အမေရိကန်၊ အော်လန်ဒိုရှိ Epic Universe အပန်းဖြေဥယျာဉ်မှာ ရိုလာကိုစတာစီးနေရင်း အမျိုးသားတစ်ဦး သေဆုံး

178
ရောင်နီ (NP News) - စက်တင်ဘာ ၂ဝ
စက်တင်ဘာ ၁၇ ရက် ညက အမေရိကန်နိုင်ငံ၊ အော်လန်ဒိုရှိ Epic Universe အပန်းဖြေဥယျာဉ်အသစ်မှာ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ရိုလာကိုစတာစီးရင်း သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၁၈ ရက်မှာ ပြောကြားပါတယ်။
သေဆုံးသူ အမျိုးသားဟာ မစ္စတာကယ်ဗင်ရိုဒရီဂတ်စ်ဇာဗာလာလို့ သိရပြီး သေဆုံးရခြင်းအကြောင်းအရင်း ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ ၎င်းဟာ Epic Universe ရဲ့အရှည်ဆုံး ရိုလာကိုစတာ ဖြစ်တဲ့ Stardust Racers ကို စီးခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ပန်းခြံကို စက်တင်ဘာ ၁၈ ရက်က Stardust Racers စီးနင်းခွင့်ပိတ်ထားခဲ့ရပါတယ်။
Orange County Sheriff's Office ကလည်း စက်တင်ဘာ ၁၈ ရက် နံနက်ကစ လူသေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ သိရပါတယ်။ Stardust Racers ဟာ ၁.၅ ကီလိုမီတာရှည်ပြီး ၄၀.၅ မီတာ အထိမြင့်တဲ့ ရိုလာကိုစတာတစ်ခု ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် သုံးစွဲခဲ့ရပြီး အပန်းဖြေဥယျာဉ်ရဲ့ ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။
Zawgyi Version:
အေမရိကန္၊ ေအာ္လန္ဒိုရွိ Epic Universe အပန္းေျဖဥယ်ာဥ္မွာ ႐ိုလာကိုစတာစီးေနရင္း အမ်ိဳးသားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂ဝ
စက္တင္ဘာ ၁၇ ရက္ ညက အေမရိကန္ႏိုင္ငံ၊ ေအာ္လန္ဒိုရွိ Epic Universe အပန္းေျဖဥယ်ာဥ္အသစ္မွာ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ႐ိုလာကိုစတာစီးရင္း ေသဆုံးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက စက္တင္ဘာ ၁၈ ရက္မွာ ေျပာၾကားပါတယ္။
ေသဆုံးသူ အမ်ိဳးသားဟာ မစၥတာကယ္ဗင္႐ိုဒရီဂတ္စ္ဇာဗာလာလို႔ သိရၿပီး ေသဆုံးရျခင္းအေၾကာင္းအရင္း ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိပါဘူး။ ၎ဟာ Epic Universe ရဲ႕အရွည္ဆုံး ႐ိုလာကိုစတာ ျဖစ္တဲ့ Stardust Racers ကို စီးခဲ့တယ္လို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ပန္းၿခံကို စက္တင္ဘာ ၁၈ ရက္က Stardust Racers စီးနင္းခြင့္ပိတ္ထားခဲ့ရပါတယ္။
Orange County Sheriff's Office ကလည္း စက္တင္ဘာ ၁၈ ရက္ နံနက္ကစ လူေသဆုံးမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈ စတင္ခဲ့တယ္လို႔ သိရပါတယ္။ Stardust Racers ဟာ ၁.၅ ကီလိုမီတာရွည္ၿပီး ၄၀.၅ မီတာ အထိျမင့္တဲ့ ႐ိုလာကိုစတာတစ္ခု ျဖစ္ပါတယ္။ အေမရိကန္ေဒၚလာ ၇ ဘီလီယံခန႔္ သုံးစြဲခဲ့ရၿပီး အပန္းေျဖဥယ်ာဥ္ရဲ႕ ဆြဲေဆာင္မႈတစ္ခုလည္း ျဖစ္ပါတယ္။