ထိုင်းနယ်စပ် ကျားဖျန့်တို့ လိမ်လည်ရာတွင် Chat GPT ကို အသုံးပြုနေ

1342

#HtayOung #OungMarine(NP News)-စက်တင်ဘာ-၁၉
အာရှတစ်ခွင် လိမ်လည်ရာမှာ ထိုင်းနယ်စပ် ကျားဖျန့်တို့က Chat GPT ကို အသုံးပြုနေတယ်လို ကိုယ်တိုင် ကြုံ တွေ့ခဲ့ရသူတစ်ဦးရဲ့ အဖြစ်မှန်ကို ရိုက်တာသတင်းအေဂျင်စီ (15 September 2025) က ရေးပါတယ်။
ကင်ညာနိုင်ငံသား “ဒူကန် အိုကင်ဒို” ဆိုသူဟာ ဘန်ကောက်မြို့မှာ ဖောက်သည်ဝန်ဆောင်မှု ပေးတဲ့ အလုပ်နဲ့ လစာကောင်းကောင်း ရရှိမယ်လို့ အရှေ့တောင်အာရှသို့ ဖြားယောင်းခေါ်ယူခြင်း ခံခဲ့ရကြောင်း၊ ဒါပေမယ့် ရောက် ရောက်ချင်း ပြန်ပေးဆွဲခံရပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တရားမဝင် ခြံဝင်းတစ်ခုထဲသို့မှာ အလုပ်လုပ်ရန် အတင်းအကြပ် ဖိအားပေး ခိုင်းစေခံခဲ့ရတယ်လို့ ပြောပါတယ်။
(မြဝတီမြို့တောင်ဘက်- လေးကေကော်) KK Park တိုက်ခန်းတွဲတစ်ခုမှာ လက်နက်ကိုင် အစောင့်အကြပ်များ နဲ့ ၄-လကြာ အချိန်ကုန်ဆုံးခဲ့ရကြောင်း၊ ဒက်စတော့ကွန်ပြူတာကြီးများကို အသုံးပြုပြီး ကျယ်ပြန့်တဲ့ လိမ်လည် မှုအမျိုးမျိုးမှာ ဖိအားပေးခံရသူ လူရာချီတို့နဲ့ စက်ရုံကြီးတစ်ခုလို လည်ပတ်နေတယ်လို့ အသက် ၂၆-နှစ်အရွယ် အိုကင်ဒိုက ပြောပါတယ်။ အလုပ်လုပ်ကြသူတွေဟာ ဆွဲဆောင်မှုရှိတဲ့ မက်ဆေ့ချ်များရေးဆွဲရန်၊ ခရစ်ပ်တိုကာ ရင်စီ ငွေကြေးအတုများနဲ့ အမေရိကန်လူမျိုးများကို အယုံသွင်း လိမ်လည်ရန်အတွက် အခမဲ့ ChatGPT ဗားရှင်း ကို ပုံမှန်အသုံးပြုလေ့ရှိကြောင်း ရိုက်တာကို ပြောပြပါတယ်။
အဲ့ဒီသူတွေကို တစ်ဖက်သားရဲ့ ငွေကြေးကို အပိုင်လိမ်မယူမီ စိတ်ရှည်ရှည် အယုံသွင်းတဲ့ “ကျားဖျန့်” လို့ လူ သိများပါတယ်။ ခရစ်ပ်တိုကာရင်စီများနဲ့ ရင်းနှီးမြှုပ်နှံရင် အကျိုးအမြတ်အလွန်များတယ်လို့ သွေးဆောင်ရာမှာ အမေရိကန်အိမ်ခြံမြေ အေးဂျင့်များကို ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။ Zillow.com အပါအဝင် ဖောက်သည် ကြော်ငြာပေးတဲ့ ပလက်ဖောင်းများအတွင်း မွှေနှောက်ပြီး တက္ကဆက်မှ မွေးမြူရေးခြံများ သို့မဟုတ် အလာ ဘားမားမှ ပဲပုပ်စိုက်ပျိုးသူများတို့လို လက်ထဲ ငွေရွှင်သူတွေထံ ချဉ်းကပ်လေ့ရှိကြောင်း၊ ခရစ်ပ်တိုငွေကြေး သို့မ ဟုတ် အိမ်ယာဈေးကွက်များအကြောင်း စုံစမ်းမေးမြန်းတဲ့အခါ ဒေသဆိုင်ရာအသုံးအနှုန်းများနဲ့ နည်းပညာ ဆိုင်ရာအဖြေများကို ChatGPT က အဆင်ပြေပြေ ဖန်တီးပေးခဲ့ပြီး ပိုက်ဆံတွေ အလုံးအရင်းနဲ့ ရရှိခဲ့ကြောင်း သိရှိရပါတယ်။
အိုကင်ဒိုပြောပြတဲ့ အသေးစိတ်အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ HAART Kenya ခေါ် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ကိုယ်စားလှယ်တစ်ဦးကတော့ အိုကင်ဒိုဟာ ကျားဖျန့်စင်တာများမှ ယခုနှစ် စောစောပိုင်း လွတ်မြောက်လာသူ ကင်ညာနိုင်ငံသားများအနက် တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။ အိုကင်ဒို ပြောသမျှအားလုံးကို အတိုချုပ်လိုက်ရင် ရိုက်တာက အင်တာဗျူးခဲ့တဲ့ အခြားအတင်းအမ္မခိုင်းစေခံရသူတို့ရဲ့ ပြောပြတဲ့အတိုင်းပဲ ဖြစ်နေပါတယ်။
ဉာဏ်ရည်တု နည်းပညာကုမ္ပဏီပိုင်ရှင် Open AI ကတော့ ChatGPT နဲ့ ကျားဖျန့်ကို ခွဲခြား ရှုမြင်သင့်ကြောင်း သူတို့ရဲ့ ChatGPT မော်ဒယ်ကို အသုံးပြုပြီး လိမ်လည်မှုများကို စောင့်ကြည့် တားဆီးဖို့ အားတက်သရော လုပ် ဆောင်နေကြောင်း ပြောပါတယ်။ ဒါပေမယ့် အထိရောက်ဆုံး လိမ်လည်ရာမှာ ChatGPT ကို အသုံးအများ ဆုံး ဖြစ်တယ်ဆိုတဲ့ အိုကင်ဒိုပြောဆိုချက်ကို မှတ်ချက်ပေးရန် ငြင်းဆိုပါတယ်။
အိုကင်ဒိုဟာ သူတို့လုပ်ကိုင်ခဲ့ရတဲ့ အလုပ်ရဲ့ အခြေအနေများနဲ့ အကြမ်းဖက်ခံရမှုများကိုလည်း ဖွင့်ချခဲ့ပါတယ်။ ပစ်မှတ်ထားတဲ့အလုပ် မအောင်မြင်တဲ့ အလုပ်သမားတွေဟာ အရှက်ရအောင် လုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းခြင်း၊ လျှပ်စစ်နံပါတ်တုတ်များဖြင့် ရှော့တိုက်ခံရခြင်း၊ ရိုက်နှက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နှိပ်စက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း၊ အကြီးအကျယ်အောင်မြင်တဲ့အခါ ဂုဏ်ပြုကြောင်း ဗုံတီးခိုင်းခြင်းဖြင့် ပျော်ရွင်လေဟန် အတင်းအကြပ် ခိုင်းစေလေ့ရှိကြောင်း။ တစ်နေ့လျင် အနည်းဆုံး ဖောက်သည် ၁၀-ဦးနဲ့ ချိတ်ဆက် မပြတ် ရှိနေဖို့ ထိန်းထားရပြီး ၂-ဦးက ငွေပေးသွင်းအောင် စည်းရုံးဖို့ ကြီးကြပ်ရေးမှူးများက နေ့စဉ် ခွဲတမ်းသတ် ၏မှတ်ပေးကြောင်း၊ ဘယ်နေရာမှာ ဘယ်လို လိမ်ရမယ်ဆိုတဲ့အကြောင်း ရက်သတ္တ တစ်ပတ်လျင် တစ်ကြိမ် လမ်းညွှန်ဇာတ်ညွှန်း ပေးလေ့ရှိကြောင်း၊
ပြီးခဲ့တဲ့ ဧပြီလ KK Park နဲ့ အလားတူ စက်ရုံများကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်တဲ့အခါ လူ ဖမ်းသမားများက အလုပ်သမားအချို့ကို ပြန်လွှတ်ပေးဖို့ ဖြစ်လာပါတယ်။ အိုကင်ဒိုလည်း နာမည်အမဲစက်နဲ့ ကင်ညာနိုင်ငံကို ပြန်ရောက်သွားပါတယ်။ ယခုအခါ သူဟာ ဇာတိရပ်ရွာမှာ လူအများရဲ့ “ရွံကြောက်ကြီး” ဖြစ် ပြီး တံတွေးခွက် ပက်လက်မျောနေရကြောင်း၊ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပေမယ့် ကျားဖျန့်နဲ့ပေါင်းပြီး လိမ်စားတယ်လို့ ယူဆသူများက ဖုန်းဆက်ပြီး အမျိုးမျိုး ခြိမ်းခြောက်နေကြတယ်လို့ ပြောပါတယ်။
ကျားဖျန့်တို့က လိမ်လည်ရာမှာ ChatGPT ကို အဓိက အသုံးပြုလေ့ရှိတယ်လို့ ပြောဆိုသူ အခြား အမည်မသိ မြန်မာနှစ်ဦးနဲ့လည်း ရိုက်တာက တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။ သူတို့ထဲမှ တစ်ဦးဟာ ၂၀၂၂-ခု နှစ်မှာ ကျားဖျန့်လုပ်ဖို့ အတင်းအကြပ်ခိုင်းစေခံရပြီး ChatGPT မော်ဒယ်ကို ပထမဆုံး စတင်အသုံးပြုခဲ့ကြောင်း၊ အ ထူးသဖြင့် အွန်လိုင်းက “အီစီကလီ” လုပ်၊ သံယောဇဉ် ဖြစ်လေဟန် လိမ်လည်ပြီး ပိုက်ဆံငွေညှစ်ယူလေ့ရှိတဲ့ “ရိုမန့်တစ် ကျားဖျန့်” ကိစ္စမျိုးမှာဖြစ်ကြောင်း၊ အနုအရွ ကဗျာများ-စိတ်လှုပ်ရှားဖွယ် မက်ဆေ့ချ်များဖြင့် သား ကောင် အတော်များများကို တစ်ပြိုင်နက်တည်း သွေးဆောင်နိုင်ကြောင်း၊ ဉာဏ်ရည်တု စက်ရုပ်က ရေးသား ပေးတဲ့ စည်းရုံးနိုင်စွမ်းအပြည့် စာသားတွေဟာ သားကောင်ခမျာ ပြောသမျှယုံပြီး ပုံကျသွားအောင် ဖြစ်စေခဲ့ တယ်လို့ ပြောပြပါတယ်။
.

