း (၅၀၀)ကျော်ကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး စာသင်ကျောင်းတွေ၊ကျေးရွာခန်းမတွေနဲ့ ဗလီတွေ ကို ယာယီအမိုးအကာတွေအဖြစ် ပြောင်းလဲအသုံးပြုခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အက်ဘ်ဒူလ်မူဟာရီက ”တာဝန်ရှိသူတွေဟာ ပျောက်ဆုံးနေသူတွေကိုရှာဖွေရေး၊ ရေကြီးမှုနဲ့ မြေပြိုမှုတို့ကို စီမံခန့်ခွဲရေးလိုမျိုး အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံမွာ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၉)ဦး ေသဆုံး
Pika (NP News) - စက္တင္ဘာ ၁၃
ကမာၻ႔လွည့္ခရီးသြားေနရာတစ္ခုျဖစ္တဲ့ဘာလီကြၽန္း အပါအဝင္ အင္ဒိုနီးရွားကြၽန္းႏွစ္ကြၽန္းမွာ ေရႀကီးမႈေတြ ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၁၉)ဦးအထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ဒါ့ျပင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ အျခားလူ(၅)ဦးေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
စက္တင္ဘာလ(၉)ရက္ေႏွာင္းပိုင္းကေနစတင္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ဘာလီကြၽန္းတစ္ဝွမ္းက ခ႐ိုင္(၇)ခုမွာ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြျဖစ္ပြားခဲ့တယ္လို႔ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ ေလ်ာ့ပါးေရးေအဂ်င္စီ ရဲ႕ေျပာေရးဆိုခြင့္ရွိသူ အက္ဘ္ဒူလ္မူဟာရီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေရႀကီးမႈေတြေၾကာင့္ လူေပါင္း (၅၀၀)ေက်ာ္ကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး စာသင္ေက်ာင္းေတြ၊ေက်း႐ြာခန္းမေတြနဲ႔ ဗလီေတြ ကို ယာယီအမိုးအကာေတြအျဖစ္ ေျပာင္းလဲအသုံးျပဳခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အက္ဘ္ဒူလ္မူဟာရီက ”တာဝန္ရွိသူေတြဟာ ေပ်ာက္ဆုံးေနသူေတြကိုရွာေဖြေရး၊ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈတို႔ကို စီမံခန႔္ခြဲေရးလိုမ်ိဳး အေရးေပၚတုံ႔ျပန္ေရးဆိုင္ရာႀကိဳးပမ္းအားထုတ္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.