ကြို့ပင်ကောက်တွင် PDF အဖွဲ့ဝင်က ၎င်းတို့၏ထောက်ပို့ အမျိုးသား ကို ပြန်သတ်သော ဖြစ်စဉ်ဖြစ်ပွား

 811

Pearl (NP News) - စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် PDF အဖွဲ့ဝင်က ၎င်းတို့၏ထောက်ပို့တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သော နေ ဦးသက်မောင်(ခ)ညိုချော(၄၅)နှစ်သည် ကြို့ပင်ကောက်မြို့မှ ၎င်း၏နေအိမ်သို့ ကြို့ပင်ကောက်-အလယ်ကုန်းကျေးရွာသွား ကားလမ်းအတိုင်း မော်တော်ယာဉ်ဖြင့် မောင်းနှင်ပြန်လာစဉ် ကြို့ပင်စခန်းကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် PDF အဖွဲ့ဝင် နှစ်ဦးက မော်တော်ယာဉ်အား ရပ်တန့်ခိုင်း၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ် သတ်ဖြတ်သွားသဖြင့် ဦးသက်မောင်(ခ)ညိုချောတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးသက်မောင်(ခ)ညိုချောသည် PDF အဖွဲ့ဝင်များအား ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ပေးနေသူဖြစ်ပြီး ၎င်းနှင့် အကြမ်းဖက်အဖွဲ့များအကြား မပြေလည်မှုရှိ၍ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်၍ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ပစ်ခတ်သတ်ဖြတ်ကျူးလွန်ခဲ့သူများအား ဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Zawgyi Version:
ႀကိဳ႕ပင္ေကာက္တြင္ PDF အဖြဲ႕ဝင္က ၎တို႔၏ေထာက္ပို႔ အမ်ိဳးသား ကို ျပန္သတ္ေသာ ျဖစ္စဥ္ျဖစ္ပြား
Pearl (NP News) - စက္တင္ဘာ ၁၅

ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္ PDF အဖြဲ႕ဝင္က ၎တို႔၏ေထာက္ပို႔တစ္ဦးကို ေသနတ္ျဖင့္ ပစ္သတ္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္း ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၃ ရက္ ညေန ၄ နာရီ ၃၀ မိနစ္ခန႔္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ အလယ္ကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေက်း႐ြာတြင္ ေနထိုင္ေသာ ေန ဦးသက္ေမာင္(ခ)ညိဳေခ်ာ(၄၅)ႏွစ္သည္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕မွ ၎၏ေနအိမ္သို႔ ႀကိဳ႕ပင္ေကာက္-အလယ္ကုန္းေက်း႐ြာသြား ကားလမ္းအတိုင္း ေမာ္ေတာ္ယာဥ္ျဖင့္ ေမာင္းႏွင္ျပန္လာစဥ္ ႀကိဳ႕ပင္စခန္းေက်း႐ြာအနီးအေရာက္ အသင့္ေစာင့္ေနသည့္ PDF အဖြဲ႕ဝင္ ႏွစ္ဦးက ေမာ္ေတာ္ယာဥ္အား ရပ္တန႔္ခိုင္း၍ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ သတ္ျဖတ္သြားသျဖင့္ ဦးသက္ေမာင္(ခ)ညိဳေခ်ာတြင္ က်ည္ထိမွန္ဒဏ္ရာရရွိကာ ေသဆုံးသြားခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆး၍ ျဖစ္စဥ္အား စိစစ္ခဲ့ရာ ဦးသက္ေမာင္(ခ)ညိဳေခ်ာသည္ PDF အဖြဲ႕ဝင္မ်ားအား ေထာက္ပို႔လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနသူျဖစ္ၿပီး ၎ႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားအၾကား မေျပလည္မႈရွိ၍ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္၍ သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


လက္ရွိတြင္ ပစ္ခတ္သတ္ျဖတ္က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Picture

Tha Lwin

15/09/2025 13:46

ကျွေးတဲ့လက်လည်းပြန်ကိုက်တာပဲလား

Related news

© 2021. All rights reserved.