Zawgyi Version:
ထိုင္းနယ္စပ္ က်ားဖ်န႔္တို႔ လိမ္လည္ရာတြင္ Chat GPT ကို အသုံးျပဳေန
#HtayOung #OungMarine(NP News)-စက္တင္ဘာ-၁၉
အာရွတစ္ခြင္ လိမ္လည္ရာမွာ ထိုင္းနယ္စပ္ က်ားဖ်န႔္တို႔က Chat GPT ကို အသုံးျပဳေနတယ္လို ကိုယ္တိုင္ ႀကဳံ ေတြ႕ခဲ့ရသူတစ္ဦးရဲ႕ အျဖစ္မွန္ကို ႐ိုက္တာသတင္းေအဂ်င္စီ (15 September 2025) က ေရးပါတယ္။
ကင္ညာႏိုင္ငံသား “ဒူကန္ အိုကင္ဒို” ဆိုသူဟာ ဘန္ေကာက္ၿမိဳ႕မွာ ေဖာက္သည္ဝန္ေဆာင္မႈ ေပးတဲ့ အလုပ္နဲ႔ လစာေကာင္းေကာင္း ရရွိမယ္လို႔ အေရွ႕ေတာင္အာရွသို႔ ျဖားေယာင္းေခၚယူျခင္း ခံခဲ့ရေၾကာင္း၊ ဒါေပမယ့္ ေရာက္ ေရာက္ခ်င္း ျပန္ေပးဆြဲခံရၿပီး ျမန္မာ-ထိုင္းနယ္စပ္ရွိ တရားမဝင္ ၿခံဝင္းတစ္ခုထဲသို႔မွာ အလုပ္လုပ္ရန္ အတင္းအၾကပ္ ဖိအားေပး ခိုင္းေစခံခဲ့ရတယ္လို႔ ေျပာပါတယ္။
(ျမဝတီၿမိဳ႕ေတာင္ဘက္- ေလးေကေကာ္) KK Park တိုက္ခန္းတြဲတစ္ခုမွာ လက္နက္ကိုင္ အေစာင့္အၾကပ္မ်ား နဲ႔ ၄-လၾကာ အခ်ိန္ကုန္ဆုံးခဲ့ရေၾကာင္း၊ ဒက္စေတာ့ကြန္ျပဴတာႀကီးမ်ားကို အသုံးျပဳၿပီး က်ယ္ျပန႔္တဲ့ လိမ္လည္ မႈအမ်ိဳးမ်ိဳးမွာ ဖိအားေပးခံရသူ လူရာခ်ီတို႔နဲ႔ စက္႐ုံႀကီးတစ္ခုလို လည္ပတ္ေနတယ္လို႔ အသက္ ၂၆-ႏွစ္အ႐ြယ္ အိုကင္ဒိုက ေျပာပါတယ္။ အလုပ္လုပ္ၾကသူေတြဟာ ဆြဲေဆာင္မႈရွိတဲ့ မက္ေဆ့ခ်္မ်ားေရးဆြဲရန္၊ ခရစ္ပ္တိုကာ ရင္စီ ေငြေၾကးအတုမ်ားနဲ႔ အေမရိကန္လူမ်ိဳးမ်ားကို အယုံသြင္း လိမ္လည္ရန္အတြက္ အခမဲ့ ChatGPT ဗားရွင္း ကို ပုံမွန္အသုံးျပဳေလ့ရွိေၾကာင္း ႐ိုက္တာကို ေျပာျပပါတယ္။
အဲ့ဒီသူေတြကို တစ္ဖက္သားရဲ႕ ေငြေၾကးကို အပိုင္လိမ္မယူမီ စိတ္ရွည္ရွည္ အယုံသြင္းတဲ့ “က်ားဖ်န႔္” လို႔ လူ သိမ်ားပါတယ္။ ခရစ္ပ္တိုကာရင္စီမ်ားနဲ႔ ရင္းႏွီးျမႇဳပ္ႏွံရင္ အက်ိဳးအျမတ္အလြန္မ်ားတယ္လို႔ ေသြးေဆာင္ရာမွာ အေမရိကန္အိမ္ၿခံေျမ ေအးဂ်င့္မ်ားကို ပစ္မွတ္ထားတယ္လို႔ ဆိုပါတယ္။ Zillow.com အပါအဝင္ ေဖာက္သည္ ေၾကာ္ျငာေပးတဲ့ ပလက္ေဖာင္းမ်ားအတြင္း ေမႊေႏွာက္ၿပီး တကၠဆက္မွ ေမြးျမဴေရးၿခံမ်ား သို႔မဟုတ္ အလာ ဘားမားမွ ပဲပုပ္စိုက္ပ်ိဳးသူမ်ားတို႔လို လက္ထဲ ေငြ႐ႊင္သူေတြထံ ခ်ဥ္းကပ္ေလ့ရွိေၾကာင္း၊ ခရစ္ပ္တိုေငြေၾကး သို႔မ ဟုတ္ အိမ္ယာေဈးကြက္မ်ားအေၾကာင္း စုံစမ္းေမးျမန္းတဲ့အခါ ေဒသဆိုင္ရာအသုံးအႏႈန္းမ်ားနဲ႔ နည္းပညာ ဆိုင္ရာအေျဖမ်ားကို ChatGPT က အဆင္ေျပေျပ ဖန္တီးေပးခဲ့ၿပီး ပိုက္ဆံေတြ အလုံးအရင္းနဲ႔ ရရွိခဲ့ေၾကာင္း သိရွိရပါတယ္။
အိုကင္ဒိုေျပာျပတဲ့ အေသးစိတ္အခ်က္အလက္မ်ားကို သီးျခားအတည္ျပဳႏိုင္ျခင္း မရွိပါ။ HAART Kenya ေခၚ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအဖြဲ႕ ကိုယ္စားလွယ္တစ္ဦးကေတာ့ အိုကင္ဒိုဟာ က်ားဖ်န႔္စင္တာမ်ားမွ ယခုႏွစ္ ေစာေစာပိုင္း လြတ္ေျမာက္လာသူ ကင္ညာႏိုင္ငံသားမ်ားအနက္ တစ္ဦးျဖစ္တယ္လို႔ ေျပာပါတယ္။ အိုကင္ဒို ေျပာသမွ်အားလုံးကို အတိုခ်ဳပ္လိုက္ရင္ ႐ိုက္တာက အင္တာဗ်ဴးခဲ့တဲ့ အျခားအတင္းအမၼခိုင္းေစခံရသူတို႔ရဲ႕ ေျပာျပတဲ့အတိုင္းပဲ ျဖစ္ေနပါတယ္။
ဉာဏ္ရည္တု နည္းပညာကုမၸဏီပိုင္ရွင္ Open AI ကေတာ့ ChatGPT နဲ႔ က်ားဖ်န႔္ကို ခြဲျခား ရႈျမင္သင့္ေၾကာင္း သူတို႔ရဲ႕ ChatGPT ေမာ္ဒယ္ကို အသုံးျပဳၿပီး လိမ္လည္မႈမ်ားကို ေစာင့္ၾကည့္ တားဆီးဖို႔ အားတက္သေရာ လုပ္ ေဆာင္ေနေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ အထိေရာက္ဆုံး လိမ္လည္ရာမွာ ChatGPT ကို အသုံးအမ်ား ဆုံး ျဖစ္တယ္ဆိုတဲ့ အိုကင္ဒိုေျပာဆိုခ်က္ကို မွတ္ခ်က္ေပးရန္ ျငင္းဆိုပါတယ္။
အိုကင္ဒိုဟာ သူတို႔လုပ္ကိုင္ခဲ့ရတဲ့ အလုပ္ရဲ႕ အေျခအေနမ်ားနဲ႔ အၾကမ္းဖက္ခံရမႈမ်ားကိုလည္း ဖြင့္ခ်ခဲ့ပါတယ္။ ပစ္မွတ္ထားတဲ့အလုပ္ မေအာင္ျမင္တဲ့ အလုပ္သမားေတြဟာ အရွက္ရေအာင္ လုပ္ျခင္းျဖင့္ စိတ္ပိုင္းဆိုင္ရာ ညႇင္းပန္းျခင္း၊ လွ်ပ္စစ္နံပါတ္တုတ္မ်ားျဖင့္ ေရွာ့တိုက္ခံရျခင္း၊ ႐ိုက္ႏွက္ျခင္းျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ ျပင္းထန္စြာ ႏွိပ္စက္ျခင္းမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း၊ အႀကီးအက်ယ္ေအာင္ျမင္တဲ့အခါ ဂုဏ္ျပဳေၾကာင္း ဗုံတီးခိုင္းျခင္းျဖင့္ ေပ်ာ္႐ြင္ေလဟန္ အတင္းအၾကပ္ ခိုင္းေစေလ့ရွိေၾကာင္း။ တစ္ေန႔လ်င္ အနည္းဆုံး ေဖာက္သည္ ၁၀-ဦးနဲ႔ ခ်ိတ္ဆက္ မျပတ္ ရွိေနဖို႔ ထိန္းထားရၿပီး ၂-ဦးက ေငြေပးသြင္းေအာင္ စည္း႐ုံးဖို႔ ႀကီးၾကပ္ေရးမႉးမ်ားက ေန႔စဥ္ ခြဲတမ္းသတ္ ၏မွတ္ေပးေၾကာင္း၊ ဘယ္ေနရာမွာ ဘယ္လို လိမ္ရမယ္ဆိုတဲ့အေၾကာင္း ရက္သတၱ တစ္ပတ္လ်င္ တစ္ႀကိမ္ လမ္းၫႊန္ဇာတ္ၫႊန္း ေပးေလ့ရွိေၾကာင္း၊
ၿပီးခဲ့တဲ့ ဧၿပီလ KK Park နဲ႔ အလားတူ စက္႐ုံမ်ားကို ထိုင္းႏိုင္ငံဘက္က လွ်ပ္စစ္မီးျဖတ္ေတာက္တဲ့အခါ လူ ဖမ္းသမားမ်ားက အလုပ္သမားအခ်ိဳ႕ကို ျပန္လႊတ္ေပးဖို႔ ျဖစ္လာပါတယ္။ အိုကင္ဒိုလည္း နာမည္အမဲစက္နဲ႔ ကင္ညာႏိုင္ငံကို ျပန္ေရာက္သြားပါတယ္။ ယခုအခါ သူဟာ ဇာတိရပ္႐ြာမွာ လူအမ်ားရဲ႕ “႐ြံေၾကာက္ႀကီး” ျဖစ္ ၿပီး တံေတြးခြက္ ပက္လက္ေမ်ာေနရေၾကာင္း၊ ေငြေၾကးအခက္အခဲနဲ႔ ရင္ဆိုင္ေနရေပမယ့္ က်ားဖ်န႔္နဲ႔ေပါင္းၿပီး လိမ္စားတယ္လို႔ ယူဆသူမ်ားက ဖုန္းဆက္ၿပီး အမ်ိဳးမ်ိဳး ၿခိမ္းေျခာက္ေနၾကတယ္လို႔ ေျပာပါတယ္။
က်ားဖ်န႔္တို႔က လိမ္လည္ရာမွာ ChatGPT ကို အဓိက အသုံးျပဳေလ့ရွိတယ္လို႔ ေျပာဆိုသူ အျခား အမည္မသိ ျမန္မာႏွစ္ဦးနဲ႔လည္း ႐ိုက္တာက ေတြ႕ဆုံေမးျမန္းခြင့္ ရရွိခဲ့ပါတယ္။ သူတို႔ထဲမွ တစ္ဦးဟာ ၂၀၂၂-ခု ႏွစ္မွာ က်ားဖ်န႔္လုပ္ဖို႔ အတင္းအၾကပ္ခိုင္းေစခံရၿပီး ChatGPT ေမာ္ဒယ္ကို ပထမဆုံး စတင္အသုံးျပဳခဲ့ေၾကာင္း၊ အ ထူးသျဖင့္ အြန္လိုင္းက “အီစီကလီ” လုပ္၊ သံေယာဇဥ္ ျဖစ္ေလဟန္ လိမ္လည္ၿပီး ပိုက္ဆံေငြညႇစ္ယူေလ့ရွိတဲ့ “႐ိုမန႔္တစ္ က်ားဖ်န႔္” ကိစၥမ်ိဳးမွာျဖစ္ေၾကာင္း၊ အႏုအ႐ြ ကဗ်ာမ်ား-စိတ္လႈပ္ရွားဖြယ္ မက္ေဆ့ခ်္မ်ားျဖင့္ သား ေကာင္ အေတာ္မ်ားမ်ားကို တစ္ၿပိဳင္နက္တည္း ေသြးေဆာင္ႏိုင္ေၾကာင္း၊ ဉာဏ္ရည္တု စက္႐ုပ္က ေရးသား ေပးတဲ့ စည္း႐ုံးႏိုင္စြမ္းအျပည့္ စာသားေတြဟာ သားေကာင္ခမ်ာ ေျပာသမွ်ယုံၿပီး ပုံက်သြားေအာင္ ျဖစ္ေစခဲ့ တယ္လို႔ ေျပာျပပါတယ္။
.